တစ်နှစ်တာအတွင်း ထိပ်တန်းရှာဖွေမှုတွေအကြောင်း ဖွင့်ဟပြခဲ့တဲ့ Google

0
805

[Unicode]

Google ရဲ့တစ်နှစ်တာအတွင်း ထိပ်တန်းရှာဖွေမှုတွေကိုကြည့်ရတာ အင်တာနက်ရဲ့ စိတ်ဝင်စားမှုတွေကို scrapbook လေးတစ်ခုနဲ့မြင်ရတဲ့အတိုင်းပါပဲ။ သူတို့ရဲ့နှစ်စဉ်ထုတ်ပြန်လေ့ရှိတဲ့ “Year in Search” ကတော့ အကျိုးသက်ရောက်မှုအများဆုံး ဆယ်လီတွေ၊ သတင်းတွေ၊ 2019 ရဲ့ ရေစီးကြောင်းတွေ ပါဝင်နေပါတယ်။ အမေရိကကို ပထမဆုံးရောက်လာခဲ့တဲ့ TikTok ကတော့ meme တွေကို အသစ်မွေးဖွားစေခဲ့တယ်။
သူ့ရဲ့လွှမ်းမိုးမှုကြောင့် အရှာခံရဆုံးသီချင်းက Lil Nas X ရဲ့ “Old Town Road” ဖြစ်လာပါတယ်။ အဲဒီမတိုင်ခင်မှာလည်း Billboard Hot 100 မှာ နံပါတ်တစ်ကို အကြာကြီးရှိနေခဲ့ပြီးတော့ ဂရမ်မီခြောက်ခုလောက် ဆန်ကာတင်ဝင်ခဲ့ပါသေးတယ်။ TikTok ဗွီဒီယိုထဲမှာ ရာပေါင်းထောင်ချီတဲ့သုံးစွဲသူတွေက အဲဒီသီချင်းနဲ့ ကခဲ့ကြပါတယ်။
၂၀၁၈သြဂုတ်လမှာထွက်ရှိခဲ့တဲ့ TikTok ဟဟာ ၁.၅ဘီလျံလောက် ဒေါင်းလုတ်ဆွဲခံရပြီးတော့ app chart ထိပ်ဆုံးမှာ ရောက်ခဲ့သလို Google search မှာလည်း ရောက်လာခဲ့ပါပြီ။ Instagram နဲ့ Snapchat တို့ကိုတောင် ပြိုင်တော့မယ်လို့ပြောနေပါတယ်။
အားလုံးသိချင်နေတဲ့နည်းပညာပိုင်းမှာကတော့ မကြာသေးခင်ကထွက်ရှိခဲ့တဲ့ iPhone 11 ဟဟာ top ten Google searches of 2019 မှာ ဝင်ရောက်လာတဲ့ တစ်ခုတည်းသော gadget ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ စမတ်ဖုန်းတွေဘယ်လောက်ပဲ ပေါများနေပါစေ လွှမ်းမိုးထားနိုင်ဆဲဖြစ်တဲ့ Apple စွမ်းပကားကို မြင်တွေ့ရမှာပါ။ Disney+ ကလည်း ထိပ်တန်းစာရင်းမှာ ပါဝင်ခဲ့ပါတယ်။
2019 ဟာ meme အတော်များများကို လက်တွေ့ဖြစ်အောင်လုပ်နိုင်ခဲ့တဲ့နှစ်ဆိုတော့လည်း Area 51 ဟာ ပါဝင်နေမယ်ဆိုတာ သိနေကြမှာပါ။ အမျိုးအစားလေးခုမှာ top-1o list ဝင်ခဲ့တယ်နော်။ ထိပ်တန်းသတင်းရှာဖွေမှုမှာလည်း ပါနေခဲ့တာ အံ့အားသင့်စရာတစ်ခုပါ။ joke Facebook event “Storm Area 51, They Can’t Stop All of Us” ကလည်း ပြီးခဲ့တဲ့နွေမှာ ဟစ်ဖြစ်ခဲ့ပေမယ့်လည်း လူပေါင်း ၁၀၀လောက်ကိုသာ ဆွဲဆောင်နိုင်ခဲ့တယ်။
Google ရဲ့ “Year in Search” ထဲမှာ စိတ်ဝင်စားဖို့အကောင်းဆုံးကတော့ အမေးများဆုံးမေးခွန်းစာရင်းပါ။ 2019 တစ်နှစ်လုံးမှာ အချိန်ပေးပြီးရှာဖွေမှုအများဆုံးလို့ သတ်မှတ်ခြင်းခံရတဲ့မေးခွန်းတွေပေါ့။
“What is quid pro quo”
“What is a boomer”
“What is Bird Box about”
ဒီတစ်ခုကိုတော့ သဘောတူကြမယ်ထင်ပါတယ်။
“What is momo”

[Zawgyi]

Google ရဲ႕တစ္ႏွစ္တာအတြင္း ထိပ္တန္းရွာေဖြမႈေတြကိုၾကည့္ရတာ အင္တာနက္ရဲ႕ စိတ္၀င္စားမႈေတြကို scrapbook ေလးတစ္ခုနဲ႕ျမင္ရတဲ့အတုိင္းပါပဲ။ သူတို႕ရဲ႕ႏွစ္စဥ္ထုတ္ျပန္ေလ့ရွိတဲ့ “Year in Search” ကေတာ့ အက်ိဳးသက္ေရာက္မႈအမ်ားဆံုး ဆယ္လီေတြ၊ သတင္းေတြ၊ 2019 ရဲ႕ ေရစီးေၾကာင္းေတြ ပါ၀င္ေနပါတယ္။ အေမရိကကို ပထမဆံုုးေရာက္လာခဲ့တဲ့ TikTok ကေတာ့ meme ေတြကို အသစ္ေမြးဖြားေစခဲ့တယ္။
သူ႕ရဲ႕လႊမ္းမိုးမႈေၾကာင့္ အရွာခံရဆံုးသီခ်င္းက Lil Nas X ရဲ႕ “Old Town Road” ျဖစ္လာပါတယ္။ အဲဒီမတုိင္ခင္မွာလည္း Billboard Hot 100 မွာ နံပါတ္တစ္ကို အၾကာၾကီးရွိေနခဲ့ျပီးေတာ့ ဂရမ္မီေျခာက္ခုေလာက္ ဆန္ကာတင္၀င္ခဲ့ပါေသးတယ္။ TikTok ဗြီဒီယိုထဲမွာ ရာေပါင္းေထာင္ခ်ီတဲ့သံုးစြဲသူေတြက အဲဒီသီခ်င္းနဲ႕ ကခဲ့ၾကပါတယ္။
၂၀၁၈ၾသဂုတ္လမွာထြက္ရွိခဲ့တဲ့ TikTok ဟဟာ ၁.၅ဘီလ်ံေလာက္ ေဒါင္းလုတ္ဆြဲခံရျပီးေတာ့ app chart ထိပ္ဆံုးမွာ ေရာက္ခဲ့သလို Google search မွာလည္း ေရာက္လာခဲ့ပါျပီ။ Instagram နဲ႕ Snapchat တုိ႕ကိုေတာင္ ျပိဳင္ေတာ့မယ္လို႕ေျပာေနပါတယ္။
အားလံုးသိခ်င္ေနတဲ့နည္းပညာပိုင္းမွာကေတာ့ မၾကာေသးခင္ကထြက္ရွိိခဲ့တဲ့ iPhone 11 ဟဟာ top ten Google searches of 2019 မွာ ၀င္ေရာက္လာတဲ့ တစ္ခုတည္းေသာ gadget ျဖစ္ပါတယ္။ ေစ်းကြက္ထဲမွာ စမတ္ဖုန္းေတြဘယ္ေလာက္ပဲ ေပါမ်ားေနပါေစ လႊမ္းမိုးထားႏုိင္ဆဲျဖစ္တဲ့ Apple စြမ္းပကားကို ျမင္ေတြ႕ရမွာပါ။ Disney+ ကလည္း ထိပ္တန္းစာရင္းမွာ ပါ၀င္ခဲ့ပါတယ္။
2019 ဟာ meme အေတာ္မ်ားမ်ားကို လက္ေတြ႕ျဖစ္ေအာင္လုပ္ႏုိင္ခဲ့တဲ့ႏွစ္ဆိုေတာ့လည္း Area 51 ဟာ ပါ၀င္ေနမယ္ဆိုတာ သိေနၾကမွာပါ။ အမ်ိဳးအစားေလးခုမွာ top-1o list ၀င္ခဲ့တယ္ေနာ္။ ထိပ္တန္းသတင္းရွာေဖြမႈမွာလည္း ပါေနခဲ့တာ အံ့အားသင့္စရာတစ္ခုပါ။ joke Facebook event “Storm Area 51, They Can’t Stop All of Us” ကလည္း ျပီးခဲ့တဲ့ေႏြမွာ ဟစ္ျဖစ္ခဲ့ေပမယ့္လည္း လူေပါင္း ၁၀၀ေလာက္ကိုသာ ဆြဲေဆာင္ႏုိင္ခဲ့တယ္။
Google ရဲ႕ “Year in Search” ထဲမွာ စိတ္၀င္စားဖို႕အေကာင္းဆံုးကေတာ့ အေမးမ်ားဆံုးေမးခြန္းစာရင္းပါ။ 2019 တစ္ႏွစ္လံုးမွာ အခ်ိန္ေပးျပီးရွာေဖြမႈအမ်ားဆံုးလို႕ သတ္မွတ္ျခင္းခံရတဲ့ေမးခြန္းေတြေပါ့။
“What is quid pro quo”
“What is a boomer”
“What is Bird Box about”
ဒီတစ္ခုကိုေတာ့ သေဘာတူၾကမယ္ထင္ပါတယ္။
“What is momo”

Ref : gizmodo

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.