Apple Pro Display XDR ကို iMac Pro နဲ့တွဲသုံးလို့ရပါတယ်

0
569

[Unicode]

Pro Display XDR နဲ့ ဘယ် Mac တွေက ကိုက်ညီသလဲဆိုတာကို မျှဝေပေးခဲ့ပါတယ်။ ဒါပေမယ့် iMac Pro ကတော့ အဲဒီစာရင်းထဲမှာ မပါဝင်နေပါဘူး။ ကျွန်တော်တို့ဒီနေ့မှာ အတည်ပြုပေးချင်တာကတော့ သုံးလို့ရပါတယ်။ ဒါပေမယ့် ကန့်သတ်ချက်တော့ ရှိနေတယ်ဆိုတဲ့အကြောင်းပါ။
Pro Display XDR Display ရဲ့ နည်းပညာအချက်အလက်တွေထဲမှာ Apple ဟာ Macs အနည်းကသာ 32-inch 6K display နဲ့တွဲသုံးနိုင်တယ်လို့ ပြောထားပါတယ်။ အဲဒီစာရင်းထဲမှာတော့ 2019 iMacs, 16-inch MacBook Pro, 2018 15-inch MacBook Pro (Blackmagic eGPUတွဲထားတဲ့ Thunderbolt 3 Mac တွေ) တို့ပါဝင်နေပါတယ်။


Thomas Grove Carter ကတော့ Mac Pro အသစ်နဲ့ Pro Display XDR ကို စမ်းသပ်သုံးစွဲပြီးတော့ တွစ်တာပေါ်မှာ တင်ခဲ့ပါတယ်။ iMac Pro လေးဟာ professional monitor အသစ်လေးနဲ့ အလုပ်ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း full 6K resolution မရဘဲ 5K အထိသာ ကန့်သတ်ထားတယ်လို့ ပြောပါတယ်။


Pro Display XDR နဲ့ iMac Pro ကို ဘေးချင်းယှဉ်ထားလိုက်ခြင်းက ဘောင်တွေကို မြင်သာသွားစေခဲ့တယ်။
နောက်ထပ်သိချင်ကြမယ်လို့ထင်တာကတော့ Pro Display က iPad Pro နဲ့ အလုပ်လုပ်နိုင်ပါ့မလား။

[Zawgyi]






Ref : 9to5mac

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.