AirPods သည် iPod ရောင်းချမှုကိုကျော်လွန်ပြီးတော့ ယခုကွာတားမှာ ဒေါ်လာ ၄ ဘီလျံအထိရောင်းရနိုင်

0
478

[Unicode]

AirPods ဟာ အားလပ်ရက်ရာသီအတွက် အားခဲထားပြီးတော့ ၂၀၀၇ခုနှစ်မှာ Apple မြင်ခဲ့ရတဲ့ iPod ရဲ့အမြင့်ဆုံးရောင်းအားဖြစ်တဲ့ ဒေါ်လာ၄ဘီလျံအမြတ်ငွေကို မကြာမီကျော်ဖြတ်လိမ့်မယ်လို့ သုတေသနအသစ်တစ်ခုက ခန့်မှန်းထားပါတယ်။
Asymco ဟာ Apple ရဲ့ Wearable, Home နှင့်အခြားအမျိုးအစားများမှ သုံးလတစ်ကြိမ်ရရှိမယ့်ဝင်ငွေကို ရှာဖွေလေ့လာတဲ့ သုတေသနစာတမ်းကို ဒီနေ့ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက Apple Watchရဲ့ဝင်ငွေ ဒေါ်လာ ၄ ဘီလျံကျော်လွန်ခဲ့ပြီး ၂၀၁၈ ပထမဆုံးကွာတားမှာတော့ AirPods အလှည့်ဖြစ်ခဲ့ပါတယ်။
Asymco ရဲ့ပြောကြားချက်အရ Apple က အရေအတွက်တွေကို မဖော်ပြခဲ့တာမို့ Wearable နဲ့ Home တို့ရဲ့ဝင်ငွေဟာ ဘယ်လောက်ရှိသလဲဆိုတာ၊ ထုတ်ကုန်တစ်ခုစီရဲ့ဝင်ငွေကိုပြောပြဖို့ဆိုတာ ခက်ခဲနေပါတယ်။ ဒါပေမယ့် Watch ရဲ့ဝင်ငွေကိုခန့်မှန်းပြီး စုစုပေါင်းထဲကနေ နုတ်လိုက်ခြင်းအားဖြင့် AirPods အတွက်ခန့်မှန်းချက်ကို ရနိုင်ပါတယ်။
AirPods ဟာ သူတို့အတွက် ကြီးမားတဲ့ထုတ်ကုန်တစ်ခုဖြစ်လာခဲ့ပါတယ်။ စ်ခုတည်းသောရွေးချယ်စရာကတော့ Watch ကို ှစောင့်ကြည့်ပြီးနုတ်ယူပြီးနောက် AirPods ဖြစ်တဲ့ “Non-Watch Wearables & Home” ရဲ့အပိုင်းကိုထပ်မံခန့်မှန်းခြင်းဖြစ်ပါတယ်။
အဲဒီကိန်းဂဏန်းတွေကိုအခြေခံပြီးတော့ AirPods ဟာ လာမယ့်ကွာတားအတွင်းမှာ ဒေါ်လာ၄ဘီလျံအမြင့်ဆုံးဖြစ်တဲ့ iPod ရဲ့ဝင်ငွေကို မီနိုင်မယ်လို့ ခန့်မှန်းချက်ထုတ်ခဲ့တာပါ။ Apple ဟာ တစ်နှစ်ကို Wearables အတွက် ၅၀% တိုးတက်လာမယ်လို့ ခန့်မှန်းထားပါတယ်။
Wearable အတွက် ၅၁%၊ Watch အတွက် ၂၄%တိုးတက်မယ်လို့ မျှော်လင့်တယ်။ Watch ဝင်ငွေ ဒေါ်လာ ၅.၂ဘီလျံ၊ non-Watch ဝင်ငွေ ဒေါ်လာ၅.၇ဘီလျံဆိုတဲ့ ကိန်းဂဏန်းတွေကနေ တွက်ချက်လိုက်တာပါ။ ယူဆကြည့်ရအောင်။ non-Watch-non-AirPods (i.e. Apple TV, HomePod, Beats, iPod, အခြား) ဝင်ငွေ ဒေါ်လာ ၁.၇ဘီလျံ ဖြစ်ရင်တောင် AirPods ဟာ သေချာပေါက် iPod အမြင့်ဆုံးရောင်းအားကို ကျော်နိုင်ပါတယ်။
ပြီးခဲ့တဲ့လတုန်းကလည်း Apple က AirPods Pro ထုတ်လုပ်မှုကို နှစ်ဆတိုးထားကြောင်း Bloomberg က ပြောခဲ့ဖူးပါတယ်။ AirPods ဟာ အားလပ်ရက်ရာသီကို အရင်ကထက် ပိုအားထားနေရကြောင်းကိုလည်း ကျွန်တော်တို့ပြောခဲ့ဖူးပါတယ်။

[Zawgyi]

AirPods ဟာ အားလပ္ရက္ရာသီအတြက္ အားခဲထားျပီးေတာ့ ၂၀၀၇ခုႏွစ္မွာ Apple ျမင္ခဲ့ရတဲ့ iPod ရဲ႕အျမင့္ဆံုးေရာင္းအားျဖစ္တဲ့ ေဒၚလာ၄ဘီလ်ံအျမတ္ေငြကို မၾကာမီေက်ာ္ျဖတ္လိမ့္မယ္လုိ႕ သုေတသနအသစ္တစ္ခုက ခန္႕မွန္းထားပါတယ္။
Asymco ဟာ Apple ရဲ႕ Wearable, Home ႏွင့္အျခားအမ်ိဳးအစားမ်ားမွ သုံးလတစ္ႀကိမ္ရရွိမယ့္၀င္ေငြကို ရွာေဖြေလ့လာတဲ့ သုေတသနစာတမ္းကို ဒီေန႕ထုတ္ျပန္ခဲ့ပါတယ္။ ျပီးခဲ့တဲ့ႏွစ္တုန္းက Apple Watchရဲ႕၀င္ေငြ ေဒၚလာ ၄ ဘီလ်ံေက်ာ္လြန္ခဲ့ၿပီး ၂၀၁၈ ပထမဆံုးကြာတားမွာေတာ့ AirPods အလွည့္ျဖစ္ခဲ့ပါတယ္။
Asymco ရဲ႕ေျပာၾကားခ်က္အရ Apple က အေရအတြက္ေတြကို မေဖာ္ျပခဲ့တာမို႕ Wearable နဲ႕ Home တုိ႕ရဲ႕၀င္ေငြဟာ ဘယ္ေလာက္ရွိသလဲဆိုတာ၊ ထုတ္ကုန္တစ္ခုစီရဲ႕၀င္ေငြကိုေျပာျပဖုိ႕ဆိုတာ ခက္ခဲေနပါတယ္။ ဒါေပမယ့္ Watch ရဲ႕၀င္ေငြကိုခန္႕မွန္းျပီး စုစုေပါင္းထဲကေန ႏုတ္လိုက္ျခင္းအားျဖင့္ AirPods အတြက္ခန္႕မွန္းခ်က္ကို ရႏုိင္ပါတယ္။
AirPods ဟာ သူတို႕အတြက္ ၾကီးမားတဲ့ထုတ္ကုန္တစ္ခုျဖစ္လာခဲ့ပါတယ္။ စ္ခုတည္းေသာေ႐ြးခ်ယ္စရာကေတာ့ Watch ကို ွေစာင့္ၾကည့္ၿပီးႏုတ္ယူၿပီးေနာက္ AirPods ျဖစ္တဲ့ “Non-Watch Wearables & Home” ရဲ႕အပိုင္းကိုထပ္မံခန႔္မွန္းျခင္းျဖစ္ပါတယ္။
အဲဒီကိန္းဂဏန္းေတြကိုအေျခခံျပီးေတာ့ AirPods ဟာ လာမယ့္ကြာတားအတြင္းမွာ ေဒၚလာ၄ဘီလ်ံအျမင့္ဆံုးျဖစ္တဲ့ iPod ရဲ႕၀င္ေငြကို မီႏုိင္မယ္လို႕ ခန္႕မွန္းခ်က္ထုတ္ခဲ့တာပါ။ Apple ဟာ တစ္ႏွစ္ကို Wearables အတြက္ ၅၀% တိုးတက္လာမယ္လို႕ ခန္႕မွန္းထားပါတယ္။
Wearable အတြက္ ၅၁%၊ Watch အတြက္ ၂၄%တိုးတက္မယ္လို႕ ေမွ်ာ္လင့္တယ္။ Watch ၀င္ေငြ ေဒၚလာ ၅.၂ဘီလ်ံ၊ non-Watch ၀င္ေငြ ေဒၚလာ၅.၇ဘီလ်ံဆိုတဲ့ ကိန္းဂဏန္းေတြကေန တြက္ခ်က္လိုက္တာပါ။ ယူဆၾကည့္ရေအာင္။ non-Watch-non-AirPods (i.e. Apple TV, HomePod, Beats, iPod, အျခား) ၀င္ေငြ ေဒၚလာ ၁.၇ဘီလ်ံ ျဖစ္ရင္ေတာင္ AirPods ဟာ ေသခ်ာေပါက္ iPod အျမင့္ဆံုးေရာင္းအားကို ေက်ာ္နုိင္ပါတယ္။
ျပီးခဲ့တဲ့လတုန္းကလည္း Apple က AirPods Pro ထုတ္လုပ္မႈကို နွစ္ဆတိုးထားေၾကာင္း Bloomberg က ေျပာခဲ့ဖူးပါတယ္။ AirPods ဟာ အားလပ္ရက္ရာသီကို အရင္ကထက္ ပိုအားထားေနရေၾကာင္းကိုလည္း ကၽြန္ေတာ္တို႕ေျပာခဲ့ဖူးပါတယ္။

Ref : 9to5mac

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.