လေ့လာမှုအရ vapers များဟာ အဆုတ်ရောဂါဖြစ်ပွားမှုနှုန်းကို ၁.၃ ဆပိုများစေ

0
704
FILE - In this Friday, Oct. 4, 2019, file photo, a man using an electronic cigarette exhales in Mayfield Heights, Ohio. On Tuesday, Nov. 19, 2019, the American Medical Association said it is calling for an immediate ban on all electronic cigarette and vaping devices. (AP Photo/Tony Dejak, File)

[Unicode]

အီလက်ထရောနစ်စီးကရက်ကို တရားဝင်သတ်မှတ်သင့်တယ်ဆိုပြီး ဆွေးနွေးငြင်းခုံမှုတွေ ဆက်လက်ဖြစ်ပေါ်နေတဲ့အတွက်ကြောင့် ကုမ္ပဏီတွေဟာ ပုံမှန်စီးကရက်များသောက်သုံးခြင်းလောက် ကျန်းမာရေးကိုထိခိုက်စေနိုင်သည့်အရာမဟုတ်ဘူးဆိုပြီးတော့ ထုတ်ကုန်ရောင်းချမှုကို တိုးတက်အောင်လုပ်ဆောင်နေကြပါတယ်။ ဒါပေမယ့်လည်း UC San Francisco ရဲ့ သုံးနှစ်တာလေ့လာမှုအသစ်အရ အီလက်ထရောနစ်စီးကရက်သောက်သုံးခြင်းဟာ ပန်းနာရင်ကြပ် ၊ ရင်ကြပ်ရောဂါနှင့် အဆုတ်ရောဂါတွေဖြစ်ပွားမှုနဲ့ ဆက်စပ်မှုရှိနေကြောင်း အဆုတ်ရောဂါအတွက်အန္တရာယ်တစ်ခုဖြစ်ကြောင်း ပြခဲ့ပါတယ်။
“ကျွန်တော်တို့တွေ့ရှိခဲ့တာက အီလက်ထရောနစ်စီးကရက်သုံးစွဲသူတွေအတွက် အဆုတ်ရောဂါဖြစ်ပွားမှုနှုန်းဟာ သူတို့ရဲ့ဆေးရွက်ကြီးသုံးစွဲမှုနဲ့ လူဦး ရေဆိုင်ရာအချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးပြီးနောက်မှာ အဆုတ်ရောဂါဖြစ်ပွားမှုရဲ့ သုံးပုံတစ်ပုံရှိနေတာကိုတွေ့ခဲ့တယ်လို့” ဟုအကြီးတန်းစာရေးဆရာ Stanton Glantz ကပြောကြားခဲ့တာပါ။ အီလက်ထရောနစ်စီးကရက်ဟာ သူတို့ကိုယ်တိုင်ကိုက အန္တရာယ်ဖြစ်စေတယ်လို့ ကျွန်တော်တို့ကောက်ချက်ချထားပြီး ပုံမှန်ဆေးရွက်ကြီးသောက်သုံးမှုအပေါ်မှာ မှီခိုမနေတာကိုတွေ့ရပါတယ်။
သမားရိုးကျစီးကရက်နှင့် vaping နှစ်ခုလုံးကို ပေါင်းစပ်သူတို့မှာတော့ အတော့ကိုအန္တရာယ်များပါတယ်။ သုံးစွဲမှုနှစ်ခုလုံးရဲ့ ဆိုးကျိုးတွေကို ခံစားရစေမှာပါ။ ဒီတော့ ဆေးလိပ်သောက်ခြင်းနဲ့အတူ vaping ဟာ ဆေးလိပ်သောက်ခြင်းထက် အမှန်တကယ်ပိုပြီးတော့ အန္တရာယ်ရှိနေတာပါ။
ဆေးရွက်ကြီးသုံးစွဲမှုကိုလျှော့ချဖို့ နည်းလမ်းတစ်ခုအဖြစ်နဲ့ ဈေးကွက်တင်ခဲ့တဲ့ vape စက်မှုလုပ်ငန်းဟာ အန္တရာယ်လမ်းစဖြစ်နေပါတယ်။ တကယ်လို့ စီးကရက်သောက်ခြင်းကနေ vape ကိုကူးပြောင်းဖို့ကြိုးစားနေတယ်ဆိုရင်တော့ အဆုတ်ရောဂါဖြစ်နိုင်ချေရှိတယ်လို့ ပြောလိုက်ပါရစေ။
ခြုံပြောရရင်တော့ ဒီအထောက်အထားက vaping ဟာ ကျန်းမာရေးအတွက်မကောင်းဘူးဆိုတာကို ပြသနေတာပါ။ အီလက်ထရောနစ်စီးကရက်သောက်သုံးခြင်းဟာ ကျန်းမာရေးအတွက် ရေရှည်ဆိုးကျိုးတွေဖြစ်လာစေနိုင်တယ်။ နောက်ပြီး ဆေးရွက်ကြီးကိစ္စကိုလည်း ပိုဆိုးလာစေနိုင်တယ်လို့ Glantz က မှတ်ချက်ပြုထားပါတယ်။

[Zawgyi]


Ref : engadget

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.