Messenger မှာ ပါဝင်လာတဲ့ Star Wars-theme နဲ့ dark mode

0
1304

[Unicode]

Star Wars: The Rise of Skywalker ရဲ့မိတ်ဆက်ချိန်ရောက်နေပြီဆိုတော့ dark mode trend လေးကလည်း ခေတ်စားလို့လာပါပြီ။ ဒါကြောင့် Facebook က Messenger app အတွက် theme အသစ်လေးကို ထွက်ရှိပေးလိုက်ပါတယ်။
dark mode အများစုနဲ့မတူတာကတော့ ဘတ်ထရီစွမ်းအင်ခြွေတာဖို့ ဒါမှမဟုတ် မျက်လုံးထိခိုက်မှုလျော့ကျစေဖို့ ရည်ရွယ်ထားတာမဟုတ်ဘဲ ပျော်ရွှင်ဖို့သက်သက်သာ လုပ်ဆောင်ပေးထားတာပါ။ ကြယ်လေးတွေ ပြန့်ကျဲနေတဲ့ wallpaper အပြင် Star Wars အီမိုဂျီ၊ ကာတွန်းစတစ်ကာနဲ့ video call ၊ ဆယ်လ်ဖီတို့မှာအသုံးပြုနိုင်တဲ့ augmented reality filter လေးတွေလည်း ထည့်သွင်းပေးထားပါတယ်။


ဘယ်လိုသုံးရမလဲ
Theme အသစ်ကတော့ ကမ္ဘာတစ်ဝန်းကို ဖြန့်ပေးနေပါပြီ။ သုံးချင်တယ်ဆိုရင်တော့ App Store or Google Play ကနေ Facebook Messenger ရဲ့နောက်ဆုံးဗားရှင်းဒေါင်းထားဖို့ လိုအပ်ပါတယ်။ chat တစ်ခုကိုဖွင့်လိုက်ပါ။ ပြီးရင်တော့ အပေါ်နားက သူ့ရဲ့နာမည်ကိုနှိပ်လိုက်ပါ။ update လေးကိုလက်ခံရရှိသူဆိုရင်တော့ ‘Theme’ option လေးကို မြင်ရပြီးတော့ Star Wars ဒီဇိုင်းအသစ်ကို ရရှိမှာပါ။
မမြင်ရဘူးဆိုရင်တော့ ရောက်ဖို့အတွက် နည်းနည်းစောင့်ရပါလိမ့်မယ်။ ဒါပေမယ့် December 19 မတိုင်ခင်တော့ ရောက်လာပါလိမ့်မယ်။
The Rise of Skywalker သွားကြည့်ဖြစ်မှာလားဆိုတာလေးကိုလည်း ပြောခဲ့ကြပါဦး။ ကျွန်တော်စမ်းကြည့်တာတော့ filter တွေပဲ ရသေးတယ်။ wallpaper နဲ့ Emoji တွေကို မမြင်ရသေးပါဘူး။

[Zawgyi]

Star Wars: The Rise of Skywalker ရဲ႕မိတ္ဆက္ခ်ိန္ေရာက္ေနျပီဆိုေတာ့ dark mode trend ေလးကလည္း ေခတ္စားလို႕လာပါျပီ။ ဒါေၾကာင့္္ Facebook က Messenger app အတြက္ theme အသစ္ေလးကို ထြက္ရွိေပးလိုက္ပါတယ္။
dark mode အမ်ားစုနဲ႕မတူတာကေတာ့ ဘတ္ထရီစြမ္းအင္ေျခြတာဖို႕ ဒါမွမဟုတ္ မ်က္လံုးထိခိုက္မႈေလ်ာ့က်ေစဖို႕ ရည္ရြယ္ထားတာမဟုတ္ဘဲ ေပ်ာ္ရႊင္ဖို႕သက္သက္သာ လုပ္ေဆာင္ေပးထားတာပါ။ ၾကယ္ေလးေတြ ျပန္႕က်ဲေနတဲ့ wallpaper အျပင္ Star Wars အီမိုဂ်ီ၊ ကာတြန္းစတစ္ကာနဲ႕ video call ၊ ဆယ္လ္ဖီတို႕မွာအသံုးျပဳႏုိင္တဲ့ augmented reality filter ေလးေတြလည္း ထည့္သြင္းေပးထားပါတယ္။


ဘယ္လိုသံုးရမလဲ
Theme အသစ္ကေတာ့ ကမာၻတစ္၀န္းကို ျဖန္႕ေပးေနပါျပီ။ သံုးခ်င္တယ္ဆိုရင္ေတာ့ App Store or Google Play ကေန Facebook Messenger ရဲ႕ေနာက္ဆံုးဗားရွင္းေဒါင္းထားဖို႕ လိုအပ္ပါတယ္။ chat တစ္ခုကိုဖြင့္လုိက္ပါ။ ျပီးရင္ေတာ့ အေပၚနားက သူ႕ရဲ႕နာမည္ကိုႏွိပ္လုိက္ပါ။ update ေလးကိုလက္ခံရရွိသူဆိုရင္ေတာ့ ‘Theme’ option ေလးကို ျမင္ရျပီးေတာ့ Star Wars ဒီဇိုင္းအသစ္ကို ရရွိမွာပါ။
မျမင္ရဘူးဆိုရင္ေတာ့ ေရာက္ဖို႕အတြက္ နည္းနည္းေစာင့္ရပါလိမ့္မယ္။ ဒါေပမယ့္ December 19 မတုိင္ခင္ေတာ့ ေရာက္လာပါလိမ့္မယ္။
The Rise of Skywalker သြားၾကည့္ျဖစ္မွာလားဆိုတာေလးကိုလည္း ေျပာခဲ့ၾကပါဦး။ ကၽြန္ေတာ္စမ္းၾကည့္တာေတာ့ filter ေတြပဲ ရေသးတယ္။ wallpaper နဲ႕ Emoji ေတြကို မျမင္ရေသးပါဘူး။

Ref : techradar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.