iTunes Remote iOS app ရဲ့ Dark Mode
0
476
[Unicode]
Apple က iOS အတွက် iTunes Remote app ရဲ့ version အသစ်ကို မနေ့ကထုတ်ပေးခဲ့ပါတယ်။ အဲဒီ app လေးအတွက်ဗားရှင်းကတော့ တစ်နှစ်ကျော်ကြာမှ ထွက်ပေါ်လာခဲ့တာပါ။ လက်ရှိ၄.၅ ဗားရှင်းလေးဟာ Dark Mode နဲ့ MacOS Catalina မှာပါဝင်တဲ့ Music နဲ့ TV app တွေအတွက် ပိုမိုကောင်းမွန်တဲ့ အထောက်အပံ့ဖြစ်လာမှာပါ။
iTunes Remote app update လေးဟာ ဒီသီတင်းပတ်အစောပိုင်းက MacOS Catalina 10.15.2 ထွက်ရှိပြီးနောက် နောက်ဆက်တွဲအနေနဲ့ ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ Catalina မှာ iTunes ကိုရပ်စဲလိုက်တဲ့အချိန်ကစပြီးတော့ update ထွက်မလာခဲ့တာဖြစ်ပါတယ်။ iOS 13 နဲ့ iPadOS 13 ကို အသုံးပြုထားသော Device များမှာ Dark Mode ကို အထောက်အပံ့ပေးထားပါတယ်။ bug အချို့ကိုပြုပြင်ပြီးတော့ app ရဲ့အလုံးစုံစွမ်းဆောင်ရည်ကို တိုးတက်စေခဲ့ပါတယ်။
iTunes Remote ကို App Store မှာ အခမဲ့ download ရယူနိုင်ပါတယ်။ ဗားရှင်း ၄.၅ ကိုထုတ်ပြီးပေမယ့်လည်း လူတိုင်းအသုံးပြုနိုင်ဖို့အတွက်ကတော့ အချိန်အနည်းငယ်ကြာနိုင်ပါတယ်။
[Zawgyi]
Ref : 9to5mac
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.