4K display ပါဝင်တဲ့ Pixelbook Go ကို ဒေါ်လာ၁၃၉၉ ဖြင့် ဝယ်ယူနိုင်ပြီ

0
523

[Unicode]

Not Pink မှာတော့ မရနိုင်သေးပါဘူး။ စိတ်မကောင်းပါဘူး၊ Elle Woods ရေ
Google ဟာ Pixelbook Go ကိုကြေငြာတဲ့အခါမှာ အဆင့်အတန်းမြင့်မြင့်ခံစားလိုသူများအတွက် 4K display ပါဝင်သည့်ထိပ်တန်းအဆင့်မော်ဒယ်လ်ကိုပါ ပြောသွားခဲ့ပါတယ်။
Android Central ရဲ့ သတိထားမိချက်အရ Pixelbook Go ရဲ့ ဒေါ်လာ ၁,၃၉၉ configuration ကို Amazon နဲ့ Google Store မှာ ရနေပါပြီ။ 4K display တပ်ဆင်ထားတဲ့အပြင် Laptop လေးမှာ 16GB RAM နဲ့ 256GB storage ရှိပါတယ်။ Core i7 ပရိုဆက်ဆာကိုလည်း တပ်ဆင်ထားပါသေးတယ်။ Not Pink မှာလိုချင်တဲ့သူတွေကတော့ နည်းနည်းထပ်စောင့်ရဦးမှာပါ။ အခုတော့ Just Black အတွက်သာ ရနိုင်သေးတာပါ။
Chromebookအတွက် ဒေါ်လာ ၁,၃၉၉ ကျသင့်မှာကို မကြိုက်တဲ့သူတွေအတွက် Pixelbook Go ကို ဈေးသက်သာအောင်လည်း ကြံဆလို့ရပါတယ်။ 8 gen Intel Core m3 ပရိုဆက်ဆာတပ်ဆင်ထားပြီး RAM 8GB နဲ့ 64GB မမ်မိုရီပါဝင်တဲ့ အခြေခံမော်ဒယ်လ်လေးကတော့ ဒေါ်လာ၆၄၉သာ ကျသင့်မှာဖြစ်ပါတယ်။ သတင်းဆိုးကတော့ Not Pink အတွက် ဘယ်လိုမျိုး configuration မှ မရသေးပါဘူး။

[Zawgyi]


Ref : engadget

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.