အလွယ်တကူ ကျော်လို့ရနေတဲ့ iPhone parental controls တွေကို ပြင်ဆင်ပေးဖို့ Appl ကတိပြု

0
367

[Unicode]

iOS 13.3 ဟာ parental controls အသစ်နဲ့အတူ မကြာသေးခင်က ရောက်ရှိလာခဲ့ပါတယ်။ Communication Limits လို့ခေါ်တဲ့ feature အသစ်လေးထည့်သွင်းပေးလိုက်တာပါ။ သူကတော့ ကလေးငယ်တွေကို မိဘတွေခွင့်မပြုဘဲ contacts ထဲကမဟုတ်တဲ့သူနဲ့ ဆက်သွယ်လို့မရအောင် တားဆီးထားတာပါ။ ဒီအဆင့်ကိုကျော်ဖို့အတွက် မိဘတွေက ကုဒ်ထည့်ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့်လည်း ဒီစနစ်ကို ရိုးစင်းတဲ့မက်ဆေ့ချ်လေးတစ်စောင်နဲ့ တိုက်ခိုက်လိုက်ရင် ကျော်လို့ရနေတာကို တွေ့ခဲ့ရပါတယ်။
အလုပ်လုပ်ပုံလေးကို တစ်ချက်ပြောပါမယ်။ သူစိမ်းတစ်ယောက်က ကလေးရဲ့ဖုန်းကို စာတစ်စောင်ပို့လိုက်ပြီ။ contacts တွေကို ဖုန်းအတွင်းမှာပဲသိမ်းထားမယ်။ Cloud ထဲမှာမဟုတ်ဘူးဆိုရင်တော့ Messages app က သူ့ကို contacts ထဲထည့်ဖို့အတွက် ခွင့်ပြုထားပါတယ်။ တကယ်လို့များ ကလေးကသာ အဲဒီသူကို contacts ထဲထည့်လိုက်တယ်ဆိုရင် ခေါ်လို့ရသွားသလို FaceTime ကနေလည်း ဆက်သွယ်လို့ရသွားပါပြီ။
ကလေးက contact မှတ်လိုက်မှ ဒီအဆင့်တွေက ဖြစ်လာမှာပါ။ ဒီလိုမှတ်ဖို့အတွက်ကိုလည်း မိဘတွေဆီက passcode ထည့်ရဦးမှာပါ။ ဒါပေမယ့် ကလေးက Siri ကို လှမ်းခေါ်ပြီးတော့ Screen Time ရဲ့ ကန့်သတ်မှုကိုကျော်ပြီး iPhone or Watch ကနေ ကြိုက်တဲ့နံပါတ်ကို စာပို့၊ ဖုန်းခေါ်ဆိုခြင်းတွေ လုပ်နိုင်နေပါသေးတယ်။
ဒီကိစ္စလေးက standard configuration မဟုတ်တာမျိုးတွေလုပ်ထားတဲ့ device တွေမှ ဖြစ်တတ်တာပါ။ ဒါပေမယ့် ပြင်လို့ရတာလေးတွေလည်း ရှိနေပါတယ်။ fix ကိုလုပ်နေပါပြီ။ မကြာခင်အချိန်အတွင်းမှာ software update ထုတ်ပေးမှာပါ။
သူပြောတဲ့အထဲမှာ standard configuration မဟုတ်တာမှ ဖြစ်တယ်လို့ပါပါတယ်။ ဒီအချိန်မှာ settings ထဲက “Contacts” ကိုသွား၊ choosing “Default Account” ကို ရွေးပြီးတော့ iCloud ပေါ်တင်လိုက်ပါ။ ဖုန်းကို “Downtime” mode အနေနဲ့ထားပြီးတော့ ကလေးက contacts ထည့်လို့မရအောင် ပိတ်ထားလို့လည်း ရပါတယ်။

[Zawgyi]

iOS 13.3 ဟာ parental controls အသစ္နဲ႕အတူ မၾကာေသးခင္က ေရာက္ရွိိလာခဲ့ပါတယ္။ Communication Limits လို႕ေခၚတဲ့ feature အသစ္ေလးထည့္သြင္းေပးလိုက္တာပါ။ သူကေတာ့ ကေလးငယ္ေတြကို မိဘေတြခြင့္မျပဳဘဲ contacts ထဲကမဟုတ္တဲ့သူနဲ႕ ဆက္သြယ္လို႕မရေအာင္ တားဆီးထားတာပါ။ ဒီအဆင့္ကိုေက်ာ္ဖို႕အတြက္ မိဘေတြက ကုဒ္ထည့္ေပးဖို႕ လိုအပ္ပါတယ္။ ဒါေပမယ့္လည္း ဒီစနစ္ကို ရိုးစင္းတဲ့မက္ေဆ့ခ်္ေလးတစ္ေစာင္နဲ႕ တုိက္ခိုက္လုိက္ရင္ ေက်ာ္လို႕ရေနတာကို ေတြ႕ခဲ့ရပါတယ္။
အလုပ္လုပ္ပံုေလးကို တစ္ခ်က္ေျပာပါမယ္။ သူစိမ္းတစ္ေယာက္က ကေလးရဲ႕ဖုန္းကို စာတစ္ေစာင္ပို႕လိုက္ျပီ။ contacts ေတြကို ဖုန္းအတြင္းမွာပဲသိမ္းထားမယ္။ Cloud ထဲမွာမဟုတ္ဘူးဆုိရင္ေတာ့ Messages app က သူ႕ကို contacts ထဲထည့္ဖုိ႕အတြက္ ခြင့္ျပဳထားပါတယ္။ တကယ္လို႕မ်ား ကေလးကသာ အဲဒီသူကို contacts ထဲထည့္လုိက္တယ္ဆိုရင္ ေခၚလို႕ရသြားသလို FaceTime ကေနလည္း ဆက္သြယ္လို႕ရသြားပါျပီ။
ကေလးက contact မွတ္လိုက္မွ ဒီအဆင့္ေတြက ျဖစ္လာမွာပါ။ ဒီလိုမွတ္ဖို႕အတြက္ကိုလည္း မိဘေတြဆီက passcode ထည့္ရဦးမွာပါ။ ဒါေပမယ့္ ကေလးက Siri ကို လွမ္းေခၚျပီးေတာ့ Screen Time ရဲ႕ ကန္႕သတ္မႈကိုေက်ာ္ျပီး iPhone or Watch ကေန ၾကိဳက္တဲ့နံပါတ္ကို စာပို႕၊ ဖုန္းေခၚဆိုျခင္းေတြ လုပ္ႏုိင္ေနပါေသးတယ္။
ဒီကိစၥေလးက standard configuration မဟုတ္တာမ်ိဳးေတြလုပ္ထားတဲ့ device ေတြမွ ျဖစ္တတ္တာပါ။ ဒါေပမယ့္ ျပင္လို႕ရတာေလးေတြလည္း ရွိေနပါတယ္။ fix ကိုလုပ္ေနပါျပီ။ မၾကာခင္အခ်ိန္အတြင္းမွာ software update ထုတ္ေပးမွာပါ။
သူေျပာတဲ့အထဲမွာ standard configuration မဟုတ္တာမွ ျဖစ္တယ္လို႕ပါပါတယ္။ ဒီအခ်ိန္မွာ settings ထဲက “Contacts” ကိုသြား၊ choosing “Default Account” ကို ေရြးျပီးေတာ့ iCloud ေပၚတင္လုိက္ပါ။ ဖုန္းကို “Downtime” mode အေနနဲ႕ထားျပီးေတာ့ ကေလးက contacts ထည့္လုိ႕မရေအာင္ ပိတ္ထားလို႕လည္း ရပါတယ္။

Ref : engadget

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.