Snapdragon 865 သုံးထားတဲ့ Redmi K30 Pro ကို ၂၀၂၀ မတ်လတွင် မိတ်ဆက်မည်

0
986

[Unicode]

Redmi K30 5G နဲ့ Redmi K30 4G ကို တရုတ်နိုင်ငံမှာ မိတ်ဆက်လိုက်ပါပြီ။ အခုဆိုရင် Redmi K30 Pro လေးကို နောက်နှစ်မှာမိတ်ဆက်မယ့်အကြောင်းကိုလည်း အသိပေးထားပါတယ်။
Tipster Sudhashu Ambhore က တွစ်တာပေါ်မှာ K30 Pro လေးဟာ Snapdragon 865 အသုံးပြုထားပြီးတော့ ၂၀၂၀ မတ်လမှာ မိတ်ဆက်မှာဖြစ်ကြောင်းကို တင်ခဲ့ပါတယ်။ chipset ကို Qualcomm X55 modem နဲ့တွဲဖက်ထားပြီး 5G ရအောင် ဆောင်ကြဉ်းပေးထားတယ်လို့ဆိုပါတယ်။ Snapdragon 865 ဖုန်းတွေအားလုံးမှာ 5G modem ပါမယ်လို့ Qualcomm က အတည်ပြုပေးထားပြီးသားပါ။ package ကြီးက အတော်လေးများနေတာဆိုတော့ ဈေးနှုန်းကို ဘယ်လိုထားမလဲဆိုတာ စောင့်ကြည့်ရမှာပါ။
Redmi K30 Pro နဲ့ပတ်သတ်လို့ကတော့ အခုအချိန်မှာ အနည်းငယ်သာသိထားပါသေးတယ်။ ဒါပေမယ့်လည်း Redmi K30 ရဲ့ အချက်အလက်တွေအရ သုံးသပ်ကြည့်မယ်ဆိုရင်တော့ Xiaomi ဟာ FHD+ 120Hz display ကိုပဲ သုံးထားလောက်ပါတယ်။ Snapdragon 865 က 200MP camera sensor အထိ ထောက်ပံ့ပေးနိုင်တယ်ဆိုတော့ ကင်မရာအဆင့်မြှင့်တင်မှုတွေ လုပ်လာနိုင်တယ်။ 960fps/720p slow-motion video recording ၊ 8K/30fps video capture တွေလည်း ရနိုင်တယ်။
ကင်မရာပိုင်းပြီးတဲ့အခါမှာ Redmi K30 Pro ဟာ CPU နဲ့ GPU performance တွေလည်း ပိုကောင်းလာနိုင်တယ်လို့ မြင်မိတယ်။ in-display fingerprint sensor လိုမျိုး feature အသစ်တွေလည်း ပါလာနိုင်တယ်။
Redmi K30 မိတ်ဆက်တုန်းက Redmi K30 Pro အကြောင်းပြောလိမ့်မယ်လို့ တွေးထားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း မတ်လလောက်မှ မိတ်ဆက်မှာဆိုတော့လည်း နှစ်သစ်ရောက်မှ နည်းနည်းစီပြောမယ်လို့ ထင်ပါတယ်။
အခုအချိန်မှာောတ့ Redmi K30 ကို ကျယ်ကျယ်ပြန့်ပြန့်ရနိုင်ဖို့အတွက်ပဲ အာရုံစိုက်နေကြပါတယ်။ လက်ရှိမှာတော့ တရုတ်နိုင်ငံမှာ အကြိုရောင်းချနေပါပြီ။ မကြာခင်မှာ ဈေးကွက်တွေထဲကို ရောက်လာပါလိမ့်မယ်။

[Zawgyi]

Redmi K30 5G နဲ႕ Redmi K30 4G ကို တရုတ္ႏုိင္ငံမွာ မိတ္ဆက္လိုက္ပါျပီ။ အခုဆိုရင္ Redmi K30 Pro ေလးကို ေနာက္ႏွစ္မွာမိတ္ဆက္မယ့္အေၾကာင္းကိုလည္း အသိေပးထားပါတယ္။
Tipster Sudhashu Ambhore က တြစ္တာေပၚမွာ K30 Pro ေလးဟာ Snapdragon 865 အသံုးျပဳထားျပီးေတာ့ ၂၀၂၀ မတ္လမွာ မိတ္ဆက္မွာျဖစ္ေၾကာင္းကို တင္ခဲ့ပါတယ္။ chipset ကို Qualcomm X55 modem နဲ႕တြဲဖက္ထားျပီး 5G ရေအာင္ ေဆာင္ၾကဥ္းေပးထားတယ္လို႕ဆိိုပါတယ္။ Snapdragon 865 ဖုန္းေတြအားလံုးမွာ 5G modem ပါမယ္လို႕ Qualcomm က အတည္ျပဳေပးထားျပီးသားပါ။ package ၾကီးက အေတာ္ေလးမ်ားေနတာဆိုေတာ့ ေစ်းႏႈန္းကို ဘယ္လိုထားမလဲဆိုတာ ေစာင့္ၾကည့္ရမွာပါ။
Redmi K30 Pro နဲ႕ပတ္သတ္လို႕ကေတာ့ အခုအခ်ိန္မွာ အနည္းငယ္သာသိထားပါေသးတယ္။ ဒါေပမယ့္လည္း Redmi K30 ရဲ႕ အခ်က္အလက္ေတြအရ သံုးသပ္ၾကည့္မယ္ဆိုရင္ေတာ့ Xiaomi ဟာ FHD+ 120Hz display ကိုပဲ သံုးထားေလာက္ပါတယ္။ Snapdragon 865 က 200MP camera sensor အထိ ေထာက္ပံ့ေပးႏုိင္တယ္ဆိုေတာ့ ကင္မရာအဆင့္ျမွင့္တင္မႈေတြ လုပ္လာႏုိင္တယ္။ 960fps/720p slow-motion video recording ၊ 8K/30fps video capture ေတြလည္း ရႏိုင္တယ္။
ကင္မရာပိုင္းျပီးတဲ့အခါမွာ Redmi K30 Pro ဟာ CPU နဲ႕ GPU performance ေတြလည္း ပိုေကာင္းလာႏုိင္တယ္လို႕ ျမင္မိတယ္။ in-display fingerprint sensor လိုမ်ိဳး feature အသစ္ေတြလည္း ပါလာႏုိင္တယ္။
Redmi K30 မိတ္ဆက္တုန္းက Redmi K30 Pro အေၾကာင္းေျပာလိမ့္မယ္လို႕ ေတြးထားခဲ့ပါေသးတယ္။ ဒါေပမယ့္လည္း မတ္လေလာက္မွ မိတ္ဆက္မွာဆိုေတာ့လည္း ႏွစ္သစ္ေရာက္မွ နည္းနည္းစီေျပာမယ္လို႕ ထင္ပါတယ္။
အခုအခ်ိန္မွာောတ့ Redmi K30 ကို က်ယ္က်ယ္ျပန္႕ျပန္႕ရႏုိင္ဖို႕အတြက္ပဲ အာရံုစုိက္ေနၾကပါတယ္။ လက္ရွိမွာေတာ့ တရုတ္ႏုိင္ငံမွာ အၾကိဳေရာင္းခ်ေနပါျပီ။ မၾကာခင္မွာ ေစ်းကြက္ေတြထဲကို ေရာက္လာပါလိမ့္မယ္။

Ref : androidauthority

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.