[Unicode]
ဒီဇင်ဘာ ၂၆ရက်နေ့မှာ Reno3 ကို ကြေညာမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ press render တွေ၊ Reno3 Pro ရဲ့ official image တွေကိုလည်း မြင်သင့်သလောက် မြင်ထားပြီးပါပြီ။ 5G တော့ မှန်းထားပါတယ်။
လက်တွေ့ရိုက်ကူးထားတဲ့ပုံရိပ်တွေကိုတော့ ကျွန်တော်တို့မမြင်ရသေးပါဘူး။ ဒါပေမယ့်လည်း တရုတ်ဘလော့ဂါတစ်ယောက်ရဲ့ ကျေးဇူးနဲ့ ကျွန်တော်တို့ လက်တွေ့ကမ္ဘာထဲက Reno3 Pro ကို တွေ့မြင်ခွင့် ရခဲ့ပါတယ်။
ဘလော့ဂါဟာ အချိန်နဲ့အမျှ device တွေရဲ့ ပါးလွှာလာမှုကို ယှဉ်ပြထားပါတယ်။ Motorola ဟာ 50 mm အဲဒီနောက်မှာ Nokia ဟာ 21.88 mm ၊ iPhone 3GS ဟာ 12 mm အထိ ပါးခဲ့ကြပါတယ်။

OPPO ရဲ့ ပြောင်းလဲမှုမှာတော့ Reno2 ဟာ 9.29 mm ဖြစ်ပါတယ်။ 7.7 mm ကိုယ်ထည်နဲ့ Reno3 ကတော့ 2019 ရဲ့ အပါးလွှာဆုံးသော flagship ဆုကို ထိုက်တန်နေတာ ငြင်းဖွယ်ရာမရှိပါဘူး။ ဒါပေမယ့်လည်း ဘတ်ထရီ၊ အရှေ့နဲ့အနောက်က glass protection ၊ physical button စတာတွေအတွက် မေးခွန်းထုတ်စရာတော့ ရှိနေပါတယ်။
5G modem နဲ့ Snapdragon 765G chipset တွဲသုံးထားတယ်ဆိုတာကလည်း ဖော်ပြသင့်တဲ့အချက်တစ်ခုဖြစ်ပါတယ်။
[Zawgyi]
ဒီဇင္ဘာ ၂၆ရက္ေန႕မွာ Reno3 ကို ေၾကညာမွာျဖစ္ပါတယ္။ ကၽြန္ေတာ္တို႕အေနနဲ႕ press render ေတြ၊ Reno3 Pro ရဲ႕ official image ေတြကိုလည္း ျမင္သင့္သေလာက္ ျမင္ထားျပီးပါျပီ။ 5G ေတာ့ မွန္းထားပါတယ္။
လက္ေတြ႕ရုိက္ကူးထားတဲ့ပံုရိပ္ေတြကိုေတာ့ ကၽြန္ေတာ္တို႕မျမင္ရေသးပါဘူး။ ဒါေပမယ့္လည္း တရုတ္ဘေလာ့ဂါတစ္ေယာက္ရဲ႕ ေက်းဇူးနဲ႕ ကၽြန္ေတာ္တုို႕ လက္ေတြ႕ကမာၻထဲက Reno3 Pro ကို ေတြ႕ျမင္ခြင့္ ရခဲ့ပါတယ္။
ဘေလာ့ဂါဟာ အခ်ိန္နဲ႕အမွ် device ေတြရဲ႕ ပါးလႊာလာမႈကို ယွဥ္ျပထားပါတယ္။ Motorola ဟာ 50 mm အဲဒီေနာက္မွာ Nokia ဟာ 21.88 mm ၊ iPhone 3GS ဟာ 12 mm အထိ ပါးခဲ့ၾကပါတယ္။

OPPO ရဲ႕ ေျပာင္းလဲမႈမွာေတာ့ Reno2 ဟာ 9.29 mm ျဖစ္ပါတယ္။ 7.7 mm ကိုယ္ထည္နဲ႕ Reno3 ကေတာ့ 2019 ရဲ႕ အပါးလႊာဆံုးေသာ flagship ဆုကို ထိုက္တန္ေနတာ ျငင္းဖြယ္ရာမရွိပါဘူး။ ဒါေပမယ့္လည္း ဘတ္ထရီ၊ အေရွ႕နဲ႕အေနာက္က glass protection ၊ physical button စတာေတြအတြက္ ေမးခြန္းထုတ္စရာေတာ့ ရွိေနပါတယ္။
5G modem နဲ႕ Snapdragon 765G chipset တြဲသံုးထားတယ္ဆိုတာကလည္း ေဖာ္ျပသင့္တဲ့အခ်က္တစ္ခုျဖစ္ပါတယ္။
Ref : gsmarena