OPPO Reno2 F Nebula Green (Limited Edition) အရောင်အသစ်လေးကို ကြေညာ
0
1807
[Unicode]
မနေ့ကတုန်းက OPPO Myanmarကနေပြီးတော့ ၂၀၁၉ခုနှစ်တစ်နှစ်လုံးမှာ လက်တွဲလုပ်ကိုင်ခဲ့ကြတဲ့ Ambassadors တွေ၊ OPPO ရဲ့သတင်းတွေကို စဉ်ဆက်မပြတ် တင်ပေးခဲ့ကြတဲ့ မိတ်ဖက်မီဒီယာတွေကို ကျေးဇူးတင်တဲ့အနေနဲ့ “Nebula Green Night”လို့အမည်ပေးထားတဲ့ Ambassadors & Media Thank You Party ကို ရန်ကုန်မြို့ရှိ Atlas Rooftop Bar & Lounge မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Thank You Party ကျင်းပတဲ့အပြင် OPPOကနေ အသစ်ထပ်မံထွက်ရှိလာမယ့် OPPO Reno2 F Nebula Green (Limited Edition) အရောင်အသစ်ကိုလည်း OPPO Myanmar မှ တာဝန်ရှိသူများ၊ OPPO ၏ Brand Ambassadors တွေဖြစ်တဲ့ ဝတ်မှုန်ရွှေရည် နှင့် ပိုင်တံခွန်၊ KOLs တွေဖြစ်တဲ့ ပိုင်အုပ်စိုးအောင်၊ ရှိန်းတင်ထူး၊ လွှမ်းပိုင်၊ ယမင်းမေဦး၊ သဇင်ထူးမြင့်၊ ဖုန်းသီရိကျော်၊ ကျော်ထက်ဇော် တို့နဲ့အတူ ဖိတ်ကြားထားတဲ့မီဒီယာတွေရဲ့ရှေ့မှောက်မှာ မိတ်ဆက်ပေးခဲ့ပါတယ်။
အဲဒီပွဲမှာတော့ OPPO Myanmar က တစ်နှစ်ပတ်လုံး လက်တွဲလုပ်ကိုင်ခဲ့တဲ့ Ambassadors တွေနဲ့ KOLs တွေကို အမှတ်တရ Caricature ပုံများ လက်ဆောင်အဖြစ်ပေးအပ်ခဲ့ပါတယ်။ OPPO ရဲ့သတင်းတွေကို စဉ်ဆက်မပြတ် တင်ပေးခဲ့ကြတဲ့ မိတ်ဖက်မီဒီယာတွေထဲက Top 10 မီဒီယာတွေကိုလည်း ဆုတံဆိပ်များ ပေးခဲ့တဲ့အပြင် တတိယဆုရရှိသောMyanmar ICT Directory ကို ဆုတံဆိပ်နှင့်အတူ Reno2 F Lake Green အရောင် ၊ ဒုတိယဆုရရှိသောTech Hub ကိုလည်း ဆုတံဆိပ်နှင့် Reno2 F Sky Whiteအရောင်၊ ပထမဆုရရှိသော MyTech Myanmarကို အသစ်ထွက်ရှိလာသော Reno2 F Nebula Green (Limited Edition) အရောင်အသစ်ကို း လက်ဆောင်ပေးခဲ့ပါတယ်။
OPPO Myanmar ကနေပြီးတော့ Reno2I 2F စမတ်ဖုန်းနှစ်မျိုးကို ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက Melia Hotel Yangon မှာ အနုပညာရှင်ပေါင်းများစွာနဲ့ ခမ်းနားကြီးကျယ်စွာ မိတ်ဆက်ပေးခဲ့ပြီး အခုအခါမှာတော့ အစိမ်းရောင်ကို စိုပြေဆန်းပြားသည့် ခရမ်းရောင်ရောင်ပြေးများဖြင့် ရောစပ်ထားသည့် Reno2 F Nebula Green (Limited Edition) အရောင်အသစ်ကို ထပ်မံမိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ ဒီတစ်ခေါက်မိတ်ဆက်တဲ့ Reno2 F Nebula Green (Limited Edition) အရောင်အသစ် ဟာ အရင်မိတ်ဆက်ထားတဲ့ Reno2 F လိုပဲ အလှပဆုံးပုံများကို ဖန်တီးရိုက်ကူးနိုင်မယ့် 48MP Super Quad Camera၊ ညဘက်ဓာတ်ပုံရိုက်ခြင်းကို ကြိုက်နှစ်သက်သူများအတွက် Ultra Night Mode 2.0၊ မြင်ကွင်းကျယ်ပုံများကို ရိုက်ကူးနိုင်မည့်119° Ultra Wide Angle Lens၊ လှုပ်ရှားနေသည့် အချိန်များတွင် အကောင်းဆုံး ဗီဒီယိုများကို ဖန်တီးနိုင်မည့် Anti-Shake Video၊ နှင့် ရွှန်းစိုတောက်ပသော ၆.၅လက်မရှိသည့် မျက်နှာပြင်ပြည့် AMOLED Panoramic Screen ပါရှိတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။
အသစ်မိတ်ဆက်လိုက်တဲ့ Reno2 F Nebula Green (Limited Edition) အရောင်အသစ်ကို ဒီဇင်ဘာလ (၁၂) ရက်နေ့မှ (၁၇) ရက်နေ့အထိ ကြိုတင်မှာယူနိုင်မှာဖြစ်ပြီးတော့ ဒီဇင်ဘာလ (၁၈) ရက်နေ့မှစတင်ကာ ဈေးနှုန်း (၅၃၉,၉၀၀) ကျပ်ဖြင့်OPPO ဖုန်းအရောင်းကောင်တာတိုင်းမှာ ရောင်းချပေးသွားမှာပါ။ ဖြစ်ပါသည်။ ကြိုတင်မှာယူသူများကို မေတ္တာလက်ဆောင်အဖြစ်OPPO ခရီးဆောင်အိတ်များကိုလည်း လက်ဆောင်အဖြစ် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရပါတယ်။
[Zawgyi]
Ref : OPPO Myanmar
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.