သင်္ချာတွက်တော်လွန်းတဲ့ app လေး

0
529

[Unicode]

ကောလိပ်ကျောင်းသား ဒါမှမဟုတ် အထက်ကျောင်းသားတုန်းက သင်္ချာဆို အရမ်းမုန်းခဲ့တာပဲ။ အခု မိတ်ဆွေနောက်မှာ Microsoft ရှိနေပါပြီ။ သူတို့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Microsoft Math Solver app လေးနဲ့သာဆိုရင် app လေးက ခက်ခဲနေတာတွေကို လွယ်ကူစွာဖြေရှင်းပေးနိုင်မှာပါ။ ဒါ့အပြင် ကျွန်တော်တို့စမ်းသပ်သုံးစွဲကြည့်တဲ့အခါမှာ မျှော်မှန်းထားသလောက် ကောင်းမွန်စွာလုပ်ဆောင်နိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ သင်္ချာညီမျှခြင်းအတော်များများကို ဖြေရှင်းဖို့အတွက် နည်းလမ်းတွေ ပေးထားပါတယ်။ သင်္ချာပုစ္ဆာတစ်ပုဒ်ကို ဓါတ်ပုံရိုက်ပြီးတော့ဖြစ်ဖြစ်၊ ရေးပြီးတော့ဖြစ်ဖြစ်၊ screen မှာ hand drawing နဲ့ဖြစ်ဖြစ် ဖြေရှင်းလို့ရနိုင်ပါတယ်။
ဒီလိုမျိုးလုပ်ဆောင်ချက်ရှိတဲ့ အလားတူ app တွေလည်း အများကြီးရှိတယ်ဆိုပေမယ့် Microsoft ရဲ့ဖြေရှင်းနည်းတွေကတော့ feature အပြည့်အစုံပါတယ်လို့ ပြောနိုင်တယ်။ Photomath လိုမျိုး app ဟာ အီကွေရှင်းတွေကို ဓါတ်ပုံရိုက်ခွင့်ပြုပြီးတော့ ဖြေရှင်းပေးနိုင်တယ်ဆိုပေမယ့်လည်း Photomath မှာမပါတဲ့ အခြားသော feature တွေကိုလည်း Microsoft Math Solver မှာ ရနိုင်ပါတယ်။
Microsoft Math Solver က သူ့ဘာသာ အဖြေမရှာနိုင်ဘူးဆိုရင် Bing ကိုအသုံးပြုပြီးတော့ ဖြေရှင်းပေးပါလိမ့်မယ်။ app ရဲ့ အဆင့်တစ်ခုချင်းစီအလိုက် ရှင်းပြထားမှုတွေ၊ သင်ကြားရေးအထောက်အကူပြုပစ္စည်းတွေ၊ feature set တစ်ခုလုံးတွေကြောင့် လုပ်ဆောင်နိုင်စွမ်းမြင့်မားတဲ့ math app လေးတစ်ခုအဖြစ် တင်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။
အိမ်စာလုပ်ရမှာရှိတိုင်း အသုံးပြုဖို့အတွက်တော့ မတိုက်တွန်းခြင်းပါဘူး။ ဒါပေမယ့်လည်း အတော်လေးခက်ခဲတဲ့အီကွေရှင်းတွေအတွက်တော့ အသုံးဝင်တဲ့ app လေးတစ်ခုဖြစ်မှာ အသေအချာပါပဲ။

[Zawgyi]


Ref : androidauthority

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.