မျိုးဆက်သစ် Galaxy S11 ရဲ့ဒီဇိုင်းကို အတည်ပြုပေးခဲ့တဲ့ Samsung

0
1003

[Unicode]

မနှစ်တုန်းက Samsung ရဲ့ စမတ်ဖုန်းမိတ်ဆက်တဲ့နည်းဗျူဟာပြောင်းလဲမှုဟာ သိသာခဲ့ပါတယ်။ flagship တွေထက် mid-range ပိုင်းမှာ ဆန်းသစ်မှုတွေကို ဦးစားပေးလုပ်ဆောင်ခဲ့တာကို ကျွန်တော်တို့ တွေ့မြင်ခဲ့ရပါတယ်။ အဲဒီမတိုင်ခင်မှာ Galaxy S နဲ့ Galaxy Note တွေကိုအသုံးပြုပြီးတော့ brand new feature တွေကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ Galaxy A series ရဲ့ ဟန်းဆက်တွေမှာ feature အသစ်တွေကို ထည့်သွင်းထုတ်လုပ်လာခဲ့ပါတယ်။ အဲဒီနောက်မှ အဆင့်မြှင့်တင်မှုတွေပြုလုပ်ပြီးတော့ flagship ဖုန်းတွေထဲကို ထည့်သွင်းတဲ့နည်းဗျူဟာကို ပြောင်းလဲအသုံးပြုတာပါ။ Galaxy S10 ဒီဇိုင်းအတည်ပြုခဲ့တဲ့ ပြီးခဲ့တဲ့ဒီဇင်ဘာတုန်းက ကျွန်တော်တို့သိခဲ့တာပါ။ ဒီတစ်ခေါက်လည်း Galaxy S11 အလှည့်ကို ရောက်လာပါပြီ။
မနှစ်တုန်းက Galaxy A8s ဟာ hole-punch display ပါဝင်တဲ့ Samsung အတွက် ပထမဆုံးဖုန်းတစ်လုံးဖြစ်ခဲ့ပါတယ်။ အဲဒီဖုန်းလေးမှာ all-screen LCD display ၊ ကင်မရာအပေါက် တို့ကို တွဲဖက်တွေ့မြင်ရပါတယ်။ Samsung ရဲ့ ပထမဆုံးသော Infinity-O screen ဖြစ်ပြီးတော့ ဒီဇိုင်းပိုင်းကို Galaxy S10 နဲ့ Note 10 series တွေအတွက် ရှေ့ပြေးအနေနဲ့ လုပ်ဆောင်ပြသခဲ့တာပါ။ အလားတူပဲ ၂၀၁၈နောက်ပိုင်းမှာ အခြားသော Galaxy A ဖုန်းတွေကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ အောက်မှာပြထားတဲ့ A8s လည်း အပါအဝင်ပါ။ သူကတော့ အနောက်ကင်မရာအတွက် lens အတော်များများကို သုံးထားပြီး ကင်မရာလေးလုံးထည့်သွင်းခဲ့ပါတယ်။ S10 နဲ့ Note 10 မှာလည်း multi-lens camera စနစ်ကို တွေ့မြင်ရပါတယ်။
Samsung ရဲ့ အသစ်မိတ်ဆက်ထားတဲ့ A51 ဖုန်းလေးဟာ အရင်အပတ်တွေထဲက လူပြောများနေတာ ဒါကြောင့်ဖြစ်ပါတယ်။
အဲဒီဖုန်းလေးမှာ Galaxy Note 10 လိုပဲ all-screen display ကို အသုံးပြုထားပြီး hole-punch camera လေးကို အလယ်မှာထားရှိပါတယ်။ Galaxy S11 ကလည်း ဒီလိုဒီဇိုင်းဖြစ်မယ်လို့ ပြောနေကြတာပါ။ S11 မှာတော့ curved display edge တွေပါဝင်နေပြီး Galaxy A51 ကတော့ flat screen ပါ။ Galaxy S11e ကလည်း အရင်တုန်းကပြောထားသလို curved ပါပဲ။
စိတ်ဝင်စားဖို့ပိုကောင်းလာတာက Galaxy A51 မှာ အနောက်ကင်မရာမှာ lens လေးခုပါပါတယ်။ အရင်တုန်းက မလုပ်ဖူးတဲ့ပုံစံမျိုးကို အသုံးပြုထားတာပါ။ ကြီးမားပြီး လေးထောင့်ပုံစံရှိတဲ့ ကင်ရာစနစ်ကြောင့် iPhone 11 နဲ့ Pixel 4 ရဲ့ ကင်မရာတွေကို ပြေးမြင်မိစေပါတယ်။ Galaxy S11 မှာ အဲဒီလိုဒီဇိုင်းကိုပဲ အသုံးပြုထားပါတယ်။ Galaxy S11 မှာတော့ lens သုံးခုကနေ ငါးခုအထိ ရှိနိုင်ပါတယ်။


Galaxy S11 ကို ဖေဖော်ဝါရီလလယ်လောက်အထိ မိတ်ဆက်မယ့်ပုံ မပေါ်သေးပါဘူး။ Galaxy A51 ကတော့ Galaxy S10 နဲ့ Note 10 ဒီဇိုင်းတွေကို သုံးစွဲသူအဆင်ပြေအောင် ပြန်လည်ပြင်ဆင်ထားကြောင်း ပြောပြနေပါတယ်။ mid-range ဖုန်းအသစ်လေးက 2019 Galaxy A ဖုန်းတွေရဲ့ဒီဇိုင်းကို ချပြခဲ့သလို နောက်နှစ်ရဲ့ flagship အတွက်ကိုလည်း အမြည်းကျွေးသွားခဲ့တာပါ။
အသေးစိတ်အချက်အလက်ပိုင်းမှာတော့ A51 ဟာ mid-range ဖြစ်တာမို့ 6.5-inch Infinity-O OLED screen ကို Full HD resolution နဲ့ in-display fingerprint sensor ၊ Exynos 9611 chip ၊ 4GB or 6GB RAM ၊ 64GB or 128GB storage ၊ microSD support ၊ quad-lens primary camera (48-megapixel, 12-megapixel ultra-wide, 5-megapixel depth, 5-megapixel macro lenses) ၊ 32-megapixel selfie camera ၊ 4,000 mAh battery ၊ 15W charging ၊ headphone jack ၊ dual SIM support နဲ့ Android 10 (One UI 2.0) တို့ကို မြင်တွေ့ရမှာပါ။

[Zawgyi]

မႏွစ္တုန္းက Samsung ရဲ႕ စမတ္ဖုန္းမိတ္ဆက္တဲ့နည္းဗ်ဴဟာေျပာင္းလဲမႈဟာ သိသာခဲ့ပါတယ္။ flagship ေတြထက္ mid-range ပိုင္းမွာ ဆန္းသစ္မႈေတြကို ဦးစားေပးလုပ္ေဆာင္ခဲ့တာကို ကၽြန္ေတာ္တို႕ ေတြ႕ျမင္ခဲ့ရပါတယ္။ အဲဒီမတုိင္ခင္မွာ Galaxy S နဲ႕ Galaxy Note ေတြကိုအသံုးျပဳျပီးေတာ့ brand new feature ေတြကို မိတ္ဆက္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ Galaxy A series ရဲ႕ ဟန္းဆက္ေတြမွာ feature အသစ္ေတြကို ထည့္သြင္းထုတ္လုပ္လာခဲ့ပါတယ္။ အဲဒီေနာက္မွ အဆင့္ျမွင့္တင္မႈေတြျပဳလုပ္ျပီးေတာ့ flagship ဖုန္းေတြထဲကို ထည့္သြင္းတဲ့နည္းဗ်ဴဟာကို ေျပာင္းလဲအသံုးျပဳတာပါ။ Galaxy S10 ဒီဇိုင္းအတည္ျပဳခဲ့တဲ့ ျပီးခဲ့တဲ့ဒီဇင္ဘာတုန္းက ကၽြန္ေတာ္တို႕သိခဲ့တာပါ။ ဒီတစ္ေခါက္လည္း Galaxy S11 အလွည့္ကို ေရာက္လာပါျပီ။
မႏွစ္တုန္းက Galaxy A8s ဟာ hole-punch display ပါ၀င္တဲ့ Samsung အတြက္ ပထမဆံုးဖုန္းတစ္လံုးျဖစ္ခဲ့ပါတယ္။ အဲဒီဖုန္းေလးမွာ all-screen LCD display ၊ ကင္မရာအေပါက္ တို႕ကို တြဲဖက္ေတြ႕ျမင္ရပါတယ္။ Samsung ရဲ႕ ပထမဆံုးေသာ Infinity-O screen ျဖစ္ျပီးေတာ့ ဒီဇုိင္းပိုင္းကို Galaxy S10 နဲ႕ Note 10 series ေတြအတြက္ ေရွ႕ေျပးအေနနဲ႕ လုပ္ေဆာင္ျပသခဲ့တာပါ။ အလားတူပဲ ၂၀၁၈ေနာက္ပိုင္းမွာ အျခားေသာ Galaxy A ဖုန္းေတြကိုလည္း မိတ္ဆက္ခဲ့ပါတယ္။ ေအာက္မွာျပထားတဲ့ A8s လည္း အပါအ၀င္ပါ။ သူကေတာ့ အေနာက္ကင္မရာအတြက္ lens အေတာ္မ်ားမ်ားကို သံုးထားျပီး ကင္မရာေလးလံုးထည့္သြင္းခဲ့ပါတယ္။ S10 နဲ႕ Note 10 မွာလည္း multi-lens camera စနစ္ကို ေတြ႕ျမင္ရပါတယ္။
Samsung ရဲ႕ အသစ္မိတ္ဆက္ထားတဲ့ A51 ဖုန္းေလးဟာ အရင္အပတ္ေတြထဲက လူေျပာမ်ားေနတာ ဒါေၾကာင့္ျဖစ္ပါတယ္။
အဲဒီဖုန္းေလးမွာ Galaxy Note 10 လိုပဲ all-screen display ကို အသံုးျပဳထားျပီး hole-punch camera ေလးကို အလယ္မွာထားရွိပါတယ္။ Galaxy S11 ကလည္း ဒီလိုဒီဇုိင္းျဖစ္မယ္လို႕ ေျပာေနၾကတာပါ။ S11 မွာေတာ့ curved display edge ေတြပါ၀င္ေနျပီး Galaxy A51 ကေတာ့ flat screen ပါ။ Galaxy S11e ကလည္း အရင္တုန္းကေျပာထားသလို curved ပါပဲ။
စိတ္၀င္စားဖို႕ပိုေကာင္းလာတာက Galaxy A51 မွာ အေနာက္ကင္မရာမွာ lens ေလးခုပါပါတယ္။ အရင္တုန္းက မလုပ္ဖူးတဲ့ပံုစံမ်ိဳးကို အသံုးျပဳထားတာပါ။ ၾကီးမားျပီး ေလးေထာင့္ပံုစံရွိတဲဲ့ ကင္ရာစနစ္ေၾကာင့္ iPhone 11 နဲ႕ Pixel 4 ရဲ႕ ကင္မရာေတြကို ေျပးျမင္မိေစပါတယ္။ Galaxy S11 မွာ အဲဒီလိုဒီဇုိင္းကိုပဲ အသံုးျပဳထားပါတယ္။ Galaxy S11 မွာေတာ့ lens သံုးခုကေန ငါးခုအထိ ရွိႏုိင္ပါတယ္။


Galaxy S11 ကို ေဖေဖာ္၀ါရီလလယ္ေလာက္အထိ မိတ္ဆက္မယ့္ပံု မေပၚေသးပါဘူး။ Galaxy A51 ကေတာ့ Galaxy S10 နဲ႕ Note 10 ဒီဇုိင္းေတြကို သံုးစြဲသူအဆင္ေျပေအာင္ ျပန္လည္ျပင္ဆင္ထားေၾကာင္း ေျပာျပေနပါတယ္။ mid-range ဖုန္းအသစ္ေလးက 2019 Galaxy A ဖုန္းေတြရဲ႕ဒီဇုိင္းကို ခ်ျပခဲ့သလို ေနာက္ႏွစ္ရဲ႕ flagship အတြက္ကိုလည္း အျမည္းေကၽြးသြားခဲ့တာပါ။
အေသးစိတ္အခ်က္အလက္ပိုင္းမွာေတာ့ A51 ဟာ mid-range ျဖစ္တာမို႕ 6.5-inch Infinity-O OLED screen ကို Full HD resolution နဲ႕ in-display fingerprint sensor ၊ Exynos 9611 chip ၊ 4GB or 6GB RAM ၊ 64GB or 128GB storage ၊ microSD support ၊ quad-lens primary camera (48-megapixel, 12-megapixel ultra-wide, 5-megapixel depth, 5-megapixel macro lenses) ၊ 32-megapixel selfie camera ၊ 4,000 mAh battery ၊ 15W charging ၊ headphone jack ၊ dual SIM support နဲ႕ Android 10 (One UI 2.0) တို႕ကို ျမင္ေတြ႕ရမွာပါ။

Ref : bgr

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.