[Unicode]
Huawei ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ရဲ့ပြောစကားအရဆိုရင် ၂၀၂၀ကစပြီးတော့ သူတို့ရဲ့ကိုယ်ပိုင် OS ဖြစ်တဲ့ Harmony OS ကို များများသုံးသွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ဒါပေမယ့်လည်း ဖုန်း၊ တက်ဘလက်နဲ့ ကွန်ပျူတာတွေကုတော့ Harmony OS နဲ့ ဖြန့်ချိလို့မရပါဘူး။
သူတို့ရဲ့ကိုယ်ပိုင် OS ဟာ Android, Windows နဲ့ အခြားသောအရေးကြီးအစိတ်အပိုင်းတွေကို လုံးဝကြီးဆုံးရှုံးလိုက်ရတော့မယ်ဆိုရင် အသုံးပြုမယ်ဆိုပြီးထားတာဖြစ်ပါတယ်။
မကြာသေးခင်ကအချိန်အထိ Harmony OS ဟာ စမတ်ဖုန်းတွေပေါ်က Android ရဲ့နေရာကို ယူနိုင်တယ်လို့ တွေးထားခဲ့ပါတယ်။ ယူအက်စ်ဟာ Huawei ကို အမေရိကန်နည်းပညာတွေ ဝယ်ယူသုံးစွဲခြင်းမှ ပိတ်ပင်လိုက်တဲ့အတွက်ကြောင့် Google Android ကလည်း အဲဒီနည်းပညာတွေထဲမှာ ပါဝင်နေပါတယ်။
Huawei အနေနဲ့ စမတ်ဖုန်းမှာတော့ Android ကို တွယ်ကပ်ထားနိုင်တယ်လို့ သိရပါတယ်။ Harmony OS ကို smart screens, smartwatches, speakers နဲ့ virtual reality gadgets တွေမှာ ဖြည်းဖြည်းချင်း ထွက်ရှိပေးသွားမှာပါ။
[Zawgyi]
Huawei ရဲ႕ေျပာေရးဆုိခြင့္ရွိသူတစ္ေယာက္ရဲ႕ေျပာစကားအရဆိုရင္ ၂၀၂၀ကစျပီးေတာ့ သူတို႕ရဲ႕ကိုယ္ပိုင္ OS ျဖစ္တဲ့ Harmony OS ကို မ်ားမ်ားသံုးသြားဖို႕ စီစဥ္ေနေၾကာင္း သိရပါတယ္။
ဒါေပမယ့္လည္း ဖုန္း၊ တက္ဘလက္နဲ႕ ကြန္ပ်ဴတာေတြကုေတာ့ Harmony OS နဲ႕ ျဖန္႕ခ်ိလို႕မရပါဘူး။
သူတို႕ရဲ႕ကိုယ္ပုိင္ OS ဟာ Android, Windows နဲ႕ အျခားေသာအေရးၾကီးအစိတ္အပိုင္းေတြကို လံုး၀ၾကီးဆံုးရွံဳးလုိက္ရေတာ့မယ္ဆိုရင္ အသံုးျပဳမယ္ဆိုျပီးထားတာျဖစ္ပါတယ္။
မၾကာေသးခင္ကအခ်ိန္အထိ Harmony OS ဟာ စမတ္ဖုန္းေတြေပၚက Android ရဲ႕ေနရာကို ယူႏုိင္တယ္လို႕ ေတြးထားခဲ့ပါတယ္။ ယူအက္စ္ဟာ Huawei ကို အေမရိိကန္နည္းပညာေတြ ၀ယ္ယူသံုးစြဲျခင္းမွ ပိတ္ပင္လိုက္တဲ့အတြက္ေၾကာင့္ Google Android ကလည္း အဲဒီနည္းပညာေတြထဲမွာ ပါ၀င္ေနပါတယ္။
Huawei အေနနဲ႕ စမတ္ဖုန္းမွာေတာ့ Android ကို တြယ္ကပ္ထားႏုိင္တယ္လို႕ သိရပါတယ္။ Harmony OS ကို smart screens, smartwatches, speakers နဲ႕ virtual reality gadgets ေတြမွာ ျဖည္းျဖည္းခ်င္း ထြက္ရွိေပးသြားမွာပါ။
Ref : pocketnow