Apple Store hardware ဝယ်ယူမှုအားလုံးအတွက် Apple Card cashback ကို နှစ်ဆတိုးပေးထား

0
427

[Unicode]

Apple ဟာ Apple Card သုံးစွဲသူတွေအတွက် 6% Daily Cash cashback ကို ပေးအပ်နေပါတယ်။ Apple Card နဲ့ဝယ်ယူမှုပြုလုပ်မယ်ဆိုရင်ပေးနေကျထက် နှစ်ဆတိုးပေးထားတာပါ။ ဒါပေမယ့်လည်း ကန့်သတ်ချက်လေးတွေတော့ ထားပါတယ်။
6% cashback offer ကတော့ store or online ကနေ Apple hardware တွေကို ဝယ်ယူတဲ့အခါမှာသာ အကျုံးဝင်မှာဖြစ်ပါတယ်။ ဒါကြောင့် iPhone, AirPods or Mac တို့ဝယ်ယူမှ ခံစားခွင့်ရမယ်လို့ ပြောချင်တာပါ။
iCloud storage or Apple Music တွေဝယ်ယူခြင်းကတော့ အကျုံးမဝင်ပါဘူး။ 3% Daily Cash တော့ ရပါလိမ့်မယ်။ 6% Daily Cash ဟာ iPhone Upgrade Program လိုမျိုး payment plan တွေအတွက်လည်း redeem ပြန်လုပ်လို့ မရနိုင်ပါဘူး။
ဒီပရိုမိုးရှင်းလေးကို ဒီဇင်ဘာ ၃၁ရက်နေ့အထိ ချပေးထားပါတယ်။ တကယ်လို့ new Mac Pro အသစ်တစ်လုံးဝယ်မယ်ဆိုကြပါစို့။ ယူအက်စ်မှာနေမယ်ဆိုရင်တော့ 6% off မှာ အသေအချာပါပဲ။

[Zawgyi]


Ref : 9to5mac

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.