Apple smart glasses ကိုထိုးနှက်မယ့် တရုတ်လုပ်ငန်း
0
1481
[Unicode]
Apple ရဲ့ AR glasses အကြောင်းကြားနေခဲ့တာ အတော်ကြာပါပြီ။ ဒါပေမယ့်လည်း ၂၀၂၁နောက်ပိုင်းလောက်မှမြင်ရဖို့တောင် မသေချာနေပါဘူး။ အဲလောက်အထိ မစောင့်ချင်ဘူးဆိုရင်တော့ တရုတ်နည်းပညာ brand Oppo က စိတ်ဝင်စားဖို့ကောင်းတာလေးတစ်ခုကို မိတ်ဆက်ထားပါတယ်။
Inno Day 2019 မှာ glasses တွေကို ပြသခဲ့တာဖြစ်ပါတယ်။ Inno Day 2019 ကတော့ သူ့ရဲ့နှစ်စဉ်ကျင်းပလေ့ရှိတဲ့ နည်းပညာ conference တစ်ခုဖြစ်ပါတယ်။ true wireless headphone အသစ်တွေနဲ့ Oppo smartwatch တို့ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
AR goggles လေးတွေကတော့ နည်းပညာမြင့် optics နဲ့ sensors တွေပါဝင်ပါတယ်။ fisheye lenses နှစ်ခု၊ depth sensing အတွက် time-of-flight (ToF) lens ၊ standard HD camera တို့ပါဝင်နေတော့ AR experience ပေးစွမ်းနိုင်မယ့်ကင်မရာလေးလုံးအတွဲလို့တောင်ပြောနိုင်ပါတယ။်
audio-visual experience ကိုမျောပါခံစားနိုင်စေဖို့အတွက် 3D surround sound ပါဝင်ဦးမှာပါ။ ဒါဟာ ဂိမ်းကစားမယ့်သူတွေအတွက်ကတော့ စိတ်ကြိုက်ဖြစ်စေမှာပါ။
smart glasses ကိုကြေညာတဲ့အချိန်မှာ Oppo က glasses အတွက် အဓိက application သုံးခုကို ပြောခဲ့ပါတယ်။ AR ‘content’, ‘game’, ‘service’ တို့ဖြစ်ပါတယ်။ ဂိမ်းကတော့ သူ့သဘောအရ နားလည်နေပြီးသားဖြစ်ပေမယ့်လည်း ‘content’ နဲ့ ‘service’ က ဘယ်လိုဟာတွေလဲ သိချင်နေကြမှာပါ။
live demo လေးအတွင်းမှာတော့ glasses အသုံးပြုပုံလေးကို ပြသထားခဲ့ပါတယ်။ အဲဒီမှာ ပညာရေးအတွက်အသုံးပြုနိုင်တဲ့ solar system လေးကို ပြသနေတဲ့ပုံလေးပါ။ မြေပုံကို အပေါ်ကနေအောက်အထိ သွားလာကြည့်ရှုနေတာကို ပြသထားပါတယ်။
smart glasses တေါကို ၂၀၂၀ ပထမကွာတားမှာ ထွက်ရှိမယ်လို့ ပြောထားပါတယ်။ ဒီတော့ ဖေဖော်ဝါရီလမှာကျင်းပလေ့ရှိတဲ့ MWC 2020 မှာ မြင်ရမှာပေါ့။
၂၀၂၁မှာ Apple ရဲ့ AR glasses တွေကို မျှော်မှန်းထားကြပေမယ့်လည်း ၂၀၂၃လောက်မှ မြင်ရမလား မသေချာနေပါဘူး။ Oppo ကတော့ ဒီတစ်ခေါက်မှာ Apple ကို ထိုးနှက်လိုက်တယ်လို့ မြင်ပါတယ်။ ဒီတော့ ဘယ်လိုအချက်အလက်တွေပါဝင်နေမလဲ။ ဘယ်လိုတွေအသုံးပြုလို့ရမလဲ။ compatible ဖြစ်မှုက ဘယ်လောက်ကောင်းသလဲဆိုတာကိုတော့ နောက်ထပ်သတင်းတွေမှာ ဆက်လက်စောင့်ကြည့်ရမှာပါ။
[Zawgyi]
Ref : techradar
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.