အီးမေးလ်အတွင်းမှာ အီးမေးလ်တွေကို လွယ်ကူစွာ attach လုပ်နိုင်တော့မယ့် Gmail update
0
613
[Unicode]
Google က Gmail မှာ email attachment ကို ရိုးရှင်းအောင်လုပ်ဆောင်လိုက်ပါတယ်။ email service အတွက် update တင်ပြီးတဲ့အခါမှာ emails … to emails attach လုပ်နိုင်တာကို တွေ့ရပါတယ်။ အဲဒီ feature လေးကတော့ ပြန်ကြည့်ရတာအဆင်မပြေလှတဲ့ forward message လုပ်နေရမှုကို ပြေလည်သွားစေမယ်လို့ Google က မျှော်လင့်ပြီး လုပ်ဆောင်ပေးလိုက်တာ ဖြစ်ပါတယ်။
အကြောင်းအရာတစ်ခုအတွက် မက်ဆေ့ချ်ပေါင်းများစွာကို forward လုပ်ပေးနေရမယ့်အစား email တွေကို attach လုပ်ပေးလိုက်ရတာက ပိုပြီးတော့ဖြစ်သင့်တယ်လို့ယူဆရတဲ့ အခြေအေနေတွေရှိကြောင်း ကျွန်တော်တို့ကြားမိပါတယ်။ ဒီလုပ်ဆောင်ချက်အသစ်လေးနဲ့ဆိုရင် အဆင်ပြေမှာပါ။ email တွေကို attachment အဖြစ်နဲ့ပေးပို့နိုင်တဲ့အတွက်ကြောင့် လက်ခံတဲ့သူကလည်း မက်ဆေ့ချ်တစ်စောင်တည်းနဲ့ အနှစ်ချုပ်ကိုသိနိုင်မှာပါ။ အဲဒီ email တွေကိုလည်း လက်ခံသူက တိုက်ရိုက်ဖွင့်ကြည့်နိုင်မှာပါလို့ G Suite blog post မှာ တင်ထားပါတယ်။
Gmail ပေါ်မှာ attaching email ဆိုတဲ့ option လေးက အရင်တည်းက ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း .eml file အဖြစ်နဲ့ဒေါင်းပြီး upload လုပ်ရပါသေးတယ်။ ပြီးတော့မှ ပို့လို့ရတာပါ။
Update လေးမှာတော့ တိုက်ရိုက်ပဲ emails as attachment ခလုတ်လေးကို ထည့်သွင်းပေးထားပါတယ်။ ညာဘက်က အစက်သုံးစက်လေးထဲမှာ တွေ့မြင်နိုင်ပါတယ်။ လိုချင်တဲ့ အီးမေးလ်တွေကိုလည်း drag and drop လုပ်လို့ရပါသေးတယ်။
G Suite business သုံးစွဲသူတွေကတော့ ဒီ feature လေးကို ရနေပြီလို့ ပြောပါတယ်။ အခြားသူတွေကတော့ လုပ်ဆောင်နေဆဲပါ။ ၂၀၂၀ ဇန်နဝါရီလောက်မှာတော့ ရဖို့မှန်းထားပါတယ်။ Android နဲ့ iOS app တွေမှာ ထောက်ပံ့ပေးမလားဆိုတာကတော့ မသိရသေးပါဘူး။
အခုဆိုရင် အလိုအလျောက်ပျက်သွားမယ့် email တွေပို့လို့ရနေပြီ။ quick replies အတွက်လည်း smart response တွေ သတ်မှတ်ထားလို့ရနေပြီ။ Keep နဲ့ Tasks လိုမျိုး Google service တွေကိုလည်း sidebar ကနေ လှမ်းသုံးလို့ရနေပြီ။ Smart Compose နဲ့ဆိုရင် အရင် email နဲ့ preference တွေအပေါ်အခြေခံပြီးတော့ ဘာရေးမလဲဆိုတာကို Gmail က ခန့်မှန်းပေးနိုင်တယ်။
[Zawgyi]
Ref : digitaltrends
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.