iPhone 11 ထက် ဘတ်ရီသက်တမ်းပိုကောင်းလာနိုင်တဲ့ iPhone 12

0
792

[Unicode]

iPhone 11 ဖုန်းတွေဟာ အရင်ဖုန်းတွေလိုပဲ ဒီဇိုင်းကပြောင်းလဲသွားတာမရှိပါဘူး။ ဒါပေမယ့်လည်း ပိုကောင်းတဲ့စမတ်ဖုန်းတွေလို့တော့ ဆိုနိုင်ပါတယ်။ feature အသစ်တွေနဲ့ သူတို့ကို ထူးခြားကွဲထွက်နေစေခဲ့ပါတယ်။ brand new ကင်မရာစနစ်၊ ပိုမိုကောင်းမွန်လာတဲ့ ဘတ်ထရီသက်တမ်းတွေကြောင့်ပေါ့။ နောက်နှစ်မှာလည်း ကင်မရာနဲ့ ဘတ်ထရီတွေကို တိုးတက်အောင်လုပ်ဆောင်နိုင်ဦးမယ်လို့ မျှော်မှန်းထားပါတယ်။ iPhone 12 ဟာ ဒီနှစ်ဖုန်းတွေထက် ဘာကြောင့်ဘတ်ထရီသက်တမ်းပိုကောင်းလာနိုင်သလဲဆိုတာကို ရှင်းပြပေးထားပါတယ်။
iPhone 11 eventအတွင်းမှာတုန်းက ဘတ်ထရီနဲ့ပတ်သတ်လို့ကြေညာတုန်းမှာ ပရိသတ်တွေကို အံ့သြစေခဲ့ပါတယ်။ iPhone 11 series မှာ ဘာကြောင့်ပိုကောင်းလာရသလဲဆိုတာကိုလည်း ရှင်းပြပေးခဲ့ပါတယ်။ brand new A13 chip စွမ်းအားကြောင့်ဆိုပေမယ့်လည်း သူတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ iPhone 11 မော်ဒယ်လ်အားလုံးမှာ 3D Touch screen layer ဖြုတ်လိုက်ပြီး iPhone XS နဲ့ XR တို့ထက် ပိုထူလာပါတယ်။ ဒါတွေကြောင့်ပဲ ဘတ်ထရီပမာဏကို တိုးလိုက်နိုင်ခဲ့တာပါ။ iPhone 11 Pro Max ဟာ XS Max နဲ့ယှဉ်လိုက်တဲ့အခါမှာ ငါးနာရီအပိုထပ်ဆောင်းလုပ်ဆောင်လာနိုင်ပါတယ်။
iPhone 12 ရောက်လာချိန်မှာတော့ supplier တွေဆီ ဘတ်ထရီပိုင်းဆိုင်ရာဆန်းသစ်မှုတွေကို အသုံးပြုသွားလောက်ပါတယ်။ တောင်ကိုရီးယားရဲ့ ITM Semiconductor ကနေ iPhone အတွက် ပထမဆုံးအကြိမ်အဖြစ်နဲ့ Protection Circuit Module (PCM) လိုမျိုး battery protection circuit လေးတေါ ထောက်ပံ့ပေးတော့မှာပါ။
ITM က iPhone 11 battery parts supplier ထဲကတစ်ယောက်သာဖြစ်ပြီး ကျန်နှစ်ယောက်ကတော့ Compeq နဲ့ MinebeaMitsumi တို့ဖြစ်ပါတယ်။ နောက်နှစ်မှာ ITM က PMP battery protection circuit တွေကို iPhone 12 အတွက် ထောက်ပံ့ပေးနိုင်တယ်လို့ သုံးသပ်ထားပါတယ်။
Samsung ကလည်း PMP parts, or Protection Module Packages တွေကို Galaxy S11 မှာ အသုံးပြုမယ်လို့လည်း ကြားထားပါတယ်။ PMP ဟာ Protection IC ကို MOSFET နဲ့ PCB တို့မှာပေါင်းစပ်လိုက်တာမို့ PCM ဒီဇိုင်းမှာအသုံးပြုတဲ့ holder case လေးလိုအပ်မှုကိုလျှော့ချပေးလိုက်ပါတယ်။


ဒါကြောင့် over-charging ၊ over-discharging တွေကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ protection component တွေရဲ့အရွယ်အစားကို လျှော့ချနိုင်တဲ့အတွက်ကြောင့် ဘတ်ထရီအရွယ်အစားကို တိုးမြှင့်လာစေနိုင်ပါတယ်။
Galaxy S11 ဖုန်းတွေမှာ အရင် Galaxy S10 မော်ဒယ်လ်တွေထက် ဘတ်ထရီပိုကြီးလာမယ်ဆိုတာက PMP အစိတ်အပိုင်းတွေကို ပြောင်းလဲသုံးစွဲတဲ့အတွက်ကြောင့် ဖြစ်လာနိုင်တာပါ။
Samsung က Galaxy S11 ဖုန်းတွေကို ဖေဖော်ဝါရီလမှာ ထုတ်ပြသွားမှာပါ။ Apple ကတော့ OLED နဲ့ iPhone လေးလုံးလောက်တော့ ထုတ်ပြမှာပါ။ ဒါပေမယ့်လည်း စက်တင်ဘာလောက်မှပါ။

[Zawgyi]

iPhone 11 ဖုန္းေတြဟာ အရင္ဖုန္းေတြလိုပဲ ဒီဇုိင္းကေျပာင္းလဲသြားတာမရွိပါဘူး။ ဒါေပမယ့္လည္း ပိုေကာင္းတဲ့စမတ္ဖုန္းေတြလို႕ေတာ့ ဆိုႏုိင္ပါတယ္။ feature အသစ္ေတြနဲ႕ သူတို႕ကို ထူးျခားကြဲထြက္ေနေစခဲ့ပါတယ္။ brand new ကင္မရာစနစ္၊ ပိုမိုေကာင္းမြန္လာတဲ့ ဘတ္ထရီသက္တမ္းေတြေၾကာင့္ေပါ့။ ေနာက္ႏွစ္မွာလည္း ကင္မရာနဲ႕ ဘတ္ထရီေတြကို တုိးတက္ေအာင္လုပ္ေဆာင္ႏုိင္ဦးမယ္လို႕ ေမွ်ာ္မွန္းထားပါတယ္။ iPhone 12 ဟာ ဒီႏွစ္ဖုန္းေတြထက္ ဘာေၾကာင့္ဘတ္ထရီသက္တမ္းပိုေကာင္းလာႏုိင္သလဲဆိုတာကို ရွင္းျပေပးထားပါတယ္။
iPhone 11 eventအတြင္းမွာတုန္းက ဘတ္ထရီနဲ႕ပတ္သတ္လို႕ေၾကညာတုန္းမွာ ပရိသတ္ေတြကို အံ့ၾသေစခဲ့ပါတယ္။ iPhone 11 series မွာ ဘာေၾကာင့္ပိုေကာင္းလာရသလဲဆုိတာကိုလည္း ရွင္းျပေပးခဲ့ပါတယ္။ brand new A13 chip စြမ္းအားေၾကာင့္္ဆိုေပမယ့္လည္း သူတစ္ခုတည္းေၾကာင့္ မဟုတ္ပါဘူး။ iPhone 11 ေမာ္ဒယ္လ္အားလံုးမွာ 3D Touch screen layer ျဖဳတ္လုိက္ျပီး iPhone XS နဲ႕ XR တို႕ထက္ ပိုထူလာပါတယ္။ ဒါေတြေၾကာင့္ပဲ ဘတ္ထရီပမာဏကို တိုးလုိက္ႏုိင္ခဲ့တာပါ။ iPhone 11 Pro Max ဟာ XS Max နဲ႕ယွဥ္လုိက္တဲ့အခါမွာ ငါးနာရီအပိုထပ္ေဆာင္းလုပ္ေဆာင္လာႏုိင္ပါတယ္။
iPhone 12 ေရာက္လာခ်ိန္မွာေတာ့ supplier ေတြဆီ ဘတ္ထရီပိုင္းဆုိင္ရာဆန္းသစ္မႈေတြကို အသံုးျပဳသြားေလာက္ပါတယ္။ ေတာင္ကိုရီးယားရဲ႕ ITM Semiconductor ကေန iPhone အတြက္ ပထမဆံုးအၾကိမ္အျဖစ္နဲ႕ Protection Circuit Module (PCM) လိုမ်ိဳး battery protection circuit ေလးေတါ ေထာက္ပံ့ေပးေတာ့မွာပါ။
ITM က iPhone 11 battery parts supplier ထဲကတစ္ေယာက္သာျဖစ္ျပီး က်န္ႏွစ္ေယာက္ကေတာ့ Compeq နဲ႕ MinebeaMitsumi တုိ႕ျဖစ္ပါတယ္။ ေနာက္ႏွစ္မွာ ITM က PMP battery protection circuit ေတြကို iPhone 12 အတြက္ ေထာက္ပံ့ေပးႏုိင္တယ္လို႕ သံုးသပ္ထားပါတယ္။
Samsung ကလည္း PMP parts, or Protection Module Packages ေတြကို Galaxy S11 မွာ အသံုးျပဳမယ္လို႕လည္း ၾကားထားပါတယ္။ PMP ဟာ Protection IC ကို MOSFET နဲ႕ PCB တို႕မွာေပါင္းစပ္လိုက္တာမို႕ PCM ဒီဇိုင္းမွာအသံုးျပဳတဲ့ holder case ေလးလိုအပ္မႈကိုေလွ်ာ့ခ်ေပးလုိက္ပါတယ္။


ဒါေၾကာင့္ over-charging ၊ over-discharging ေတြကို ကာကြယ္ေပးႏုိင္တယ္လို႕ သိရပါတယ္။ protection component ေတြရဲ႕အရြယ္အစားကို ေလွ်ာ့ခ်ႏုိင္တဲ့အတြက္ေၾကာင့္ ဘတ္ထရီအရြယ္အစားကို တိုးျမွင့္လာေစႏုိင္ပါတယ္။
Galaxy S11 ဖုန္းေတြမွာ အရင္ Galaxy S10 ေမာ္ဒယ္လ္ေတြထက္ ဘတ္ထရီပိုၾကီးလာမယ္ဆုိတာက PMP အစိတ္အပိုင္းေတြကို ေျပာင္းလဲသံုးစြဲတဲ့အတြက္ေၾကာင့္ ျဖစ္လာႏုိင္တာပါ။
Samsung က Galaxy S11 ဖုန္္းေတြကို ေဖေဖာ္၀ါရီလမွာ ထုတ္ျပသြားမွာပါ။ Apple ကေတာ့ OLED နဲ႕ iPhone ေလးလံုးေလာက္ေတာ့ ထုတ္ျပမွာပါ။ ဒါေပမယ့္လည္း စက္တင္ဘာေလာက္မွပါ။

Ref : bgr

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.