Galaxy S10 lite, Note10 lite, Galaxy A71 နဲ့ A51 တို့ရဲ့ဈေးနှုန်းများပေါက်ကြား

0
1385

[Unicode]

Samsung Galaxy A (2020) ဖုန်းတွေကတော့ ဒီကြာသပတေးနေ့မှာ မိတ်ဆက်ပြသမှာဖြစ်ပေမယ့်လည်း Slovakian retailer ကတော့ သူ့ရဲ့ပေ့ချ်မှာ Galaxy A51 ၊ A91 တို့ကို ကြေညာဖို့မစောင့်နိုင်တော့ဘူးနဲ့တူပါတယ်။ ဒါပေမယ့် တစ်ယောက်ယောက်က ဈေးနှုန်းတွေကို ဖျောက်ပေးဖို့ မေ့သွားပါတယ်။
Samsung Galaxy A91 ကို “Galaxy S10 lite ဆိုပြီး အခြားဈေးကွက်မှာရောင်းချမယ်လို့ သတင်းတွေထွက်နေပါတယ်။ သူကတော့ ၆၇၀ယူရို ဖြစ်ပြီးတော့ flagship နယ်ပယ်ကို ဝင်ရောက်နေပါတယ်။
Galaxy A81 ကိုတော့ Galaxy Note10 lite အဖြစ်နဲ့အခြားဈေးကွက်တွေမှာ တွေ့မြင်နိုင်ပြီး ယူရို၆၁၀ ဖြစ်ပါတယ်။ ဈေးမသက်သာဘူးဆိုပေမယ့်လည်း S Pen နဲ့ Galaxy မော်ဒယ်လ်တစ်လုံးကို ဒီလောက်နဲ့ပဲ ရနိုင်မှာပါ။
Galaxy S10e ကတော့ ယူရို၇၅၀ ဖြစ်ပြီး Note10 ကတော့ ယူရို၉၅၀ ဖြစ်ပါတယ်။ Galaxy A80 ကတော့ ယူရို၆၅၀ဆိုပေမယ့်လည်း အခုတော့ ယူရို၅၄၅ ဖြစ်သွားပါပြီ။
Samsung Galaxy A71 နဲ့ Galaxy A51 ကတော့ နာမည်နောက်တစ်မျိုးတော့ မပေးထားသေးပါဘူး။ ယူရို၄၇၀ နဲ့ ၃၇၅ယူရိုဆိုပြီးတော့ ဈေးသတ်မှတ်ထားပါတယ်။ A61 တော့ မမြင်ရသေးပါဘူး။
ဒီဖုန်းလေးလုံးကို ဒီဇင်ဘာ၂၇ရက်နေ့မှာ ရရှိမှာဖြစ်ပါတယ်။ စတိုးကသတ်မှတ်ထားတဲ့ဈေးဆိုတော့ ဘယ်လောက်တိကျမလဲဆိုတာကတော့ မပြောနိုင်သေးပါဘူး။
Galaxy S10 lite နဲ့ အခြားဖုန်းတွေအတွက် အသေးစိတ်တွေထွက်ပေါ်နေသလို Galaxy A71 တို့လည်း ထွက်နေကြပါတယ်။ Weibo ပေါ်မှာတွေ့ထားတဲ့ promo video လေးကိုလည်း တင်ဆက်ပေးလိုက်ရပါတယ်။

https://myanmarmobileapp.org/wp-content/uploads/2019/12/gsmarena_005.mp4

[Zawgyi]

Samsung Galaxy A (2020) ဖုန္းေတြကေတာ့ ဒီၾကာသပေတးေန႕မွာ မိတ္ဆက္ျပသမွာျဖစ္ေပမယ့္လည္း Slovakian retailer ကေတာ့ သူ႕ရဲ႕ေပ့ခ်္မွာ Galaxy A51 ၊ A91 တို႕ကို ေၾကညာဖို႕မေစာင့္ႏုိင္ေတာ့ဘူးနဲ႕တူပါတယ္။ ဒါေပမယ့္ တစ္ေယာက္ေယာက္က ေစ်းႏႈန္းေတြကို ေဖ်ာက္ေပးဖို႕ ေမ့သြားပါတယ္။
Samsung Galaxy A91 ကို “Galaxy S10 lite ဆုိျပီး အျခားေစ်းကြက္မွာေရာင္းခ်မယ္လို႕ သတင္းေတြထြက္ေနပါတယ္။ သူကေတာ့ ၆၇၀ယူရို ျဖစ္ျပီးေတာ့ flagship နယ္ပယ္ကို ၀င္ေရာက္ေနပါတယ္။
Galaxy A81 ကိုေတာ့ Galaxy Note10 lite အျဖစ္နဲ႕အျခားေစ်းကြက္ေတြမွာ ေတြ႕ျမင္ႏုိင္ျပီး ယူရို၆၁၀ ျဖစ္ပါတယ္။ ေစ်းမသက္သာဘူးဆိုေပမယ့္လည္း S Pen နဲ႕ Galaxy ေမာ္ဒယ္လ္တစ္လံုးကို ဒီေလာက္နဲ႕ပဲ ရႏုိင္မွာပါ။
Galaxy S10e ကေတာ့ ယူရို၇၅၀ ျဖစ္ျပီး Note10 ကေတာ့ ယူရို၉၅၀ ျဖစ္ပါတယ္။ Galaxy A80 ကေတာ့ ယူရို၆၅၀ဆိုေပမယ့္လည္း အခုေတာ့ ယူရို၅၄၅ ျဖစ္သြားပါျပီ။
Samsung Galaxy A71 နဲ႕ Galaxy A51 ကေတာ့ နာမည္ေနာက္တစ္မ်ိဳးေတာ့ မေပးထားေသးပါဘူး။ ယူရို၄၇၀ နဲ႕ ၃၇၅ယူရိုဆိုျပီးေတာ့ ေစ်းသတ္မွတ္ထားပါတယ္။ A61 ေတာ့ မျမင္ရေသးပါဘူး။
ဒီဖုန္းေလးလံုးကို ဒီဇင္ဘာ၂၇ရက္ေန႕မွာ ရရွိမွာျဖစ္ပါတယ္။ စတိုးကသတ္မွတ္ထားတဲ့ေစ်းဆိုေတာ့ ဘယ္ေလာက္တိက်မလဲဆိုတာကေတာ့ မေျပာႏုိင္ေသးပါဘူး။
Galaxy S10 lite နဲ႕ အျခားဖုန္းေတြအတြက္ အေသးစိတ္ေတြထြက္ေပၚေနသလို Galaxy A71 တို႕လည္း ထြက္ေနၾကပါတယ္။ Weibo ေပၚမွာေတြ႕ထားတဲ့ promo video ေလးကိုလည္း တင္ဆက္ေပးလိုက္ရပါတယ္။

https://myanmarmobileapp.org/wp-content/uploads/2019/12/gsmarena_005.mp4

Ref : gsmarena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.