3D Touch မပါဘဲ iPhone 11 / Pro / Max ရဲ့ iOS 13 Keyboard Trackpad Feature လေးသုံးနည်း

0
4919

[Unicode]

iOS 13 virtual keyboard trackpad feature လေးကို iPhone 11, iPhone 11 Pro, iPhone 11 Pro Max မှာ 3D Touch မပါဘဲ ဘယ်လိုသုံးမလဲဆိုတာလေးကို ပြောပြပေးသွားမှာပါ။
iPhone 11, iPhone 11 Pro, iPhone 11 Pro Max ကို သုံးစွဲသူတွေထံ ထုတ်လုပ်ပေးလိုက်တာက မကြာသေးပါဘူး။ ဒီတော့ သုံးစွဲသူအသစ်တွေဆိုရင် ဖုန်းအသစ်မှာ အခြေခံကျတဲ့အချက်လေးတွေတောင်မှ အခက်အခဲရှိလာနိုင်ပါတယ်။ အဆင်ပြေပါတယ်။ virtual trackpad ဘယ်လိုသုံးမလဲဆိုတာတောင်မှ ပြောင်းလဲသွားသေးတာပဲမဟုတ်လား။
3D Touch ကို iPhone အသစ်တွေမှာ ဖြုတ်လိုက်တယ်ဆိုတော့ ပြောင်းလဲသွားတာလေးတွေရှိနေပါတယ်။ နည်းလမ်းက မခက်ပါဘူး။
အဆင့် ၁ ။ ကီးဘုတ်ပေါ်နေတဲ့အချိန်မှာ Space bar လေးကို ဖိထားလိုက်ပါ။
အဆင့် ၂ ။ ကီးတွေပျောက်သွားတာနဲ့ cursor လေးရွှေ့လို့ရအောင် လက်လေးနဲ့ swipe လိုက်ပါ။
အရင်တုန်းက 3D Touch နည်းလမ်းနဲ့ အရမ်းကြီးကွာခြားသွားတာမဟုတ်ပေမယ့်လည်း သတိမထားလိုက်မိရင်တော့ ပြောင်းလဲမှုကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။
iPhone 11, iPhone 11 Pro, iPhone 11 Pro Max တို့ iPhone XR တို့မှာ ဘယ်လိုလုပ်သလဲဆိုတာပါ။ iPhone XS နဲ့ iPhone XS Max တို့မှာ 3D Touch သုံးတယ်ဆိုရင်တော့ အရင်တုန်းကနည်းလမ်းအတိုင်းပဲ အသုံးပြုရမှာပါ။

[Zawgyi]

iOS 13 virtual keyboard trackpad feature ေလးကို iPhone 11, iPhone 11 Pro, iPhone 11 Pro Max မွာ 3D Touch မပါဘဲ ဘယ္လိုသံုးမလဲဆိုတာေလးကို ေျပာျပေပးသြားမွာပါ။
iPhone 11, iPhone 11 Pro, iPhone 11 Pro Max ကို သံုးစြဲသူေတြထံ ထုတ္လုပ္ေပးလိုက္တာက မၾကာေသးပါဘူး။ ဒီေတာ့ သံုးစြဲသူအသစ္ေတြဆိုရင္ ဖုန္းအသစ္မွာ အေျခခံက်တဲ့အခ်က္ေလးေတြေတာင္မွ အခက္အခဲရွိလာႏုိင္ပါတယ္။ အဆင္ေျပပါတယ္။ virtual trackpad ဘယ္လုိသံုးမလဲဆိုတာေတာင္မွ ေျပာင္းလဲသြားေသးတာပဲမဟုတ္လား။
3D Touch ကို iPhone အသစ္ေတြမွာ ျဖဳတ္လုိက္တယ္ဆိုေတာ့ ေျပာင္းလဲသြားတာေလးေတြရွိေနပါတယ္။ နည္းလမ္းက မခက္ပါဘူး။
အဆင့္ ၁ ။ ကီးဘုတ္ေပၚေနတဲ့အခ်ိန္မွာ Space bar ေလးကို ဖိထားလိုက္ပါ။
အဆင့္ ၂ ။ ကီးေတြေပ်ာက္သြားတာနဲ႕ cursor ေလးေရႊ႕လို႕ရေအာင္ လက္ေလးနဲ႕ swipe လိုက္ပါ။
အရင္တုန္းက 3D Touch နည္းလမ္းနဲ႕ အရမ္းၾကီးကြာျခားသြားတာမဟုတ္ေပမယ့္လည္း သတိမထားလိုက္မိရင္ေတာ့ ေျပာင္းလဲမႈၾကီးတစ္ခု ျဖစ္လာႏုိင္ပါတယ္။
iPhone 11, iPhone 11 Pro, iPhone 11 Pro Max တို႕ iPhone XR တို႕မွာ ဘယ္လိုလုပ္သလဲဆိုတာပါ။ iPhone XS နဲ႕ iPhone XS Max တို႕မွာ 3D Touch သံုးတယ္ဆိုရင္ေတာ့ အရင္တုန္းကနည္းလမ္းအတုိင္းပဲ အသံုးျပဳရမွာပါ။

Ref : redmondpie

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.