မက္ကဆီကို ကဒ်ဂိမ်းတစ်ခုဖြစ်တဲ့ Loteria ကစားဖို့ဖိတ်ခေါ်နေတဲ့ Google Doodle

0
532

[Unicode]

interactive Doodle လေးကနေ browser မှာပဲ bingo-style multiplayer game လေးတစ်ခုကို ကစားနိုင်အောင် ပြင်ဆင်ထားပေးပါတယ်။
Google က Loteria ဆိုတဲ့ မက္ကဆီကို ကဒ်ဂိမ်းတစ်ခုကိုဆော့ရင်းနဲ့ တနင်္လာနေ့ကို ဖြတ်သန်းစေချင်တဲ့ပုံပါပဲ။ သူငယ်ချင်းတွေနဲ့အတူတူဆော့ဖို့ ပွဲတစ်ခုဖန်တီးနိုင်သလို၊ ကျပန်းလူတွေနဲ့ဆော့လို့လည်းရပါတယ်။
ဂိမ်းပုံစံလေးကတော့ ကစားသူလေးယောက်ရှိရပါမယ်။ ကျွန်တော်တို့ကို ကဒ်လေးတွေ ၁၆ခု ပေးထားပါတယ်။ ကျပန်းလှန်လိုက်တဲ့ကဒ်လေးနဲ့ ကျွန်တော်တို့ဆီမှာရှိနေတဲ့ကဒ်လေးက တူခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့ကိုပေးထားတဲ့ ပဲစေ့လေးတွေကို ကဒ်လေးပေါ်ကိုတင်ရမှာဖြစ်ပါတယ်။
တစ်ပွဲနဲ့တစ်ပွဲ အနိုင်ရရှိမှုကိုသတ်မှတ်ထားတဲ့စည်းမျဉ်းက မတူပါဘူး။ အကြောင်းကတော့ ပဲစေ့တန်းတဲ့ပုံစံကို ကျပန်းရွေးချယ်လို့ဖြစ်ပါတယ်။ ဒေါင်လိုက်လေးခုဖြစ်ရင်ဖြစ်မယ်။ အလျားလိုက်လေးခုဖြစ်ရင်ဖြစ်မယ်။ သူသတ်မှတ်ထားတဲ့အတိုင်း ပဲစေ့အရင်တန်းတဲ့သူက အနိုင်ရရှိမှာဖြစ်ပါတယ်။
တနင်္လာနေ့မှာ အလုပ်ကပြန်လာလို့ ပင်ပန်းနေရင် ဂိမ်းလေးဆော့ပြီး ပျော်ရွှင်စွာ အနားယူနိုင်ကြပါစေ။

https://www.google.com/doodles/celebrating-loteria

[Zawgyi]

interactive Doodle ေလးကေန browser မွာပဲ bingo-style multiplayer game ေလးတစ္ခုကို ကစားႏုိင္ေအာင္ ျပင္ဆင္ထားေပးပါတယ္။
Google က Loteria ဆိုတဲ့ မကၠဆီကို ကဒ္ဂိမ္းတစ္ခုကိုေဆာ့ရင္းနဲ႕ တနလၤာေန႕ကို ျဖတ္သန္းေစခ်င္တဲ့ပံုပါပဲ။ သူငယ္ခ်င္းေတြနဲ႕အတူတူေဆာ့ဖို႕ ပြဲတစ္ခုဖန္တီးႏုိင္သလို၊ က်ပန္းလူေတြနဲ႕ေဆာ့လို႕လည္းရပါတယ္။
ဂိမ္းပံုစံေလးကေတာ့ ကစားသူေလးေယာက္ရွိရပါမယ္။ ကၽြန္ေတာ္တို႕ကို ကဒ္ေလးေတြ ၁၆ခု ေပးထားပါတယ္။ က်ပန္းလွန္လိုက္တဲ့ကဒ္ေလးနဲ႕ ကၽြန္ေတာ္တို႕ဆီမွာရွိေနတဲ့ကဒ္ေလးက တူခဲ့မယ္ဆုိရင္ေတာ့ ကၽြန္ေတာ္တို႕ကိုေပးထားတဲ့ ပဲေစ့ေလးေတြကို ကဒ္ေလးေပၚကိုတင္ရမွာျဖစ္ပါတယ္။
တစ္ပြဲနဲ႕တစ္ပြဲ အႏုိင္ရရွိမႈကိုသတ္မွတ္ထားတဲ့စည္းမ်ဥ္းက မတူပါဘူး။ အေၾကာင္းကေတာ့ ပဲေစ့တန္းတဲ့ပံုစံကို က်ပန္းေရြးခ်ယ္လို႕ျဖစ္ပါတယ္။ ေဒါင္လုိက္ေလးခုျဖစ္ရင္ျဖစ္မယ္။ အလ်ားလုိက္ေလးခုျဖစ္ရင္ျဖစ္မယ္။ သူသတ္မွတ္ထားတဲ့အတုိင္း ပဲေစ့အရင္တန္းတဲ့သူက အႏုိင္ရရွိမွာျဖစ္ပါတယ္။
တနလၤာေန႕မွာ အလုပ္ကျပန္လာလို႕ ပင္ပန္းေနရင္ ဂိမ္းေလးေဆာ့ျပီး ေပ်ာ္ရႊင္စြာ အနားယူႏုိင္ၾကပါေစ။

https://www.google.com/doodles/celebrating-loteria

Ref : cnet

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.