Webpage တေကို QR code သုံးပြီး ဖုန်းကိုပေးပို့နိုင်စေမယ့် Chrome Canary

0
674

[Unicode]

လက်ရှိမှာ စမ်းသပ်နေဆဲဖြစ်ပြီးတော့ အသုံးပြုလို့တော့ မရနိုင်သေးပါဘူး။ Chrome မှာ ဖုန်းကနေကွန်ပျူတာ၊ ကွန်ပျူတာကနေဖုန်းကို ဝက်ဘ်ပေ့ချ်တွေ အပြန်အလှန်ပေးပို့နိုငပေမယ့်လည်း လက်ရှိအနေအထားအရဆိုရင်တော့ ဖုန်းရောကွန်ပျူတာမှာပါ Google အကောင့်ဝင်ထားဖို့လိုအပ်ပါတယ်။ Chrome browser ကို နှစ်ဖက်လုံးမှာ အသုံးပြုနေဖို့လည်း လိုအပ်ပါတယ်။ privacy ကြောင့်ဖြစ်ဖြစ်၊ အခြား mobile browser သုံးနေတဲ့သူဖြစ်ဖြစ် အဆင်ပြေဖို့အတွက် နည်းလမ်းအသစ်လေးကို သူတို့ကဖန်တီးပေးလိုက်ပါတယ်။
Chrome Canary အတွက် စမ်းသပ်နေတဲ့ flag အသစ်လေးဟာ desktop browser ကနေ လက်ရှိရောက်နေတဲ့ဝက်ဘ်ပေ့ချ်အတွက် URL ပါဝင်တဲ့ QR code လေးကို ဖန်တီးပေးဖို့အတွက် တောင်းဆိုနိုင်ပါတယ်။ ဒါလေးက QR scanner အသုံးပြုပြီးတော့ ဖုန်းမှာဝင်ရောက်နိုင်ဖို့အတွက် ကူညီပေးမှာပါ။ ဖုန်းမှာ Google အကောင့်ထည့်ပြီးမှ ဝင်စရာမလိုတော့ပါဘူး။ ပိုမိုမြန်ဆန်လာပြီလို့ ဆိုနိုင်မှာပါ။
URL bar မှာ “chrome://flags” လို့ရိုက်ပြီးတော့ ‘Enable sharing page via QR code’ လို့ရှာလိုက်ရင် feature အသစ်လေးကို သုံးခွင့်ပေးပါလိမ့်မယ်။ enable လုပ်ပြီးတာနဲ့ ကြိုက်တဲ့ပေ့ချ်မှာ right-click လုပ်လိုက်ရင် QR code ထုတ်ဖို့ option လေးမြင်ရပါလိမ့်မယ်။ ဒါပေမယ့်လည်း အဆင်မပြေသေးပါဘူး။ သူတို့စမ်းနေတုန်းမို့ ဖြစ်ပါလိမ့်မယ်။
(ကျွန်တော်စမ်းကြည့်တာတော့ ဘာမှကိုကျမလာတော့ဘူး။ ပိတ်လိုက်ပြီထင်တယ်။)

[Zawgyi]

လက္ရွိမွာ စမ္းသပ္ေနဆဲျဖစ္ျပီးေတာ့ အသံုးျပဳလို႕ေတာ့ မရႏုိင္ေသးပါဘူး။ Chrome မွာ ဖုန္းကေနကြန္ပ်ဴတာ၊ ကြႏ္ပ်ဴတာကေနဖုန္းကို ၀က္ဘ္ေပ့ခ်္ေတြ အျပန္အလွန္ေပးပို႕ႏုိ္ငေပမယ့္လည္း လက္ရွိအေနအထားအရဆိုရင္ေတာ့ ဖုန္းေရာကြန္ပ်ဴတာမွာပါ Google အေကာင့္၀င္ထားဖို႕လိုအပ္ပါတယ္။ Chrome browser ကို ႏွစ္ဖက္လံုးမွာ အသံုးျပဳေနဖို႕လည္း လိုအပ္ပါတယ္။ privacy ေၾကာင့္ျဖစ္ျဖစ္၊ အျခား mobile browser သံုးေနတဲ့သူျဖစ္ျဖစ္ အဆင္ေျပဖို႕အတြက္ နည္းလမ္းအသစ္ေလးကို သူတို႕ကဖန္တီးေပးလုိက္ပါတယ္။
Chrome Canary အတြက္ စမ္းသပ္ေနတဲ့ flag အသစ္ေလးဟာ desktop browser ကေန လက္ရွိေရာက္ေနတဲ့၀က္ဘ္ေပ့ခ်္အတြက္ URL ပါ၀င္တဲ့ QR code ေလးကို ဖန္တီးေပးဖုိ႕အတြက္ ေတာင္းဆိုႏုိင္ပါတယ္။ ဒါေလးက QR scanner အသံုးျပဳျပီးေတာ့ ဖုန္းမွာ၀င္ေရာက္ႏုိင္ဖို႕အတြက္ ကူညီေပးမွာပါ။ ဖုန္းမွာ Google အေကာင့္ထည့္ျပီးမွ ၀င္စရာမလုိေတာ့ပါဘူး။ ပိုမိုျမန္ဆန္လာျပီလို႕ ဆိုနုိင္မွာပါ။
URL bar မွာ “chrome://flags” လို႕ရုိက္ျပီးေတာ့ ‘Enable sharing page via QR code’ လို႕ရွာလိုက္ရင္ feature အသစ္ေလးကို သံုးခြင့္ေပးပါလိမ့္မယ္။ enable လုပ္ျပီးတာနဲ႕ ၾကိဳက္တဲ့ေပ့ခ်္မွာ right-click လုပ္လုိက္ရင္ QR code ထုတ္ဖို႕ option ေလးျမင္ရပါလိမ့္မယ္။ ဒါေပမယ့္လည္း အဆင္မေျပေသးပါဘူး။ သူတို႕စမ္းေနတုန္းမို႕ ျဖစ္ပါလိမ့္မယ္။
(ကၽြန္ေတာ္စမ္းၾကည့္တာေတာ့ ဘာမွကုိက်မလာေတာ့ဘူး။ ပိတ္လိုက္ျပီထင္တယ္။)

Ref : androidcentral

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.