OnePlus 8 Lite လို့ယူဆရတဲ့ mid-range OnePlus ဖုန်းအသစ်ထွက်ပေါ်လာ

0
435

[Unicode]

OnePlus ကတော့ ၂၀၁၅ခုနှစ်မှာ ပထမဆုံးသော mid-range ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ OnePlus X လို့ အမည်ပေးခဲ့ဖူးပါတယ်။ အခုလည်း နောက်ထပ် mid-range တစ်လုံးကို မိတ်ဆက်တော့မယ်တူပါတယ်။
91mobiles နဲ့ OnLeaks တို့ရဲ့render တွေကိုကြည့်လိုက်တဲ့အခါမှာတော့ ဘတ်ဂျက်အတွက်ရည်ရွယ်ထားတဲ့ OnePlus 8 Lite ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုထားကြပါတယ်။ 159.2 x 74 x 8.6mm အရွယ်အစားရှိပြိးတော့ အစောပိုင်း Galaxy S11 render တွေနဲ့ ဆင်ပါတယ်။ တိတိကျကျပြောမရမယ်ဆိုရင်တော့ ကင်မရာထားသိုပုံတွေ၊ အလယ်က punch-hole လေးတွေပေါ့။


ကင်မရာထားသိုပုံအရဆိုရင်တော့ အနောက်ကင်မရာနှစ်လုံးဖြစ်လောက်တယ်။ Galaxy S10e နဲ့ iPhone 11တို့လိုဆိုရင်တော့ normal/ultra-wide ပေါင်းစပ်မှုကို မျှော်မှန်းထားလို့ရတယ်။
OnePlus 8 Lite ရဲ့ နောက်ထပ်အချက်အလက်တွေကတော့ အောက်ဘက်မှာ USB-C port ၊ ဘယ်ဘက်မှာအသံခလုတ်တွေ၊ ညာဘက်မှာတော့ power/lock နဲ့ alert slider တို့ကို တွေ့မြင်ရပါတယ်။ 3.5mm port ကိုတော့ မမြင်ထားပါဘူး။ မြင်သာတဲ့ fingerprint scanner မပါတော့ in-display sensor တို့၊ OLED screen တို့ကို မျှော်မှန်းလို့ရမလားပဲ။
အခြားအသေးစိတ်အချက်အလက်တွေကတော့ ပြောစရာမရှိသေးပါဘူး။ chip တွေ၊ ဈေးနှုန်းတွေနဲ့ အခြားအချက်အလက်တွေကတော့ နောက်ထပ်ပေါက်ကြားမှုဖြစ်ဖြစ်၊ တရားဝင်ထုတ်ဖော်ပြောကြားမှုဖြစ်ဖြစ် စောင့်ရမှာပါ။ mid-range OnePlus ဆိုတော့ OnePlus 7T ဈေးနှုန်းဖြစ်တဲ့ ၅၉၉ဒေါ်လာထက်တော့ နည်းမှာလို့ပဲ သိထားပါတယ်။


ကဲ ဘယ်လိုမျိုး feature တွေနဲ့မြင်ချင်လဲဆိုတာ ပြောခဲ့ပါဦး။

[Zawgyi]






Ref : androidauthority

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.