Mac Pro အသစ်ကို ဒီဇင်ဘာ၁၀ရက်နေ့မှစ အော်ဒါလက်ခံမည်

0
322

[Unicode]

Mac Pro အသစ်နဲ့ Pro Display XDR လေးကို ဂျွန်လ WWDC 2020 မှာတုန်းက ကြေညာခဲ့တာပါ။ အခုဆိုရင်တော့ ဒီဇင်ဘာ၁၀ရက်နေ့မှာ အော်ဒါလက်ခံမှာဖြစ်ကြောင်း အသိပေးလိုက်ပါပြီ။ ဒီအကြောင်းကို သုံးစွဲသူတွေဆီကိုပို့ခဲ့တဲ့ အီးမေးလ်မှတစ်ဆင့် သိရတာဖြစ်ပါတယ်။
Apple က Mac Pro နဲ့ Pro Display XDR ကို ဆောင်းဦးရာသီမှာမြင်ရမယ်လို့ကြေညာခဲ့ပါတယ်။ ဒီနေ့အီးမေးလ်ကတော့ ထွက်ရှိမယ့်ရက်ကို အတိအကျပြောထားတာပါ။ ဒီဇင်ဘာ၁၀ရက်နေ့ဆိုတာက သူတို့ပြောထားတဲ့ ဆောင်းဦးရာသီဆိုတာနဲ့ ကိုက်ညီနေတုန်းပါပဲ။ ဆောင်းရာသီက ဒီလ၂၁လောက်မှ စတာမဟုတ်လား။


Mac Pro နဲ့ Pro Display XDR ကို ဒီဇင်ဘာ၁၀ရက်နေ့မှာ အော်ဒါတင်နိုင်ပြီလို့ပဲ အီးမေးလ်မှာပြောထားတာဆိုောတ့ သုံးစွဲသူတွေအနေနဲ့ custom configuration တွေ မှာနိုင်ပြီးတော့ သူတို့မှာတဲ့အလျောက် ပို့ချိန်ကြာနိုင်တယ်လို့ ယူဆမိပါတယ်။
entry-level Mac Pro ကတော့ ၅၉၉၉ဒေါ်လာနဲ့ 32GB မမ်မိုရီဖြစ်ပြီး octa-core Intel Xeon CPU, Radeon Pro 580X graphics, 256GB SSD ပါဝင်မှာပါ။ 32-inch Pro Display XDR ကတော့ ၄၉၉၉ဒေါ်လာဖြစ်ပြီး နောက်ထပ် ၉၉၉ဒေါ်လာ stand ထပ်ဝယ်ဖို့လိုအပ်နေပါသေးတယ်။

[Zawgyi]




Ref : theverge

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.