[Unicode]

One UI 2 မှာဆိုရင်တော့ Samsung Galaxy device လေးတွေကို document scanner အဖြစ်နဲ့အသုံးပြုနိုင်နေပြီလေ။ letters, business cards, notes စတာတွေကို အလိုအလျောက်သိနိုင်ပြီးတော့ တစ်ချက်နှိပ်လိုက်ရုံနဲ့ scan လုပ်နိုင်နေပြီ။
စမ်းကြည့်ချင်တယ်ဆိုရင်တော့ Camera app ကိုဖွင့်ပြီး document တစ်ခုကို ချိန်လိုက်ပါ။ ဒီလိုလုပ်လိုက်တာနဲ့ scanner လေးဟာ အစွန်းတွေကို အဝါရောင်ဘောင်လေးနဲ့ ပြသပေးပါလိမ့်မယ်။ ပြီးတော့ “Scan” ဆိုတဲ့ခလုတ်လေးကလည်း အလယ်ခေါင်မှာရှိနေပါတယ်။ စိတ်ကြိုက်ဖြစ်ရင် “Scan” ကိုနှိပ်လိုက်ပါ။ document လေးကို Gallery ထဲမှာပြန်ရှာပြီး အသုံးပြုနိုင်နေပါပြီ။
One UI 2 update လုပ်လိုက်တာနဲ့ feature လေးက ပွင့်နေပြီးသားပါ။ တကယ်လို့ ပြန်စစ်ကြည့်ချင်တယ်ဆိုရင်တော့ Camera app settings ထဲက “Scene optimizer” ထဲမှာ “Document scan” လေးကို ဖွင့်ထားတာ ကြည့်လိုက်ပါ။
[Zawgyi]

One UI 2 မွာဆိုရင္ေတာ့ Samsung Galaxy device ေလးေတြကို document scanner အျဖစ္နဲ႕အသံုုးျပဳႏုိင္ေနျပီေလ။ letters, business cards, notes စတာေတြကို အလိုအေလ်ာက္သိႏုိင္ျပီးေတာ့ တစ္ခ်က္ႏွိပ္လိုက္ရံုနဲ႕ scan လုပ္ႏုိင္ေနျပီ။
စမ္းၾကည့္ခ်င္တယ္ဆုိရင္ေတာ့ Camera app ကိုဖြင့္ျပီး document တစ္ခုကို ခ်ိန္လုိက္ပါ။ ဒီလိုလုပ္လုိက္တာနဲ႕ scanner ေလးဟာ အစြန္းေတြကို အ၀ါေရာင္ေဘာင္ေလးနဲ႕ ျပသေပးပါလိမ့္မယ္။ ျပီးေတာ့ “Scan” ဆိုတဲ့ခလုတ္ေလးကလည္း အလယ္ေခါင္မွာရွိေနပါတယ္။ စိတ္ၾကိဳက္ျဖစ္ရင္ “Scan” ကိုႏွိပ္လုိက္ပါ။ document ေလးကို Gallery ထဲမွာျပန္ရွာျပီး အသံုးျပဳႏိုင္ေနပါျပီ။
One UI 2 update လုပ္လုိက္တာနဲ႕ feature ေလးက ပြင့္ေနျပီးသားပါ။ တကယ္လို႕ ျပန္စစ္ၾကည့္ခ်င္တယ္ဆိုရင္ေတာ့ Camera app settings ထဲက “Scene optimizer” ထဲမွာ “Document scan” ေလးကို ဖြင့္ထားတာ ၾကည့္လုိက္ပါ။
Ref : android.gadgethacks