‘Apple Card Monthly Installments’ မှာ အတိုးနှုန်း 0% ချပေးမယ်

0
1887

[Unicode]

အောက်တိုဘာလတုန်းက Apple ရဲ့ဝင်ငွေကိုထုတ်ပြန်တဲ့အခါမှာ Apple Card ကို iPhone ဝယ်ယူမှုတွေအတွက် 0% အတိုးနှုန်း ဖြစ်စေရမယ်လို့ ပြောခဲ့ပါတယ်။ Apple ဟာ iOS ရဲ့ Wallet app ကို အဆင့်မြှင့်တင်ပြီးတော့ လစဉ်ပေးချေမှုစနစ်အသစ်ကို လုပ်ဆောင်ပေးခဲ့ပါတယ်။
Apple Card သုံးစွဲသူတွေအနေနဲ့ iPhone ဝယ်ယူမှုအတွက် ၂၄လကို အတိုးနှုန်း 0% နဲ့ ပြုလုပ်နိုင်မှာဖြစ်ကြောင်း Cook က ရှင်းပြခဲ့ပါတယ်။ iPhone ဝယ်ယူမှုစုစုပေါင်းရဲ့3% Daily Cash ကိုလည်း ရနိုင်ဦးမှာပါ။
Apple Card balance ကြည့်တဲ့အခါ Wallet app လေးရဲ့ “Learn More” လင့်လေးကိုနှိပ်လိုက်တဲ့အခါမှာ Apple Card payment ရဲ့အလုပ်လုပ်ပုံကို အသေးစိတ်ရှင်းပြထားပါတယ်။ Apple Card စတင်မိတ်ဆက်တဲ့အချိန်ကတည်းက အဲဒီရှင်းပြချက်လေးက ရှိနေခဲ့တာဖြစ်ပေမယ့်လည်း “Apple Card Monthly Installments” ဆိုတာလေးကိုတော့ iPhone financing အတွက် အသစ်ထပ်မံထည့်သွင်းပေးထားတာပါ။
Apple Card Monthly Installment ကို အသုံးပြုပြီးတော့ iPhone ဝယ်ယူတဲ့အခါမှာ iPhone အတွက် လစဉ်ပေးချေမှုဟာ လတိုင်းအတွက် အနည်းဆုံးသောပမာဏကို လုပ်ဆောင်ပေးမှာပါ။ အတိုးနှုန်းတွေလည်း မယူထားပါဘူး။
ရှင်းထားတာလေးကိုကြည့်လိုက်ရအောင်။
Apple Card Monthly Installments
If you are paying for your iPhone with Apple Card Monthly Installments, each month your installment is included in the minimum payment amount.
Installments aren’t subject to interest like other purchases made with Apple Card. If you pay more toward your installment balance, you may reduce the overall number of payments, but are still scheduled to pay your installment payment the following month. Paying the total balance will include the total amount you’ve spent with Apple Card, including your remaining iPhone balance.
ဒီနှစ်နှောင်းပိုင်းမှာ စတင်အသုံးပြုလို့ရမယ်လို့ပြောထားတယ်ဆိုပေမယ့်လည်း လက်ရှိမှာ အသုံးပြုလို့မရသေးပါဘူး။ Wallet app မှာ ထည့်လိုက်ပြီဆိုပေမယ့်လည်း လကုန်ဖို့ရက်တွေလိုသေးတာဆိုတော့ မကြာခင်မှာ အသုံးပြုနိုင်တော့မယ်လို့ ထင်ပါတယ်။
Apple Card Monthly Installment ကို အခြား Apple ထုတ်ကုန်တွေဝယ်ယူဖို့အတွက် အသုံးပြုနိုင်အောင်လုပ်ဆောင်ပေးမလားဆိုတာကတော့ မပြောနိုင်သေးပါဘူး။ မကြာခင်မှာ Mac, iPad နဲ့ အခြားထုတ်ကုန်တွေကိုလည်း ဝယ်နိုင်အောင် လုပ်ဆောင်ပေးနိုင်တာပဲလေ။
ကျေးဇူး, David!

[Zawgyi]

ကျေးဇူး, David!

Ref : 9to5mac

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.