AirPods or AirPods Pro လေးကို ဘယ်လိုသန့်ရှင်းရေးလုပ်ကြမလဲ

0
2833

[Unicode]

AirPods တွေက ဈေးကွက်မှာနေရာတိုင်းမြင်နေရတဲ့ wireless earbud လေးဖြစ်နေတော့ AirPods Pro ထွက်လာတော့လည်း အကောင်းဆုံးဖြစ်လာတာပေါ့လေ။ လုံး၀ wireless ဖြစ်တဲ့အပြင် AirPods ဟာ Siri integration ၊ active noise cancellation တွေလည်း ပါလာခဲ့တယ်။
စိတ်မကောင်းတာက AirPods တွေဟာ iconic white design ဖြစ်တာမို့ အညစ်အကြေးနဲ့ အစွန်းအထင်းတွေက အလွယ်တကူပဲ ဝင်ရောက်လာနိုင်ပြီးတော့ အလှအပကိုဖျက်ဆီးပစ်ကြတယ်။ AirPods ညစ်ပတ်နေတာကြီးတပ်ပြီးတော့ ဘယ်သူမှအပြင်မထွက်ချင်ကြပါဘူး။ ပေးထားရတဲ့ဈေးကိုလည်း ကြည့်လိုက်ဦးလေ။
AirPods ကို သန့်ရှင်းလေးလုပ်ရတာက အခြားသော other earbuds or headphones တွေနဲ့မတူနိုင်ပါဘူး။ ဆပ်ပြာ၊ ရှန်ပူ ၊ အရည်တွေကို အသုံးပြုလို့မရပါဘူး။ ရိုးရှင်းတဲ့နည်းလမ်းလေးတွေကို တင်ပြပေးပါရစေ။
AirPods or AirPods Pro ကို သန့်ရှင်းတော့မယ်ဆိုရင်
အဆင့် ၁ ။ ပျော့ပျောင်းခြောက်သွေ့တဲ့ lint-free အစလေးကို ရေနည်းနည်းလေးပဲစွတ်လိုက်ပါ။
အဆင့် ၂ ။ speaker ကိုရှောင်ပြီးတော့ ကိုယ်ထည်ကိုပဲ သုတ်ပါ။
အဆင့် ၃ ။ microphone နဲ့ speaker ကိုတော့ ခြောက်သွေ့တဲ့ချည်သားအစနဲ့ သုတ်ပါ။
အဆင့် ၄ ။ charging case ဒါမှမဟုတ် နားထဲကိုမထည့်ခင်မှာ အခြောက်ခံပါ။
AirPods Pro ရဲ့ ear tips ကို သန့်ရှင်းလေးလုပ်မယ်ဆိုရင်
အဆင့် ၁ ။ ear tip မှာ ရေရှိနေတယ်ဆိုရင် AirPod ကို ပျော့ပျောင်းခြောက်သွေ့တဲ့ lint-free အစလေးနဲ့ သုတ်လိုက်ပါ။
အဆင့် ၂ ။ AirPod ရဲ့ ear tip ကို ချွတ်လိုက်ပြီးတော့ ရေစိမ်လိုက်ပါ။ ဆပ်ပြာတို့၊ အခြားသန့်စင်ဆေးရည်တို့ မသုံးပါနဲ့။
အဆင့် ၃ ။ ear tip တိုင်းကို ပျော့ပျောင်းခြောက်သွေ့တဲ့ lint-free အစလေးနဲ့ ပွတ်လိုက်ပါ။ AirPodမှာ ပြန်မတပ်ခင် ခြောက်အောင်စောင့်ပါ။
အဆင့် ၄ ။ AirPod မှာ သေချာပြန်တပ်ပါ။ ဘဲဥပုံလေးတွေဆိုတော့ သေချာလေး အံဝင်အောင်ပြန်တပ်ပါ။
ဒါပါပဲ။ အရေးအကြီးဆုံးက အရည်ကို နည်းနိုင်သမျှနည်းအောင် အသုံးပြုပါ။

[Zawgyi]

AirPods ေတြက ေစ်းကြက္မွာေနရာတုိင္းျမင္ေနရတဲ့ wireless earbud ေလးျဖစ္ေနေတာ့ AirPods Pro ထြက္လာေတာ့လည္း အေကာင္းဆံုးျဖစ္လာတာေပါ့ေလ။ လံုး၀ wireless ျဖစ္တဲ့အျပင္ AirPods ဟာ Siri integration ၊ active noise cancellation ေတြလည္း ပါလာခဲ့တယ္။
စိတ္မေကာင္းတာက AirPods ေတြဟာ iconic white design ျဖစ္တာမို႕ အညစ္အေၾကးနဲ႕ အစြန္းအထင္းေတြက အလြယ္တကူပဲ ၀င္ေရာက္လာႏုိင္ျပီးေတာ့ အလွအပကိုဖ်က္ဆီးပစ္ၾကတယ္။ AirPods ညစ္ပတ္ေနတာၾကီးတပ္ျပီးေတာ့ ဘယ္သူမွအျပင္မထြက္ခ်င္ၾကပါဘူး။ ေပးထားရတဲ့ေစ်းကိုလည္း ၾကည့္လုိက္ဦးေလ။
AirPods ကို သန္႕ရွင္းေလးလုပ္ရတာက အျခားေသာ other earbuds or headphones ေတြနဲ႕မတူႏုိင္ပါဘူး။ ဆပ္ျပာ၊ ရွန္ပူ ၊ အရည္ေတြကို အသံုးျပဳလို႕မရပါဘူး။ ရိုးရွင္းတဲ့နည္းလမ္းေလးေတြကို တင္ျပေပးပါရေစ။
AirPods or AirPods Pro ကို သန္႕ရွင္းေတာ့မယ္ဆုိရင္
အဆင့္ ၁ ။ ေပ်ာ့ေပ်ာင္းေျခာက္ေသြ႕တဲ့ lint-free အစေလးကို ေရနည္းနည္းေလးပဲစြတ္လုိက္ပါ။
အဆင့္ ၂ ။ speaker ကိုေရွာင္ျပီးေတာ့ ကိုယ္ထည္ကိုပဲ သုတ္ပါ။
အဆင့္ ၃ ။ microphone နဲ႕ speaker ကိုေတာ့ ေျခာက္ေသြ႕တဲ့ခ်ည္သားအစနဲ႕ သုတ္ပါ။
အဆင့္ ၄ ။ charging case ဒါမွမဟုတ္ နားထဲကိုမထည့္ခင္မွာ အေျခာက္ခံပါ။
AirPods Pro ရဲ႕ ear tips ကို သန္႕ရွင္းေလးလုပ္မယ္ဆိုရင္
အဆင့္ ၁ ။ ear tip မွာ ေရရွိေနတယ္ဆုိရင္ AirPod ကို ေပ်ာ့ေပ်ာင္းေျခာက္ေသြ႕တဲ့ lint-free အစေလးနဲ႕ သုတ္လုိက္ပါ။
အဆင့္ ၂ ။ AirPod ရဲ႕ ear tip ကို ခၽြတ္လိုက္ျပီးေတာ့ ေရစိမ္လုိက္ပါ။ ဆပ္ျပာတုိ႕၊ အျခားသန္႕စင္ေဆးရည္တို႕ မသံုးပါနဲ႕။
အဆင့္ ၃ ။ ear tip တုိင္းကို ေပ်ာ့ေပ်ာင္းေျခာက္ေသြ႕တဲ့ lint-free အစေလးနဲ႕ ပြတ္လိုက္ပါ။ AirPodမွာ ျပန္မတပ္ခင္ ေျခာက္ေအာင္ေစာင့္ပါ။
အဆင့္ ၄ ။ AirPod မွာ ေသခ်ာျပန္တပ္ပါ။ ဘဲဥပံုေလးေတြဆိုေတာ့ ေသခ်ာေလး အံ၀င္ေအာင္ျပန္တပ္ပါ။
ဒါပါပဲ။ အေရးအၾကီးဆံုးက အရည္ကို နည္းနိုင္သမွ်နည္းေအာင္ အသံုးျပဳပါ။

Ref : digitaltrends

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.