90fps gameplay ရဖို့အတွက် PUBG Mobile developer တွေနဲ့ပူးပေါင်းလုပ်ဆောင်နေတဲ့ Qualcomm

0
303

[Unicode]

Qualcomm ရဲ့ Snapdragon Tech Summit မှာ ကျွန်တော်တို့မမျှော်လင့်ထားတဲ့သတင်းတစ်ပုဒ်ကိုကြားလိုက်ရပါတယ်။ လာမယ့် PUBG Mobile performance တိုးတက်လာမယ့်အကြောင်းပေါ့။ Qualcomm က 90fps gameplay ကို PUBG Mobile မှာ ရဖို့အတွက် game developer တွေနဲ့ အနီးကပ်ပူးပေါင်းလုပ်ဆောင်နေပါတယ်။
အရင်တုန်းက PUBG Mobile player တွေအတွက် ဝေးကွာလှတဲ့အိပ်မက်တစ်ခုလို့ထင်ခဲ့ပေမယ့်လည်း မကြာခင်အချိန်အတွင်းမှာ ကျွန်တော်တို့အိပ်မက်တွေ အမှန်တကယ်ဖြစ်လာတော့မှာပါ။ ဂိမ်းမှာ high refresh rate ကို ထောက်ပံ့ပေးထားတဲ့ မိုဘိုင်းလ်ဟန်းဆက်တွေရှိတာနဲ့ 144Hz display ကို ထည့်သွင်းပေးသွားမှာပါ။
Qualcomm ဟာ ဂိမ်းအတွက် 10-bit HDR support ရလိမ့်မယ်လို့လည်းပြောထားပါတယ်။ ဒီ dynamic range support မြင့်မားမှုက in-game graphics တွေရဲ့တိုးတက်မှု၊ ဂိမ်းကစားရတာချောမွေ့မှုတွေကို ယူဆောင်လာပေးမှာပါ။
Qualcomm ရော PUBG Mobile developer team ကပါ ဘယ်အချိန်ရမလဲဆိုတာ မပြောထားသေးပါဘူး။ Snapdragon မျိုးဆက်သစ်တွေမှာ PUBG Mobile အတွက် 90fps ရနိုင်တော့မယ်ဆိုတာ သတင်းကောင်းပဲ မဟုတ်ပါလား။

[Zawgyi]

Qualcomm ရဲ႕ Snapdragon Tech Summit မွာ ကၽြန္ေတာ္တို႕မေမွ်ာ္လင့္ထားတဲ့သတင္းတစ္ပုဒ္ကိုၾကားလိုက္ရပါတယ္။ လာမယ့္ PUBG Mobile performance တိုးတက္လာမယ့္အေၾကာင္းေပါ့။ Qualcomm က 90fps gameplay ကို PUBG Mobile မွာ ရဖို႕အတြက္ game developer ေတြနဲ႕ အနီးကပ္ပူးေပါင္းလုပ္ေဆာင္ေနပါတယ္။
အရင္တုန္းက PUBG Mobile player ေတြအတြက္ ေ၀းကြာလွတဲ့အိပ္မက္တစ္ခုလို႕ထင္ခဲ့ေပမယ့္လည္း မၾကာခင္အခ်ိန္အတြင္းမွာ ကၽြန္ေတာ္တို႕အိပ္မက္ေတြ အမွန္တကယ္ျဖစ္လာေတာ့မွာပါ။ ဂိမ္းမွာ high refresh rate ကို ေထာက္ပံ့ေပးထားတဲ့ မိုဘိုင္းလ္ဟန္းဆက္ေတြရွိတာနဲ႕ 144Hz display ကို ထည့္သြင္းေပးသြားမွာပါ။
Qualcomm ဟာ ဂိမ္းအတြက္ 10-bit HDR support ရလိမ့္မယ္လို႕လည္းေျပာထားပါတယ္။ ဒီ dynamic range support ျမင့္မားမႈက in-game graphics ေတြရဲ႕တုိးတက္မႈ၊ ဂိမ္းကစားရတာေခ်ာေမြ႕မႈေတြကို ယူေဆာင္လာေပးမွာပါ။
Qualcomm ေရာ PUBG Mobile developer team ကပါ ဘယ္အခ်ိန္ရမလဲဆိုတာ မေျပာထားေသးပါဘူး။ Snapdragon မ်ိဳးဆက္သစ္ေတြမွာ PUBG Mobile အတြက္ 90fps ရႏုိင္ေတာ့မယ္ဆုိတာ သတင္းေကာင္းပဲ မဟုတ္ပါလား။

Ref : androidauthority

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.