8 Lite နဲ့အတူ တန်ဖိုးနည်းဖုန်းတွေ တစ်ကျော့ပြန်ထုတ်လာနိုင်တဲ့ OnePlus

0
941

[Unicode]

OnePlus X ပျောက်ကွယ်သွားပြီးနောက်မှာ တန်ဖိုးနည်းဖုန်းတွေထုတ်လုပ်ဖို့အတွက် တစ်ကျော့ပြန်လည်နိုးထလာပါပြီ။ OnLeaks နဲ့ 91Mobiles ဟာ OnePlus 8 Lite လို့ပြောနေတဲ့ ဖုန်းလေးရဲ့ render တွေကို တင်ခဲ့ကြပါတယ်။ အဲဒီဖုန်းလေးကတော့ OnePlus 8 နဲ့ OnePlus 8 Pro အောက်မှာရှိနေမယ့် ဘတ်ဂျက်မော်ဒယ်လ်လေးလို့ သိရပါတယ်။ သိပ်အံ့သြစရာမကောင်းတာကတော့ ကျောဘက်မှာ ကင်မရာနှစ်လုံးသာတပ်ဆင်ထားပြီးတော့ depth sensor တော့ ပါမယ်လို့မှန်းရပါတယ်။ နောက်ပြီး curved display လိုမျိုး feature တွေလည်း ပါဝင်မှာမဟုတ်ပါဘူး။ နာမည်အရတော့ တန်ဖိုးနည်း processor တွေ၊ အခြားသောတန်ဖိုးလျှော့ချဖို့အတွက် downgrade ပစ္စည်းတွေ အသုံးပြုထားမယ်လို့ မှန်းထားလို့ရနေပါတယ်။
ဒါပေမယ့်လည်း တအားကြီးတော့လျှော့ထားစရာမလိုအပ်ပါဘူး။ hole-punch အရှေ့ကင်မရာလေးကိုတော့ အခြားသော OnePlus 8 မော်ဒယ်လ်တွေနည်းတူ မှန်းထားလို့ရပါတယ်။ မြင်သာတဲ့ fingerprint reader လေးကိုမမြင်ရတဲ့အတွက်ကြောင့် Lite မှာ မျက်နှာပြင်အောက် fingerprint reader သုံးထားနိုင်တယ်လို့ ကျွန်တော်တို့မှန်းထားပါတယ်။ 6.4 ဒါမှမဟုတ် 6.5-inch တော့ လာလောက်ပါတယ်။ ဒါပေမယ့်လည်း 90Hz OLED panel တော့ မဟုတ်ဘူးပေါ့။
8 series နဲ့အတူ တွဲပြီးတော့ မိတ်ဆက်မလားဆိုတာကတော့ ကျွန်တော်တို့တပ်အပ်မပြောနိုင်သေးပါဘူး။ 8 Lite ပါခဲ့မယ်ဆိုရင်လည်း အံ့သြမသွားပါနဲ့။ ဒီနှစ်တွေတစ်လျှောက်မှာ သူတို့ရဲ့ဈေးနှုန်းတွေထောင်တက်လာတာလည်း အားလုံးသိနေကြလောက်ပါပြီ။ 7 Pro လိုမျိုးဆိုရင် ဒေါ်လာ၇၀၀လောက်ပေးနေရတာမဟုတ်လား။ 8 Lite ကတော့ OnePlus ရဲ့ ကနဦးဈေးနှုန်းတွေကို မျှော်လင့်တောင့်တနေကြတဲ့သူတွေအတွက် ဖြည့်ဆည်းပေးနိုင်မှာပါ။ ဒါမှမဟုတ်လည်း OnePlus software ကို ကြိုက်ပေမယ့် ဈေးနှုန်းတွေ၊ higher-end hardware တွေက သူတို့အတွက် အဆင်မပြေတဲ့သူတွေအတွက်လည်း ပါတာပေါ့။

[Zawgyi]

OnePlus X ေပ်ာက္ကြယ္သြားျပီးေနာက္မွာ တန္ဖိုးနည္းဖုန္းေတြထုတ္လုပ္ဖို႕အတြက္ တစ္ေက်ာ့ျပန္လည္ႏိုးထလာပါျပီ။ OnLeaks နဲ႕ 91Mobiles ဟာ OnePlus 8 Lite လို႕ေျပာေနတဲ့ ဖုန္းေလးရဲ႕ render ေတြကို တင္ခဲ့ၾကပါတယ္။ အဲဒီဖုန္းေလးကေတာ့ OnePlus 8 နဲ႕ OnePlus 8 Pro ေအာက္မွာရွိေနမယ့္ ဘတ္ဂ်က္ေမာ္ဒယ္လ္ေလးလုိ႕ သိရပါတယ္။ သိပ္အံ့ၾသစရာမေကာင္းတာကေတာ့ ေက်ာဘက္မွာ ကင္မရာႏွစ္လံုးသာတပ္ဆင္္ထားျပီးေတာ့ depth sensor ေတာ့ ပါမယ္လို႕မွန္းရပါတယ္။ ေနာက္ျပီး curved display လိုမ်ိိဳး feature ေတြလည္း ပါ၀င္မွာမဟုတ္ပါဘူး။ နာမည္အရေတာ့ တန္ဖိုးနည္း processor ေတြ၊ အျခားေသာတန္ဖိုးေလွ်ာ့ခ်ဖို႕အတြက္ downgrade ပစၥည္းေတြ အသံုးျပဳထားမယ္လို႕ မွန္းထားလို႕ရေနပါတယ္။
ဒါေပမယ့္လည္း တအားၾကီးေတာ့ေလွ်ာ့ထားစရာမလိုအပ္ပါဘူး။ hole-punch အေရွ႕ကင္မရာေလးကိုေတာ့ အျခားေသာ OnePlus 8 ေမာ္ဒယ္လ္ေတြနည္းတူ မွန္းထားလို႕ရပါတယ္။ ျမင္သာတဲ့ fingerprint reader ေလးကိုမျမင္ရတဲ့အတြက္ေၾကာင့္ Lite မွာ မ်က္နွာျပင္ေအာက္ fingerprint reader သံုးထားႏုိင္တယ္လို႕ ကၽြန္ေတာ္တို႕မွန္းထားပါတယ္။ 6.4 ဒါမွမဟုတ္ 6.5-inch ေတာ့ လာေလာက္ပါတယ္။ ဒါေပမယ့္လည္း 90Hz OLED panel ေတာ့ မဟုတ္ဘူးေပါ့။
8 series နဲ႕အတူ တြဲျပီးေတာ့ မိတ္ဆက္မလားဆိုတာကေတာ့ ကၽြန္ေတာ္တို႕တပ္အပ္မေျပာႏုိင္ေသးပါဘူး။ 8 Lite ပါခဲ့မယ္ဆိုရင္လည္း အံ့ၾသမသြားပါနဲ႕။ ဒီႏွစ္ေတြတစ္ေလွ်ာက္မွာ သူတို႕ရဲ႕ေစ်းႏႈန္းေတြေထာင္တက္လာတာလည္း အားလံုးသိေနၾကေလာက္ပါျပီ။ 7 Pro လိုမ်ိဳးဆိုရင္ ေဒၚလာ၇၀၀ေလာက္ေပးေနရတာမဟုတ္လား။ 8 Lite ကေတာ့ OnePlus ရဲ႕ ကနဦးေစ်းႏႈန္းေတြကို ေမွ်ာ္လင့္ေတာင့္တေနၾကတဲ့သူေတြအတြက္ ျဖည့္ဆည္းေပးႏုိင္မွာပါ။ ဒါမွမဟုတ္လည္း OnePlus software ကို ၾကိဳက္ေပမယ့္ ေစ်းႏႈန္းေတြ၊ higher-end hardware ေတြက သူတို႕အတြက္ အဆင္မေျပတဲ့သူေတြအတြက္လည္း ပါတာေပါ့။

Ref : engadget

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.