Apple TV 4K ပေါ်မှာ Apple TV+ show တွေကို Dolby Vision နဲ့ ကြည့်မရတော့

0
418

[Unicode]

Apple TV+ shows တွေကို Apple TV 4K မှာကြည့်တဲ့အခါ Dolby Vision နဲ့ မပြတော့ဘူးလို့ လူအတော်များများက ပြောဆိုနေကြပါတယ်။ HDR10 standard နဲ့ပဲမြင်နေရတာပါ။
Dolby Vision နဲ့ ပြသခဲ့ဖူးတဲ့ရှိုးအတော်များများဟာ ဒီအတိုင်းတွေ့ကြုံနေရတာဖြစ်တယ်လို့ တင်ပြမှုတွေအရသိရပါတယ်။
Dolby Vision နဲ့ကြည့်လို့ရတယ်လို့ အဲဒီရှိုးတွေကိုပြောထားတုန်းဖြစ်ပေမယ့်လည်း Apple TV 4K ကတော့ ရှိုးစချိန်မှာ HDR10 ကိုပဲအသုံးပြုပါတယ်။ For All Mankind, SEE နဲ့ The Morning Show တို့မှာ ဒီအတိုင်းဖြစ်နေတာပါ။
Apple Support Communities ထဲမှာ ပြောဆိုနေကြတာတွေကို မြင်တွေ့နိုင်ပါတယ်။
SEE ကိုကြည့်ဖို့အတွက် ဖွင့်လိုက်ချိန်မှာ အရင်အပတ်တွေတုန်းတော့ Dolby Vision ကို အလိုအလျောက်ပြောင်းပေးတယ်။ အခုတော့ HDR နဲ့ပဲပြတော့တယ်။ Apple TV+ က တစ်ခုခုမှားနေတာဖြစ်လိမ့်မယ်။ Netflix ကိုကြည့်တဲ့အခါမှာတော့ Dolby Vision ပြောင်းပေးတယ်။
အဲလိုဖြစ်တယ်။ Apple TV+ ရှိုးတွေကို Dolby Vision နဲ့ ကြည့်လို့ရဖူးပါတယ်။ The morning show, SEE, For all mankind တွေလည်း ရတယ်။ ခုတော့ HDR ပဲရတော့တယ်။ TV, Receiver ဘာဆိုဘာမှ မကလိထားပါဘူး။ Dolby Vision နဲ့ ကြည်လို့မရတော့ဘူးလား။
အတူတူပါပဲ။ အရင်အပတ်ကထိ Dolby Vision အလုပ်လုပ်သေးတယ်။ ဒီတပတ်ကတော့ app အချို့မှာပဲလုပ်တော့တယ်။ အရင်အပိုင်းတွေပြန်ကြည့်တောင်မရတော့ဘူး။
show page တွေမှာ Dolby Vision logo တွေရှိနေတုန်းပဲဆိုတာ သတိထားမိတယ်။ ဒါပေမယ့်လည်း individual episode တွေမှာတော့ HDR ပဲ ပြတယ်။ episode ဖွင့်ထားချိန်မှာ Menu နှိပ်ကြည့်လိုက်ပါ။
Dolby Vision encoding နဲ့ပတ်သတ်ပြီးတော့ အဆင်မပြေဖြစ်နေကြတယ်လို့ တချို့ကသုံးသပ်ထားပါတယ်။ ဒါကြောင့် Apple က အဲဒီ protocol ကို ဖြေရှင်းပြီးချိန်အထိ ပိတ်ထားတယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့်လည်း Dickinson လိုမျိုးရှိုးတွေမှာ Dolby Vision ရနေတာက ဘာလို့များလဲ။
HDR10 လို့ခေါ်တဲ့ Normal HDR ကတော့ color range နဲ့ black level ကို ချဲ့ပေးပါတယ်။ Dolby Vision ကတော့ contrast နဲ့ color တွေကို scene-by-scene ချိန်ညှိပေးနိုင်တာပါ။
HDR ကို တီဗွီတွေအတွက် color gamut တိုးစေခြင်း၊ specific brightness level တိုးစေခြင်းတွေ လုပ်ဆောင်နိုင်ဖို့အတွက် မိတ်ဆက်ခဲ့တာပါ။ HDR မတိုင်ခင်တုန်းက HDTV တွေအတွက် Rec. 709 လို့ခေါ်တဲ့ video specification နဲ့ ကန့်သတ်ထားပါတယ်။
ဒီနေ့ခေတ်ရဲ့ LCD နဲ့ OLED တွေကတော့ အရင်ကထက် color များများစားစားပြသနိုင်ပါတယ်။ HDR မလာခင်အထိတော့ သူတို့ရဲ့လုပ်ဆောင်မှုကို အမြင့်မားဆုံး မပြသနိုင်ခဲ့ပါဘူး။
Dolby Vision ကလည်း scene တစ်ခုကနေ scene တစ်ခုပြောင်းတဲ့အခါ metadata ဒါမှမဟုတ် instruction ပြောင်းနိုင်အောင် လုပ်ဆောင်ပေးပါတယ်။ 68 billion color အတွက် 12-bit color depth ပေးနိုင်ပါတယ်။ Dolby Vision ဟာ 4,000 nits နှင့်အထက် ရရှိအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။
Dolby Vision ရဲ့ အကျိုးကျေးဇူးအချို့ကတော့ သီအိုရီသာသာပါပဲ။ လက်ရှိ TV set တွေဟာ full range မလုပ်ဆောင်နိုင်သေးပါဘူး။
ဒါပေမယ့်လည်း HDR10 နဲ့ Dolby Vision ကတော့ ကွဲကွဲပြားပြား မြင်သာပါတယ်။ brightness level ကွဲတာ ဒါမှမဟုတ် color range များတဲ့ ရှိုးတွေဆိုရင် သိသာပါတယ်။
မကြာခင်မှာ Apple ဆီကသတင်းပြန်ရတဲ့အခါ ထပ်တင်ပေးပါဦးမယ်။

[Zawgyi]

Apple TV+ shows ေတြကို Apple TV 4K မွာၾကည့္တဲ့အခါ Dolby Vision နဲ႕ မျပေတာ့ဘူးလို႕ လူအေတာ္မ်ားမ်ားက ေျပာဆိုေနၾကပါတယ္။ HDR10 standard နဲ႕ပဲျမင္ေနရတာပါ။
Dolby Vision နဲ႕ ျပသခဲ့ဖူးတဲ့ရွိဳးအေတာ္မ်ားမ်ားဟာ ဒီအတုိင္းေတြ႕ၾကံဳေနရတာျဖစ္တယ္လို႕ တင္ျပမႈေတြအရသိရပါတယ္။
Dolby Vision နဲ႕ၾကည့္လို႕ရတယ္လို႕ အဲဒီရွိဳးေတြကိုေျပာထားတုန္းျဖစ္ေပမယ့္လည္း Apple TV 4K ကေတာ့ ရွိဳးစခ်ိန္မွာ HDR10 ကိုပဲအသံုးျပဳပါတယ္။ For All Mankind, SEE နဲ႕ The Morning Show တို႕မွာ ဒီအတုိင္းျဖစ္ေနတာပါ။
Apple Support Communities ထဲမွာ ေျပာဆိုေနၾကတာေတြကို ျမင္ေတြ႕ႏုိင္ပါတယ္။
SEE ကိုၾကည့္ဖို႕အတြက္ ဖြင့္လိုက္ခ်ိန္မွာ အရင္အပတ္ေတြတုန္းေတာ့ Dolby Vision ကို အလိုအေလ်ာက္ေျပာင္းေပးတယ္။ အခုေတာ့ HDR နဲ႕ပဲျပေတာ့တယ္။ Apple TV+ က တစ္ခုခုမွားေနတာျဖစ္လိမ့္မယ္။ Netflix ကိုၾကည့္တဲ့အခါမွာေတာ့ Dolby Vision ေျပာင္းေပးတယ္။
အဲလိုျဖစ္တယ္။ Apple TV+ ရွိဳးေတြကို Dolby Vision နဲ႕ ၾကည့္လို႕ရဖူးပါတယ္။ The morning show, SEE, For all mankind ေတြလည္း ရတယ္။ ခုေတာ့ HDR ပဲရေတာ့တယ္။ TV, Receiver ဘာဆိုဘာမွ မကလိထားပါဘူး။ Dolby Vision နဲ႕ ၾကည္လို႕မရေတာ့ဘူးလား။
အတူတူပါပဲ။ အရင္အပတ္ကထိ Dolby Vision အလုပ္လုပ္ေသးတယ္။ ဒီတပတ္ကေတာ့ app အခ်ိဳ႕မွာပဲလုပ္ေတာ့တယ္။ အရင္အပိုင္းေတြျပန္ၾကည့္ေတာင္မရေတာ့ဘူး။
show page ေတြမွာ Dolby Vision logo ေတြရွိေနတုန္းပဲဆိုတာ သတိထားမိတယ္။ ဒါေပမယ့္လည္း individual episode ေတြမွာေတာ့ HDR ပဲ ျပတယ္။ episode ဖြင့္ထားခ်ိန္မွာ Menu နွိပ္ၾကည့္လုိက္ပါ။
Dolby Vision encoding နဲ႕ပတ္သတ္ျပီးေတာ့ အဆင္မေျပျဖစ္ေနၾကတယ္လ္ုိ႕ တခ်ိဳ႕ကသံုးသပ္ထားပါတယ္။ ဒါေၾကာင့္ Apple က အဲဒီ protocol ကို ေျဖရွင္းျပီးခ်ိန္အထိ ပိတ္ထားတယ္လို႕ ယူဆၾကပါတယ္။ ဒါေပမယ့္လည္း Dickinson လိုမ်ိဳးရွိဳးေတြမွာ Dolby Vision ရေနတာက ဘာလို႕မ်ားလဲ။
HDR10 လို႕ေခၚတဲ့ Normal HDR ကေတာ့ color range နဲ႕ black level ကို ခ်ဲ႕ေပးပါတယ္။ Dolby Vision ကေတာ့ contrast နဲ႕ color ေတြကို scene-by-scene ခ်ိန္ညွိေပးႏုိင္တာပါ။
HDR ကို တီဗြီေတြအတြက္ color gamut တိုးေစျခင္း၊ specific brightness level တိုးေစျခင္းေတြ လုပ္ေဆာင္ႏုိင္ဖို႕အတြက္ မိတ္ဆက္ခဲ့တာပါ။ HDR မတုိင္ခင္တုန္းက HDTV ေတြအတြက္ Rec. 709 လို႕ေခၚတဲ့ video specification နဲ႕ ကန္႕သတ္ထားပါတယ္။
ဒီေန႕ေခတ္ရဲ႕ LCD နဲ႕ OLED ေတြကေတာ့ အရင္ကထက္ color မ်ားမ်ားစားစားျပသႏုိ္င္ပါတယ္။ HDR မလာခင္အထိေတာ့ သူတို႕ရဲ႕လုပ္ေဆာင္မႈကို အျမင့္မားဆံုး မျပသႏုိင္ခဲ့ပါဘူး။
Dolby Vision ကလည္း scene တစ္ခုကေန scene တစ္ခုေျပာင္းတဲ့အခါ metadata ဒါမွမဟုတ္ instruction ေျပာင္းႏုိင္ေအာင္ လုပ္ေဆာင္ေပးပါတယ္။ 68 billion color အတြက္ 12-bit color depth ေပးနုိင္ပါတယ္။ Dolby Vision ဟာ 4,000 nits ႏွင့္အထက္ ရရွိေအာင္ လုပ္ေဆာင္ေပးႏုိ္င္ပါတယ္။
Dolby Vision ရဲ႕ အက်ိဳးေက်းဇူးအခ်ိဳ႕ကေတာ့ သီအိုရီသာသာပါပဲ။ လက္ရွိ TV set ေတြဟာ full range မလုပ္ေဆာင္ႏုိင္ေသးပါဘူး။
ဒါေပမယ့္လည္း HDR10 နဲ႕ Dolby Vision ကေတာ့ ကြဲကြဲျပားျပား ျမင္သာပါတယ္။ brightness level ကြဲတာ ဒါမွမဟုတ္ color range မ်ားတဲ့ ရွိဳးေတြဆိုရင္ သိသာပါတယ္။
မၾကာခင္မွာ Apple ဆီကသတင္းျပန္ရတဲ့အခါ ထပ္တင္ေပးပါဦးမယ္။

Ref : 9to5mac

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.