2021 iPhone တွေမှာ Lightning port ဖြုတ်မယ့် Apple

0
1010

[Unicode]

Ming-Chi Kuo ကတော့ သူ့ရဲ့ခန့်မှန်းချက်တွေကြောင့် နာမည်ရနေတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း မျက်လုံးပြူးစရာသတင်းကို ပြောလိုက်ပြန်ပါပြီ။ ဒါကတော့ 2021 iPhoine တွေမှာ Lightning port ဖြုတ်ပြီးတော့ wireless experience အပြည့်အဝခံစားလို့ရအောင် လုပ်မှာတဲ့။ portless concept ဖုန်းတွေလည်း အရင်တုန်းကရှိခဲ့ဖူးတော့ ကြိုးတွေမပါဘဲထုတ်လုပ်တဲ့ ပထမဆုံးသော iPhone ကို တွေ့မြင်ရနိုင်ပါတယ်။
iPhone ကို ဘယ်လိုအားသွင်းနိုင်မလဲဆိုတာကတော့ မသေချာသေးပါဘူး။ iPhone တွေမှာ Qi ကြိုးမဲ့အားသွင်းစနစ်ကို ၂၀၁၇ကတည်းကထောက်ပံ့ထားပါတယ်။ ဒါပေမယ့်လည်း ဘူးထဲမှာထည့်ပေးထားတဲ့ charging pad လိုပါသေးတယ်။ အလုပ်လုပ်နေချိန်မှာ wall outlet ကနေ အားသွင်းလို့မရတော့ပါဘူး။ အဝေးကနေသွင်းလို့ရတဲ့နည်းပညာကလည်း အခုမှအစပျိုးတုန်းဆိုတော့ ဖုန်းတစ်လုံးမှာထည့်သွင်းဖို့ အဆင်မပြေသေးပါဘူး။ Apple အနေနဲ့ Lightning ကို ဖြုတ်ချပြီးတော့ USB-C လိုမျိုးဟာတော့ တပ်ဖို့တော့မလိုအပ်ပါဘူး။
ဒီတစ်ခုတည်းမဟုတ်သေးပါဘူး။ “iPhone SE2 Plus” ကို full-screen 5.5- or 6.1-inch design နဲ့ ထုတ်လုပ်မယ်လို့လည်း ပြောထားပါသေးတယ်။ Face ID အစား Touch ID ကို power button မှာ ထည့်သွင်းပေးထားမှာပါ။ notch အသေးလေးတော့ပါပါလိမ့်မယ်။ ဒီဟန်းဆက်လေးကို ၂၀၂၁ပထမနှစ်ဝက်လေးမှာ မြင်တွေ့နိုင်မှာပါ။ သူ့အနေနဲ့ Apple ဟာ ဘတ်ဂျက်ဖုန်းတွေကို အရင်မိတ်ဆက်မယ်လို့ ယူဆထားပါတယ်။
သံသယလေးတော့ ထားထားပါ။ Kuo က Apple ရဲ့စီမံကိန်းကို ကြားထားတာဖြစ်နိုင်ပေမယ့်လည်း ၂၀၂၁ဆိုတာက အလှမ်းဝေးပါသေးတယ်။ အခုအချိန်မှာ သူပြောတာတိကျတယ်ဆိုရင်တောင်မှ Apple က ပြန်ပြောင်းဖို့လည်း ဖြစ်နိုင်တဲ့အနေအထားပါ။ ၂၀၂၁စက်တင်ဘာရောက်တော့မှ iPhone မှာ Lightning port ကြီးပါလာလို့ ဂျင်းတယ်လို့တော့ မပြောပါနဲ့။

[Zawgyi]

Ming-Chi Kuo ကေတာ့ သူ႕ရဲ႕ခန္႕မွန္းခ်က္ေတြေၾကာင့္ နာမည္ရေနတာ အားလံုးအသိပဲျဖစ္ပါတယ္။ ဒီတစ္ေခါက္မွာလည္း မ်က္လံုးျပဴးစရာသတင္းကို ေျပာလုိက္ျပန္ပါျပီ။ ဒါကေတာ့ 2021 iPhoine ေတြမွာ Lightning port ျဖဳတ္ျပီးေတာ့ wireless experience အျပည့္အ၀ခံစားလို႕ရေအာင္ လုပ္မွာတဲ့။ portless concept ဖုန္းေတြလည္း အရင္တုန္းကရွိခဲ့ဖူးေတာ့ ၾကိဳးေတြမပါဘဲထုတ္လုပ္တဲ့ ပထမဆံုးေသာ iPhone ကို ေတြ႕ျမင္ရႏုိင္ပါတယ္။
iPhone ကို ဘယ္လိုအားသြင္းႏုိင္မလဲဆိုတာကေတာ့ မေသခ်ာေသးပါဘူး။ iPhone ေတြမွာ Qi ၾကိဳးမဲ့အားသြင္းစနစ္ကို ၂၀၁၇ကတည္းကေထာက္ပံ့ထားပါတယ္။ ဒါေပမယ့္လည္း ဘူးထဲမွာထည့္ေပးထားတဲ့ charging pad လုိပါေသးတယ္။ အလုပ္လုပ္ေနခ်ိန္မွာ wall outlet ကေန အားသြင္းလို႕မရေတာ့ပါဘူး။ အေ၀းကေနသြင္းလို႕ရတဲ့နည္းပညာကလည္း အခုမွအစပ်ိဳးတုန္းဆုိေတာ့ ဖုန္းတစ္လံုးမွာထည့္သြင္းဖို႕ အဆင္မေျပေသးပါဘူး။ Apple အေနနဲ႕ Lightning ကို ျဖဳတ္ခ်ျပီးေတာ့ USB-C လိုမ်ိဳးဟာေတာ့ တပ္ဖို႕ေတာ့မလိုအပ္ပါဘူး။
ဒီတစ္ခုတည္းမဟုတ္ေသးပါဘူး။ “iPhone SE2 Plus” ကို full-screen 5.5- or 6.1-inch design နဲ႕ ထုတ္လုပ္မယ္လို႕လည္း ေျပာထားပါေသးတယ္။ Face ID အစား Touch ID ကို power button မွာ ထည့္သြင္းေပးထားမွာပါ။ notch အေသးေလးေတာ့ပါပါလိမ့္မယ္။ ဒီဟန္းဆက္ေလးကို ၂၀၂၁ပထမႏွစ္၀က္ေလးမွာ ျမင္ေတြ႕ႏုိင္မွာပါ။ သူ႕အေနနဲ႕ Apple ဟာ ဘတ္ဂ်က္ဖုန္းေတြကို အရင္မိတ္ဆက္မယ္လို႕ ယူဆထားပါတယ္။
သံသယေလးေတာ့ ထားထားပါ။ Kuo က Apple ရဲ႕စီမံကိန္းကို ၾကားထားတာျဖစ္ႏုိင္ေပမယ့္လည္း ၂၀၂၁ဆိုတာက အလွမ္းေ၀းပါေသးတယ္။ အခုအခ်ိန္မွာ သူေျပာတာတိက်တယ္ဆိုရင္ေတာင္မွ Apple က ျပန္ေျပာင္းဖို႕လည္း ျဖစ္ႏုိင္တဲ့အေနအထားပါ။ ၂၀၂၁စက္တင္ဘာေရာက္ေတာ့မွ iPhone မွာ Lightning port ၾကီးပါလာလို႕ ဂ်င္းတယ္လို႕ေတာ့ မေျပာပါနဲ႕။

Ref : engadget

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.