၂၀၂၁ မှာ port လုံးဝမပါတဲ့ iPhone ထွက်ရှိမည်

0
335

[Unicode]

Ming-Chi Kuo ရဲ့လေ့လာချက်အသစ်အရ Apple ဟာ တစ်နှစ်ကို iPhone နှစ်မျိုးမိတ်ဆက်မယ်လို့ ကျွန်တော်တို့သိထားပြီးပါပြီ။ အခုလည်း ထူးခြားတဲ့အကြောင်းအရာလေးတစ်ခုကို ယူဆောင်လာပြန်ပါပြီ။ Apple ရဲ့ 2021 flagship iPhone တွေမှာ Lightning port ကို ဖြုတ်ပစ်လိုက်ပါပြီ။ ဒါပေမယ့်လည်း USB-C fan တွေ မပျော်လိုက်ပါနဲ့ဦး။ Kuo ရဲ့ပြောစကားအရဆိုရင် Apple က USB-C တော့ ပြောင်းသုံးမှာမဟုတ်ပါဘူး။ အဲဒီအစား အားသွင်းခြင်းနဲ့ sync လုပ်ဖို့အတွက် ပြီးပြည့်စုံတဲ့ wireless experience ကို ချပြမှာပါ။
ဒီပြောင်းလဲမှုဟာ Apple အတွက် ကြီးမားပါတယ်။ ၂၀၁၃ခုနှစ်မှာထုတ်လုပ်ခဲ့တဲ့ iPhone 5 ကနေ ဒီနေ့အထိ Lightning port ကို မှီခိုနေရတာမဟုတ်လား။ ပြီးတော့ ဒီနေ့ခေတ် iPhone တွေမှာက physical data sync ကို သိပ်မလုပ်တော့ဘဲ wireless model ဘက်ကိုသွားနေကြပါပြီ။ အားသွင်းကြိုးထုတ်တဲ့လုပ်ငန်းကနေ headphone လုပ်ငန်းတွေအထိ ရိုက်ခတ်နေပါပြီ။ ၂၀၂၁ဆိုတာက လှမ်းနေသေးပြီး ၂၀၂၀ iPhone တွေတောင် မမြင်ရသေးပါဘူး။ Apple နဲ့ပတ်သတ်ရင် Kuo က မှန်တတ်တယ်ဆိုတော့ ဖြစ်လာနိုင်ပါတယ်။
2020 iPhone တွေနဲ့ပတ်သတ်လို့ပြောထားတာကတော့ ဖုန်းအသစ်ငါးလုံးကို တွေ့မြင်ရမှာပါ။ ပထမဆုံးကတော့ နာမည်ကြီးနေတဲ့ iPhone SE 2 ကို 4.7-inch LCD display ၊ iPhone 8 နဲ့တူတဲ့ form factor ဒီဇိုင်းနဲ့ မြင်တွေ့ရမှာပါ။
အဲဒီနောက်မှာတော့ OLED iPhone လေးလုံးကို ထုတ်လုပ်မယ်လို့ သိရပါတယ်။ အားလုံးမှာ 5G ပါဝင်မှာပါ။ ဒီနှစ်ဖုန်းတွေနဲ့တူတာကတော့ high-end triple-camera model သုံးထားမယ်။ ToF နည်းပညာသုံးထားလိမ့်မယ်။ 6.1-inch model နဲ့ 6.7-inch model ဆိုပြီးတော့ အရွယ်အစား နှစ်မျိုးရှိမယ်။ အဲဒီဖုန်းတွေက လက်ရှိ iPhone 11 Pro နဲ့ iPhone 11 Pro Max တွေကို အစားထိုးနေရာယူသွားမှာပါ။
lower-end dual-camera model လေးကတော့ standard iPhone 11 နဲ့တူပါတယ်။ ဒါပေမယ့်လည်း dual-camera model လေးကို အရွယ်အစားနှစ်မျိုးနဲ့ ထုတ်လုပ်မှာပါ။ iPhone 12 လို့ခေါ်ကြပါစို့။ 6.1-inch နဲ့ 5.4-inch ဆိုပြီး မြင်ရပါလိမ့်မယ်။
Ming-Chi Kuo ကတော့ နှစ်နှစ်စာအတွက် ခန့်မှန်းပြီးသွားပြီ။

[Zawgyi]

Ming-Chi Kuo ရဲ႕ေလ့လာခ်က္အသစ္အရ Apple ဟာ တစ္ႏွစ္ကို iPhone ႏွစ္မ်ိဳးမိတ္ဆက္မယ္လို႕ ကၽြန္ေတာ္တို႕သိထားျပီးပါျပီ။ အခုလည္း ထူးျခားတဲ့အေၾကာင္းအရာေလးတစ္ခုကို ယူေဆာင္လာျပန္ပါျပီ။ Apple ရဲ႕ 2021 flagship iPhone ေတြမွာ Lightning port ကို ျဖဳတ္ပစ္လိုက္ပါျပီ။ ဒါေပမယ့္လည္း USB-C fan ေတြ မေပ်ာ္လုိက္ပါနဲ႕ဦး။ Kuo ရဲ႕ေျပာစကားအရဆိုရင္ Apple က USB-C ေတာ့ ေျပာင္းသံုးမွာမဟုတ္ပါဘူး။ အဲဒီအစား အားသြင္းျခင္းနဲ႕ sync လုပ္ဖို႕အတြက္ ျပီးျပည့္စံုတဲ့ wireless experience ကို ခ်ျပမွာပါ။
ဒီေျပာင္းလဲမႈဟာ Apple အတြက္ ၾကီးမားပါတယ္။ ၂၀၁၃ခုႏွစ္မွာထုတ္လုပ္ခဲ့တဲ့ iPhone 5 ကေန ဒီေန႕အထိ Lightning port ကို မွီခိုေနရတာမဟုတ္လား။ ျပီးေတာ့ ဒီေန႕ေခတ္ iPhone ေတြမွာက physical data sync ကို သိပ္မလုပ္ေတာ့ဘဲ wireless model ဘက္ကိုသြားေနၾကပါျပီ။ အားသြင္းၾကိဳးထုတ္တဲ့လုပ္ငန္းကေန headphone လုပ္ငန္းေတြအထိ ရိုက္ခတ္ေနပါျပီ။ ၂၀၂၁ဆိုတာက လွမ္းေနေသးျပီး ၂၀၂၀ iPhone ေတြေတာင္ မျမင္ရေသးပါဘူး။ Apple နဲ႕ပတ္သတ္ရင္ Kuo က မွန္တတ္တယ္ဆိုေတာ့ ျဖစ္လာႏုိင္ပါတယ္။
2020 iPhone ေတြနဲ႕ပတ္သတ္လို႕ေျပာထားတာကေတာ့ ဖုန္းအသစ္ငါးလံုးကို ေတြ႕ျမင္ရမွာပါ။ ပထမဆံုးကေတာ့ နာမည္ၾကီးေနတဲ့ iPhone SE 2 ကို 4.7-inch LCD display ၊ iPhone 8 နဲ႕တူတဲ့ form factor ဒီဇုိင္းနဲ႕ ျမင္ေတြ႕ရမွာပါ။
အဲဒီေနာက္မွာေတာ့ OLED iPhone ေလးလံုးကို ထုတ္လုပ္မယ္လို႕ သိရပါတယ္။ အားလံုးမွာ 5G ပါ၀င္မွာပါ။ ဒီႏွစ္ဖုန္းေတြနဲ႕တူတာကေတာ့ high-end triple-camera model သံုးထားမယ္။ ToF နည္းပညာသံုးထားလိမ့္မယ္။ 6.1-inch model နဲ႕ 6.7-inch model ဆိုျပီးေတာ့ အရြယ္အစား ႏွစ္မ်ိဳးရွိမယ္။ အဲဒီဖုန္းေတြက လက္ရွိ iPhone 11 Pro နဲ႕ iPhone 11 Pro Max ေတြကို အစားထိုးေနရာယူသြားမွာပါ။
lower-end dual-camera model ေလးကေတာ့ standard iPhone 11 နဲ႕တူပါတယ္။ ဒါေပမယ့္လည္း dual-camera model ေလးကို အရြယ္အစားႏွစ္မ်ိဳးနဲ႕ ထုတ္လုပ္မွာပါ။ iPhone 12 လို႕ေခၚၾကပါစို႕။ 6.1-inch နဲ႕ 5.4-inch ဆိုျပီး ျမင္ရပါလိမ့္မယ္။
Ming-Chi Kuo ကေတာ့ ႏွစ္ႏွစ္စာအတြက္ ခန္႕မွန္းျပီးသြားျပီ။

Ref : theverge

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.