
[Unicode]
Google Maps က ကားမောင်းခြင်းနဲ့ ယာဉ်ကြောအခြေအနေတွေအတွက် အတော်လေးအသုံးတည့်ပါတယ်။ ဒါပေမယ့်လည်း မနှစ်ကတုန်းက ခြေလျင်အတွက်လည်း feature လေးတွေထည့်ပေးခဲ့ပါသေးတယ်။ မကြာသေးခင်တုန်းက AR walking direction တွေ၊ အမြင်အာရုံချို့တဲ့သူတွေအတွက် စကားနဲ့လမ်းကြောင်းကို ပြောဆိုပေးတာတွေ ထည့်သွင်းပေးခဲ့ပါတယ်။ နောင်အနာဂတ်မှာတော့ Google ဟာ ညအချိန်လမ်းလျှောက်တဲ့အခါ လုံခြုံတဲ့လမ်းကိုရွေးချယ်စေနိုင်ဖို့အတွက် ကူညီပေးသွားမှာပါ။
XDA Developers ရဲ့အဆိုအရ Google Maps ထဲမှာ Lighting layer အသစ်လေးကို တွေ့ရှိခဲ့ပါတယ်။ အဲဒီ layer လေးဟာ ဘယ်လမ်းတွေကတော့ဖြင့် လမ်းမီးတွေရှိတယ်၊ လင်းတယ်ဆိုတာကို အဝါရောင် highlight လေးနဲ့ပြထားပါတယ်။
ဒါဟာ ညအချိန်မှောင်မဲနေတဲ့လမ်းတွေကို ရှောင်ချင်တဲ့လမ်းလျှောက်သူတွေအတွက် အဆင်ပြေစေမှာပါ။ ဒါဟာ လူအများနဲ့သက်ဆိုင်နေတဲ့ကိစ္စတစ်ခုဖြစ်ကြောင်း ပြီးခဲ့တဲ့လတွေက တွစ်တာပို့စ်တွေကိုကြည့်လိုက်ရင် သိသာနေပါတယ်။
Lighting feature လေးဟာ လက်ရှိမှာ အတည်မပြုရသေးသလို သုံးနေတဲ့ screenshot တွေလည်း တက်မလာသေးပါဘူး။ ဒါပေမယ့်လည်း code ရှာတွေ့ပြီဆိုတော့ မကြာခင်မှာမြင်တွေ့ရဖို့ရှိနေပါတယ်။ XDA Developer တွေကတော့ အိန္ဒိယကိုအရင်ဆုံးထုတ်ပေးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မကြာသေးခင်က တိုက်ခိုက်မှုတွေ၊ အမျိုးသမီးတွေကို မုဒိန်းကျင့်ခံရမှုတွေက သတင်းစာခေါင်းစီးမှာ နေရာယူထားလို့ပါ။
Google အနေနဲ့ လမ်းမီးအခြေအနေကို ဘယ်လိုများ သတင်းအချက်အလက်ယူသလဲဆိုတာ မေးခွန်းထုတ်သင့်ပါတယ်။ စမတ်လမ်းမီးတွေဆိုတာ ရှားပါးနေတုန်းပါပဲ။ သုံးစွဲသူတွေကပေးပို့တဲ့အချက်အလက်တွေကို အခြေခံပြီးတော့ လုပ်ဆောင်မလား။ ဒါပဲဖြစ်နိုင်ပါတယ်။
[Zawgyi]
Google Maps က ကားေမာင္းျခင္းနဲ႕ ယာဥ္ေၾကာအေျခအေနေတြအတြက္ အေတာ္ေလးအသံုးတည့္ပါတယ္။ ဒါေပမယ့္လည္း မႏွစ္ကတုန္းက ေျခလ်င္အတြက္လည္း feature ေလးေတြထည့္ေပးခဲ့ပါေသးတယ္။ မၾကာေသးခင္တုန္းက AR walking direction ေတြ၊ အျမင္အာရံုခ်ိဳ႕တဲ့သူေတြအတြက္ စကားနဲ႕လမ္းေၾကာင္းကို ေျပာဆိုေပးတာေတြ ထည့္သြင္းေပးခဲ့ပါတယ္။ ေနာင္အနာဂတ္မွာေတာ့ Google ဟာ ညအခ်ိန္လမ္းေလွ်ာက္တဲ့အခါ လံုျခံဳတဲ့လမ္းကိုေရြးခ်ယ္ေစႏုိ္င္ဖုိ႕အတြက္ ကူညီေပးသြားမွာပါ။
XDA Developers ရဲ႕အဆိုအရ Google Maps ထဲမွာ Lighting layer အသစ္ေလးကို ေတြ႕ရွိခဲ့ပါတယ္။ အဲဒီ layer ေလးဟာ ဘယ္လမ္းေတြကေတာ့ျဖင့္ လမ္းမီးေတြရွိတယ္၊ လင္းတယ္ဆိုတာကို အ၀ါေရာင္ highlight ေလးနဲ႕ျပထားပါတယ္။
ဒါဟာ ညအခ်ိန္ေမွာင္မဲေနတဲ့လမ္းေတြကို ေရွာင္ခ်င္တဲ့လမ္းေလွ်ာက္သူေတြအတြက္ အဆင္ေျပေစမွာပါ။ ဒါဟာ လူအမ်ားနဲ႕သက္ဆုိင္ေနတဲ့ကိစၥတစ္ခုျဖစ္ေၾကာင္း ျပီးခဲ့တဲ့လေတြက တြစ္တာပို႕စ္ေတြကိုၾကည့္လုိက္ရင္ သိသာေနပါတယ္။
Lighting feature ေလးဟာ လက္ရွိမွာ အတည္မျပဳရေသးသလို သံုးေနတဲ့ screenshot ေတြလည္း တက္မလာေသးပါဘူး။ ဒါေပမယ့္လည္း code ရွာေတြ႕ျပီဆိုေတာ့ မၾကာခင္မွာျမင္ေတြ႕ရဖို႕ရွိေနပါတယ္။ XDA Developer ေတြကေတာ့ အိႏၵိယကိုအရင္ဆံုးထုတ္ေပးႏုိင္တယ္လို႕ ခန္႕မွန္းထားပါတယ္။ မၾကာေသးခင္က တိုက္ခိုက္မႈေတြ၊ အမ်ိဳးသမီးေတြကို မုဒိန္းက်င့္ခံရမႈေတြက သတင္းစာေခါင္းစီးမွာ ေနရာယူထားလို႕ပါ။
Google အေနနဲ႕ လမ္းမီးအေျခအေနကို ဘယ္လုိမ်ား သတင္းအခ်က္အလက္ယူသလဲဆိုတာ ေမးခြန္းထုတ္သင့္ပါတယ္။ စမတ္လမ္းမီးေတြဆိုတာ ရွားပါးေနတုန္းပါပဲ။ သံုးစြဲသူေတြကေပးပို႕တဲ့အခ်က္အလက္ေတြကို အေျခခံျပီးေတာ့ လုပ္ေဆာင္မလား။ ဒါပဲျဖစ္ႏုိင္ပါတယ္။
Ref : engadget