Snapdragon 865 မှာ 5G modem နဲ့ ဘာလို့မပေါင်းသလဲ
0
1121
[Unicode]
Qualcomm ရဲ့ Snapdragon 865 processor အတွင်းထဲမှာ 5G modem မပါဝင်တဲ့အတွက်ကြောင့် ဝေဖန်မှုတွေမြင့်တက်လို့နေပါတယ်။ Qualcomm က mid-range Snapdragon 765 မှာတော့ 5G modem ထည့်ပေးထားပါတယ်။
Snapdragon Tech Summit မှာတော့ Snapdragon 865 ဟာ Snapdragon X55 external modem အပေါ်မှာမှီခိုပြီးတော့ 4G နဲ့ 5G တွေကို ချိတ်ဆက်နေရသလဲဆိုတာကို ပြောသွားခဲ့ပါတယ်။
စစ်မှန်တဲ့ flagship 5G ခံစားမှုကို ပေးခြင်း
X55 ကိုကြည့်လိုက်တဲ့အခါ ရနိုင်သမျှလုပ်ဆောင်ချက်တွေအကုန်လုံးကို အမြင့်မားဆုံးရနေတာဖြစ်တဲ့အတွက်ကြောင့် မှန်ကန်တဲ့လုပ်ရပ်လို့ ယူဆလိုက်ပါတယ်။ modem ရဲ့အရွယ်အစားရော၊ application processor ရဲ့လုပ်ဆောင်ချက်တွေရောက အဆင်ပြေနေပါတယ်။
တစ်နည်းပြောရမယ်ဆိုရင်တော့ X55 ရဲ့ feature တွေနဲ့ လုပ်ဆောင်နိုင်စွမ်းတွေက modem ကို အရွယ်အစားတစ်ခုလောက်အထိလိုအပ်နေပြီးတော့ စွမ်းအင်ပမာဏအတိုင်းအတာတစ်ခုထိ လိုအပ်နေပါတယ်။ silicon နဲ့ပေါင်းစပ်လိုက်တဲ့အခါမှာ အရွယ်အစားတွေ၊ စွမ်းအားတွေကိုလည်း ထည့်တွက်ရမှာပါ။ modem ကြီးသွားရင် GPU silicon ရဲ့ performance CPU အတွက် နေရာနည်းသွားမယ်။
Flagship အပေါ်ကျွန်တော်တို့ရဲ့အမြင်က performance အကောင်းဆုံးဘယ်လောက်ပေးနိုင်လဲ၊ အကောင်းဆုံး 5G ကဘာတွေလု်ပပေးနိုင်လဲဆိုတာပါပဲ။ ဒါက X55 လုပ်ဆောင်ပေးတဲ့အရာတွေပါ။ modem ကို အပြင်ဘက်ကနေသုံးလိုက်ခြင်းက 5G နဲ့ Snapdragon 865 ရ့ တွက်ချက်မှုစွမ်းအားတွေကို မထိခိုက်အောင်ပါ။
ပေါင်းစပ်ခြင်းက ကုန်ကျစရိတ်တွေရှိနေ
တချို့လုပ်ငန်းတွေက ပေါင်းစပ်ဖို့အတွက် အလျင်လိုကြတယ်။ Huawei ရဲ့ external Balong 5000 5G modem က sub-6GHz နဲ့ mmWave spectrum ကို ထောက်ပံ့ပြီးတော့ download speeds 7.5Gbps အထိ ရှိတယ်။ Kirin 990 5G SoC ကို Balong modem နဲ့ပေါင်းစပ်လိုက်တော့ sub-6GHz ဖြစ်ပေမယ့်လည်း 2.3Gbps ပဲ ရတော့တယ်။ Samsung ရဲ့ Exynos 980 SoC လည်း အတူတူပဲ။ mmWave ထောက်ပံ့မှုမရတော့ဘဲ 3.6Gbps နဲ့ dual mode ပဲရတော့တယ်။
Samsung ရဲ့ external Exynos 5100 modem ကတော့ 6Gbps download ၊ mmWave တွေရပြီးတော့ Exynos 5123 က 7.35Gbps အထိ ရပါတယ်။ Exynos 990 ကို external Exynos 5123 modemသုံးဖို့အတွက်စဉ်းစားနေပါတယ်။ ဒါကြောင့် ပေါင်းစပ်တဲ့အခါ performance ကိုလည်း ထည့်သွင်းစဉ်းစားဖို့အတွက် လိုအပ်ပါတယ်။
Qualcomm ရဲ့လုပ်ဆောင်ချက်ကိုလည်း Snapdragon 765 နဲ့ Snapdragon X52 modem မှာ မြင်နိုင်ပါတယ်။ X52 ဟာ 3.7Gbps download speeds နဲ့ mmWave ၊ dynamic spectrum sharing ကို ထောက်ပံ့ပေးထားပါတယ်။ X52 က ပေါင်းစပ်လိုက်မယ်ဆိုရင် ကောင်းမွန်တယ်ဆိုပေမယ့်လည်း X55 ရဲ့ တစ်ဝက်လောက်ပဲ လုပ်ဆောင်နိုင်တော့မှာပါ။
အပြင်ကနေသုံးတာကလည်း ကောင်းပါတယ်
Snapdragon X55 ကတော့ တကယ့်ကို မိုက်တဲ့ခြေလှမ်းပါပဲ။
download speeds အမြင့်ဆုံး 7.6Gbps။ X55 ဟာ 5G FDD spectrum နဲ့ Standalone 5G network ကို မိတ်ဆက်ထားပါတယ်။ အရေးကြီးတာက dual-mode 4G နဲ့ 5G modem ပါ။ speeds ပိုမြန်လာပြီးတော့ network transparency တွေပိုကောင်းလာဖို့အတွက်လည်း dynamic spectrum sharing ရှိနေပါတယ်။
Snapdragon 865 နဲ့ X55 modem ပေါင်းစပ်လိုက်ခြင်းဟာ Snapdragon 855 ရဲ့ integrated X24 modem ထက်တော့ 4G LTE ပိုကောင်းလာပါတယ်။ ဘတ်ထရီသက်တမ်းကိုလည်း မထိခိုက်စေပါဘူး။ 5G power consumption က ပိုပြီးတော့များပေမယ့်လည်း ၂၀၂၀စမတ်ဖုန်းတွေမှာက ဘတ်ထရီနဲ့ networking performance တွေက ပိုကောင်းလာပါတယ်။
800-series Snapdragon ကိုတော့ integrated modem အဖြစ်နဲ့ မြင်ရနိုင်လား။ နောက်နှစ်ကို စောင့်ကြည့်လိုက်ပါဦး။
[Zawgyi]
Ref : androidauthority
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.