Qualcomm ရဲ့ in-display fingerprint sensor အသုံးပြုထားတဲ့ iPhone ထုတ်လုပ်နေ

0
788

[Unicode]

MacRumors ကရေးလိုက်တဲ့သတင်းတစ်ပုဒ်အရ Apple ဟာ Qualcomm ၊ အခြားသော supplier တွေနဲ့ iPhone fingerprint sensor လုပ်ဆောင်ဖို့အတွက် စကားပြောနေပါပြီ။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ sensor ဟာ ဖုန်းရဲ့မျက်နှာပြင်အောက်မှာပါ။
သတင်းတွေအရ နောက်နှစ်လောက်မှာမြင်တွေ့ရနိုင်ပါတယ်။ iPhone fingerprint sensor ဟာ Samsung ရဲ့ Galaxy S10 line လိုင်းမှာသာပါတဲ့ ultrasonic အမျိုးအစားဖြစ်မယ်လို့ သိရပါတယ်။
မှန်ခဲ့မယ်ဆိုရင်တော့ မျက်နှာပြင်အောက်မှာပထမဆုံးထည့်ထားတဲ့ iPhone လေးကို ကိုင်ခွင့်ရတော့မှာပါ။ iPhone X က စပြီးတော့ Apple ဟာ Face ID ကို biometric အနေနဲ့ အသုံးပြုခဲ့ပါတယ်။
Apple အနေနဲ့ Face ID ဖြုတ်ဖို့ဆိုတာ အတော်လေးမဖြစ်နိုင်တဲ့ကိစ္စပါ။ iPhone fingerprint sensor ကို high-end ဖုန်းတွေရဲ့ ဒုတိယရွေးချယ်မှုအဖြစ်နဲ့ ထည့်သွင်းလောက်မှာပါ။ ဒါမှမဟုတ်လည်း in-display fingerprint sensor တွေကို သတင်းထွက်နေတဲ့ ဘတ်ဂျက်ဖုန်းတွေမှာများ အသုံးပြုလေမလား။
မကြာသေးခင်က Google ကလည်း Google Pixel 4 ကို fingerprint sensor မပါဘဲ ထုတ်လုပ်ခဲ့ပါတယ်။ fingerprint sensor ကို ဒီဇိုင်းတစ်ခုအနေနဲ့လုပ်ဆောင်နေကြတဲ့ Android လောကရဲ့ရှားပါးဖြစ်ရပ်လို့လည်း ဆိုနိုင်ပါတယ်။ Apple ကရော Google ဖြုတ်လိုက်ပြီးမှ iPhone fingerprint sensor ကို ပြန်မိတ်ဆက်တာကလည်း စိတ်ဝင်စားဖို့ကောင်းနေပြန်ပါတယ်။
အခုအချိန်မှာတော့ ၂၀၂၀မှာ iPhone အမျိုးအစားနှစ်ခုကို မိတ်ဆက်မယ်လို့ ကြားထားပါတယ်။ ပထမနှစ်ဝက်မှာ ဘတ်ဂျက်ဖုန်း၊ ပြသနေကြစက်တင်ဘာမှာတော့ high-end ဖုန်းတွေ ကြေညာမှာပါ။ ဒီတော့ မျက်နှာပြင်အောက်က fingerprint sensor လေးကိုမြင်ရဖို့က လအနည်းငယ်လောက်ပဲ လိုချင်လိုတော့မှာပါ။

[Zawgyi]

MacRumors ကေရးလုိက္တဲ့သတင္းတစ္ပုဒ္အရ Apple ဟာ Qualcomm ၊ အျခားေသာ supplier ေတြနဲ႕ iPhone fingerprint sensor လုပ္ေဆာင္ဖို႕အတြက္ စကားေျပာေနပါျပီ။ ဒါေပမယ့္ ဒီတစ္ၾကိမ္မွာေတာ့ sensor ဟာ ဖုန္းရဲ႕မ်က္ႏွာျပင္ေအာက္မွာပါ။
သတင္းေတြအရ ေနာက္ႏွစ္ေလာက္မွာျမင္ေတြ႕ရႏုိင္ပါတယ္။ iPhone fingerprint sensor ဟာ Samsung ရဲ႕ Galaxy S10 line လုိင္းမွာသာပါတဲ့ ultrasonic အမ်ိဳးအစားျဖစ္မယ္လို႕ သိရပါတယ္။
မွန္ခဲ့မယ္ဆိုရင္ေတာ့ မ်က္ႏွာျပင္ေအာက္မွာပထမဆံုးထည့္ထားတဲ့ iPhone ေလးကို ကိုင္ခြင့္ရေတာ့မွာပါ။ iPhone X က စျပီးေတာ့ Apple ဟာ Face ID ကုိ biometric အေနနဲ႕ အသံုးျပဳခဲ့ပါတယ္။
Apple အေနနဲ႕ Face ID ျဖဳတ္ဖို႕ဆိုတာ အေတာ္ေလးမျဖစ္ႏုိင္တဲ့ကိစၥပါ။ iPhone fingerprint sensor ကို high-end ဖုန္းေတြရဲ႕ ဒုတိယေရြးခ်ယ္မႈအျဖစ္နဲ႕ ထည့္သြင္းေလာက္မွာပါ။ ဒါမွမဟုတ္လည္း in-display fingerprint sensor ေတြကို သတင္းထြက္ေနတဲ့ ဘတ္ဂ်က္ဖုန္းေတြမွာမ်ား အသံုးျပဳေလမလား။
မၾကာေသးခင္က Google ကလည္း Google Pixel 4 ကို fingerprint sensor မပါဘဲ ထုတ္လုပ္ခဲ့ပါတယ္။ fingerprint sensor ကို ဒီဇိုင္းတစ္ခုအေနနဲ႕လုပ္ေဆာင္ေနၾကတဲ့ Android ေလာကရဲ႕ရွားပါးျဖစ္ရပ္လို႕လည္း ဆုိႏုိင္ပါတယ္။ Apple ကေရာ Google ျဖဳတ္လုိက္ျပီးမွ iPhone fingerprint sensor ကို ျပန္မိတ္ဆက္တာကလည္း စိတ္၀င္စားဖို႕ေကာင္းေနျပန္ပါတယ္။
အခုအခ်ိန္မွာေတာ့ ၂၀၂၀မွာ iPhone အမ်ိဳးအစားႏွစ္ခုကို မိတ္ဆက္မယ္လို႕ ၾကားထားပါတယ္။ ပထမႏွစ္၀က္မွာ ဘတ္ဂ်က္ဖုန္း၊ ျပသေနၾကစက္တင္ဘာမွာေတာ့ high-end ဖုန္းေတြ ေၾကညာမွာပါ။ ဒီေတာ့ မ်က္ႏွာျပင္ေအာက္က fingerprint sensor ေလးကိုျမင္ရဖို႕က လအနည္းငယ္ေလာက္ပဲ လိုခ်င္လိုေတာ့မွာပါ။

Ref : androidauthority

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.