40W အားအမြန်သွင်းစနစ်ပါတဲ့ Huawei Nova 6 5G
0
568
[Unicode]
Nova လိုင်းထဲကို နောက်ဆုံးပေါ်အဖြစ်နဲ့ဝင်ရောက်လာတဲ့ Nova 6 series ကို ဒီနေ့ပဲ Huawei က မိတ်ဆက်လိုက်ပါတယ်။ Nova 6 series တွေထဲမှာ flagship Nova 6 5G ၊ standard Nova 6 နဲ့ mid-range Nova 6SE တို့ပါဝင်ပါတယ်။
Nova 6 5G လေးကတော့ 6.57-inch FHD+ AMOLED display ရဲ့ ဘယ်ဘက်အပေါ်နားမှာ ဘဲဥပုံအပေါက်လေးနဲ့ ပွဲထွက်လာခဲ့တာပါ။ အဲဒီဘဲဥလေးထဲမှာ 32MP main sensor နဲ့ 8MP ultra-wide sensor တို့ကို မြှုပ်နှံထားပါတယ်။ အဲဒီစမတ်ဖုန်းလေးကို မောင်းနှင်ထားတာကတော့ HiSilicon ရဲ့နောက်ဆုံးထွက်ထားတဲ့ Kirin 990 5G chipset ဖြစ်ပြီး 8GB RAM ၊ 256GB storage တို့နဲ့ ပေါင်းစပ်ထားပါတယ်။
ဖုန်းရဲ့ကျောဘက်မှာတော့ 40MP main lens ၊ optical image stabilization ပါတဲ့ 8MP telephoto lens ၊ 8MP ultrawide snapper တို့ကိုလည်း တွေ့မြင်ရပါတယ်။ 40W အားမြန်သွင်းစနစ်ထောက်ပံ့ထားပြီး 4,200mAh ဘတ်ထရီထည့်သွင်းပေးထားပါတယ်။ Huawei Nova 6 ကတော့ Nova 6 5G နဲ့ အတော်များများတူပြီး 5G မရပါဘူး။ 4,100mAh ပဲ ပါဝင်ပါတယ်။ နောက်ဆုံးထွက်ထားတဲ့ Android 10 OS ကိုပြင်ထားတဲ့ EMUI 10 skin ပါဝင်မှာဖြစ်ပါတယ်။
mid-range Nova 6SE မှာတော့ a 6.4-inch FHD+ display မှာ 16MP selfie camera တစ်လုံးတည်းနဲ့ ထွက်ရှိလာခဲ့တာပါ။ Kirin 810 chipset ကို 8GB RAM နဲ့128GB storage တို့က ကူညီမောင်းနှင်ပေးထားပါတယ်။ ကျောဘက်မှာတော့ 48MP main lens ၊ 8MP ultrawide lens ၊ 2MP depth sensor နဲ့ 2MP macro lens တို့ကို တွေ့မြင်ရပါတယ်။ 40W အားအမြန်သွင်းစနစ်ပါဝင်ပြီး ဘတ်ထရီကတော့ 4,200mAh ဖြစ်ပါတယ်။ ဘေးဘက်မှာတော့ အခြားသော Nova 6 ဖုန်းတွေလိုပဲ fingerprint sensor ပါဝင်ပါတယ်။
Huawei Nova 6 5G ကတော့ တရုတ်နိုင်ငံမှာ ၃၇၉၉ယွမ် ဒေါ်လာ၅၄၀ နဲ့စတင်ပြီး ၄၁၉၉ယွမ် ၅၉၅ဒေါ်လာအထိ ဖြစ်နိုင်ပါတယ်။ standard Nova 6 ကတော့ ၃၁၉၉ယွမ်ဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ ကြိုတင်မှာယူနိုင်နေပါပြီ။ ဒီဇင်ဘာ၁၂နေ့ဆိုရင်တော့ ဝယ်ယူလို့ရတော့မှာပါ။ mid-range Nova 6SE ကတော့ ၂၁၉၉ယွမ် ၃၁၅ဒေါ်လာ ရှိပါတယ်။ Nova 6 series တွေကို တရုတ်ပြင်ကို ရောင်းမလားဆိုတာကတော့ မသိရသေးပါဘူး။
[Zawgyi]
Ref : androidcentral
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.