0
358

[Unicode]

Nokia က စမတ်ဖုန်းဈေးကွက်အပြင် Nokia 55-inch LED Smart TV နဲ့အတူ တီဗွီဈေးကွက်ကိုပါ ခြေချလိုက်ပါပြီ။
ဒီနှစ်အစောပိုင်းတုန်းက Flipkart ဟာ Nokia brand နာမည်ကို အိန္ဒိယအတွက်ထုတ်လုပ်မယ့် သူ့ရဲ့ smart TV စီးရီးအသစ်အတွက် အသုံးပြုခွင့်ရရှိခဲ့ပါတယ်။ ထုတ်လုပ်မှု၊ ဖြန့်ချိမှု၊ ဈေးကွက်ရှာမှုတွေကို Flipkart ကပဲလုပ်ဆောင်မှာဖြစ်ပါတယ်။ Nokia Smart TV ကတော့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အသီးအပွင့်လေးတစ်ခုပါ။ ဒီလိုပူးပေါင်းလိုက်မှုကြောင့် တီဗွီဈေးကွက်ကို ဝင်ရောက်ခွင့်ရသွားခဲ့ပါတယ်။
တီဗွီအကြောင်းကို ဆက်ရမယ်ဆိုရင် 55-inch Ultra HD LED panel ကို အသုံးပြုထားပြီးတော့ Dolby Vision ထောက်ပံ့ပေးထားပါတယ်။ HDR10 နဲ့ wide colour gamut output တွေကိုလည်း ထည့်သွင်းပေးထားသလို သဘာဝဆန်တဲ့ရုပ်ထွက်ရစေဖို့အတွက် Intelligent Dimming လည်း ပါဝင်ဦးမှာပါ။
Nokia Smart TV လေးမှာ JBL လည်းပါဝင်နေတဲ့အတွက်ကြောင့် ရှင်းလင်းပြတ်သားတဲ့အသံ၊ bass သံမိုက်မိုက်၊ harmonic distortion နည်းနည်းနဲ့ ခံစားနားဆင်နိုင်မှာပါ။ အသံထွက်ကို Dolby Audio ၊ Dolby Audio နဲ့ DTS TruSurround တို့က အကောင်းဆုံးဖြန့်ကျက်ပေးမှာပါ။ 5.1 channel surround sound အတွက်ကတော့ အောက်ဘက်က 24-watt စပီကာတွေက တာဝန်ယူပါလိမ့်မယ်။


Clear View and Clear Sound နည်းပညာကလည်း Nokia Smart TV ပေါ်မှာ stream လုပ်တဲ့အခါ noise level တွေကို လျှော့ချပေးပါတယ်။ Android 9 Pie ကို အခြေပြုထားတဲ့ Android TV OS ထည့်သွင်းထားပြီး Play Store နဲ့ Google Assistant အသုံးပြုနိုင်မှာပါ။ Netflix, Hotstar နဲ့ YouTube တို့ကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။
အိန္ဒိယမှာ Nokia Smart TV လေးကို ၄၁၉၉၉ ရူပီးနဲ့ ဝယ်ယူူနိုင်မှာပါ။ ဒီဇင်ဘာ၁၀ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပြီးတော့ Flipkart ကနေပဲ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ HDFC Bank card ကိုင်ဆောင်သူတွေကတော့ ၁၀ရာခိုင်နှုန်းလျှော့ဈေးရရှိမှာပါ။

[Zawgyi]

Nokia က စမတ္ဖုန္းေစ်းကြက္အျပင္ Nokia 55-inch LED Smart TV နဲ႕အတူ တီဗြီေစ်းကြက္ကိုပါ ေျခခ်လိုက္ပါျပီ။
ဒီႏွစ္အေစာပုိင္းတုန္းက Flipkart ဟာ Nokia brand နာမည္ကို အိႏိၵယအတြက္ထုတ္လုပ္မယ့္ သူ႕ရဲ႕ smart TV စီးရီးအသစ္အတြက္ အသံုးျပဳခြင့္ရရွိခဲ့ပါတယ္။ ထုတ္လုပ္မႈ၊ ျဖန္႕ခ်ိမႈ၊ ေစ်းကြက္ရွာမႈေတြကို Flipkart ကပဲလုပ္ေဆာင္မွာျဖစ္ပါတယ္။ Nokia Smart TV ကေတာ့ ပူးေပါင္းေဆာင္ရြက္မႈနဲ႕ အသီးအပြင့္ေလးတစ္ခုပါ။ ဒီလိုပူးေပါင္းလုိက္မႈေၾကာင့္ တီဗြီေစ်းကြက္ကို ၀င္ေရာက္ခြင့္ရသြားခဲ့ပါတယ္။
တီဗြီအေၾကာင္းကို ဆက္ရမယ္ဆုိရင္ 55-inch Ultra HD LED panel ကို အသံုးျပဳထားျပီးေတာ့ Dolby Vision ေထာက္ပံ့ေပးထားပါတယ္။ HDR10 နဲ႕ wide colour gamut output ေတြကိုလည္း ထည့္သြင္းေပးထားသလို သဘာ၀ဆန္တဲ့ရုပ္ထြက္ရေစဖို႕အတြက္ Intelligent Dimming လည္း ပါ၀င္ဦးမွာပါ။
Nokia Smart TV ေလးမွာ JBL လည္းပါ၀င္ေနတဲ့အတြက္ေၾကာင့္ ရွင္းလင္းျပတ္သားတဲ့အသံ၊ bass သံမိုက္မိုက္၊ harmonic distortion နည္းနည္းနဲ႕ ခံစားနားဆင္ႏုိ္င္မွာပါ။ အသံထြက္ကို Dolby Audio ၊ Dolby Audio နဲ႕ DTS TruSurround တို႕က အေကာင္းဆံုးျဖန္႕က်က္ေပးမွာပါ။ 5.1 channel surround sound အတြက္ကေတာ့ ေအာက္ဘက္က 24-watt စပီကာေတြက တာ၀န္ယူပါလိမ့္မယ္။


Clear View and Clear Sound နည္းပညာကလည္း Nokia Smart TV ေပၚမွာ stream လုပ္တဲ့အခါ noise level ေတြကို ေလွ်ာ့ခ်ေပးပါတယ္။ Android 9 Pie ကို အေျချပဳထားတဲ့ Android TV OS ထည့္သြင္းထားျပီး Play Store နဲ႕ Google Assistant အသံုးျပဳႏုိ္င္မွာပါ။ Netflix, Hotstar နဲ႕ YouTube တို႕ကိုလည္း အသံုးျပဳႏိုင္မွာျဖစ္ပါတယ္။
အိႏိၵယမွာ Nokia Smart TV ေလးကို ၄၁၉၉၉ ရူပီးနဲ႕ ၀ယ္ယူူႏုိ္င္မွာပါ။ ဒီဇင္ဘာ၁၀ရက္ေန႕မွာ စတင္ေရာင္းခ်မွာျဖစ္ျပီးေတာ့ Flipkart ကေနပဲ ၀ယ္ယူႏုိင္မွာျဖစ္ပါတယ္။ HDFC Bank card ကိုင္ေဆာင္သူေတြကေတာ့ ၁၀ရာခုိင္ႏႈန္းေလွ်ာ့ေစ်းရရွိမွာပါ။

Ref : techradar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.