တစ်နာရီအတွင်း 4,500mAh ကို အားသွင်းနိုင်မယ့် ဖုန်း

0
526

[Unicode]

Redmi K30 မိတ်ဆက်ပွဲကတော့ တစ်ပတ်တောင်မလိုတော့ပါဘူး။ Redmi ဆီကနေ တိုက်ရိုက်သတင်းအသစ်တစ်ခုတော့ ထပ်ရထားပါတယ်။ official Redmi Weibo အကောင့်ကနေတင်ထားတာကတော့ အဲဒီဖုန်းလေးဟာ ဘတ်ထရီပမာဏများများစားစားထည့်သွင်းထားသလို မယုံနိုင်လောက်အောင် အားအမြန်သွင်းနိုင်ပါတယ်။
Redmi ရဲ့ကြေညာချက်ကသာ တိကျခဲ့မယ်ဆိုရင် Redmi K30 4,500mAh ဘတ်ထရီကို 30W အားသွင်းခေါင်းနဲ့သွင်းမယ်ဆိုရင် တစ်နာရီပဲကြာပါတယ်။ ဒီအချက်ကို လက်ခံဖို့အတွက်ကတော့ ကျွန်တော်တို့ စမ်းသပ်ရဦးမှာပါ။ ဒါပေမယ့်လည်း ထားလိုက်ပါဦး
Weibo post မှာပါခဲ့တဲ့ ပုံလေးကို အရင်ကြည့်ကြမယ်။


ယှဉ်ကြည့်ရမယ်ဆိုရင် ဒီနေ့ခေတ်ရဲ့ flagship အများစုဟာ ဘတ်ထရီပမာဏနည်းကြပါတယ်။ OnePlus 7 Pro ဆိုရင် 4,000mAh ၊ Samsung Galaxy Note 10 Plus က 4,300mAh နဲ့ Asus Zenfone 6 ကတော့ 5,000mAh နဲ့ ထိပ်ဆုံးမှာရပ်တည်နေပါတယ်။
ဘတ်ထရီပမာဏကပဲ အရေးကြီးတာမဟုတ်ပါဘူး။ တစ်နာရီတည်းနဲ့အားပြည့်တယ်ဆိုတာကလည်း အရေးပါတဲ့အချက်တစ်ခုပါ။ ခဏလေးအချိန်ပေးပြီး တစ်ရက်တာအသုံးပြုမှုအတွက် စိတ်ချရစေပါတယ်။
Redmi K30 ရဲ့ အချက်အလက်တွေကို ပြန်နွှေးပေးရမယ်ဆိုရင် 120Hz refresh rate နဲ့ 6.66-inch FHD+ display ပါမှာပါ။ Xiaomi ရဲ့ MIUI 11 လည်း သုံးနိုင်တော့မှာပါ။
5G ရနိုင်တယ်လို့ပြောထားပြီးတော့ ယှဉ်လိုက်ရင် ဈေးမကြီးတာကိုတွေ့ရပါလိမ့်မယ်။ ဈေးကွက်ထဲက ဈေးအသက်သာဆုံးသော 5G ဖုန်းမဖြစ်နိုင်ပေမယ့်လည်း သုံးပျော်ပါတယ်။

[Zawgyi]

Redmi K30 မိတ္ဆက္ပြဲကေတာ့ တစ္ပတ္ေတာင္မလိုေတာ့ပါဘူး။ Redmi ဆီကေန တုိက္ရုိက္သတင္းအသစ္တစ္ခုေတာ့ ထပ္ရထားပါတယ္။ official Redmi Weibo အေကာင့္ကေနတင္ထားတာကေတာ့ အဲဒီဖုန္းေလးဟာ ဘတ္ထရီပမာဏမ်ားမ်ားစားစားထည့္သြင္းထားသလို မယံုႏုိင္ေလာက္ေအာင္ အားအျမန္သြင္းႏုိင္ပါတယ္။
Redmi ရဲ႕ေၾကညာခ်က္ကသာ တိက်ခဲ့မယ္ဆုိရင္ Redmi K30 4,500mAh ဘတ္ထရီကို 30W အားသြင္းေခါင္းနဲ႕သြင္းမယ္ဆိုရင္ တစ္နာရီပဲၾကာပါတယ္။ ဒီအခ်က္ကို လက္ခံဖုိ႕အတြက္ကေတာ့ ကၽြန္ေတာ္တို႕ စမ္းသပ္ရဦးမွာပါ။ ဒါေပမယ့္လည္း ထားလိုက္ပါဦး
Weibo post မွာပါခဲ့တဲ့ ပံုေလးကို အရင္ၾကည့္ၾကမယ္။


ယွဥ္ၾကည့္ရမယ္ဆိုရင္ ဒီေန႕ေခတ္ရဲ႕ flagship အမ်ားစုဟာ ဘတ္ထရီပမာဏနည္းၾကပါတယ္။ OnePlus 7 Pro ဆိုရင္ 4,000mAh ၊ Samsung Galaxy Note 10 Plus က 4,300mAh နဲ႕ Asus Zenfone 6 ကေတာ့ 5,000mAh နဲ႕ ထိပ္ဆံုးမွာရပ္တည္ေနပါတယ္။
ဘတ္ထရီပမာဏကပဲ အေရးၾကီးတာမဟုတ္ပါဘူး။ တစ္နာရီတည္းနဲ႕အားျပည့္တယ္ဆိုတာကလည္း အေရးပါတဲ့အခ်က္တစ္ခုပါ။ ခဏေလးအခ်ိန္ေပးျပီး တစ္ရက္တာအသံုးျပဳမႈအတြက္ စိတ္ခ်ရေစပါတယ္။
Redmi K30 ရဲ႕ အခ်က္အလက္ေတြကို ျပန္ေႏႊးေပးရမယ္ဆုိရင္ 120Hz refresh rate နဲ႕ 6.66-inch FHD+ display ပါမွာပါ။ Xiaomi ရဲ႕ MIUI 11 လည္း သံုးႏုိင္ေတာ့မွာပါ။
5G ရႏုိ္င္တယ္လို႕ေျပာထားျပီးေတာ့ ယွဥ္လိုက္ရင္ ေစ်းမၾကီးတာကိုေတြ႕ရပါလိမ့္မယ္။ ေစ်းကြက္ထဲက ေစ်းအသက္သာဆံုးေသာ 5G ဖုန္းမျဖစ္ႏုိင္ေပမယ့္လည္း သံုးေပ်ာ္ပါတယ္။

Ref : androidauthority

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.