Samsung Galaxy S10 Lite က Galaxy S11 နဲ့ တော်တော်တူနေ

0
253

[Unicode]

Samsung Galaxy S10 Lite အတွက် ဖြစ်နိုင်တဲ့ဒီဇိုင်းတွေကို ကျွန်တော်တို့မြင်နေရပါပြီ။ Samsung Galaxy S10 ထက် Samsung Galaxy S11 ဘက်ကို ပိုသွားနေသလား ထင်မိတယ်။
91mobiles နဲ့ @OnLeaks တို့ရဲ့ပုံတွေကိုကြည့်လိုက်တဲ့အခါမှာ Samsung Galaxy S10 Lite ကို မျက်နှာပြင်အလယ်တည့်တည့်မှာ punch-hole ကင်မရာတစ်လုံးနဲ့ ဘေးဘောင်တွေပါးထားတာကို တွေ့ရမှာပါ။
ကျောဘက်ကိုလှည့်လိုက်တဲ့အခါမှာ glass နဲ့ပြုလုပ်ထားတဲ့ ကျောပြင်ထက်မှာ ကင်မရာအကွက်ကြီးက ဘယ်ဘက်ထိပ်နားမှာ ကြိုဆိုနေပါတယ်။ lens သုံးလုံး၊ လေးလုံး ဘယ်ဟာလဲမသေချာသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် zoom အတော်ကောင်းတဲ့ periscope lens တော့ ပါလိမ့်မယ်။
speaker grille ပါတဲ့ metal frame ၊ အောက်ဘက်မှာ USB-C port ၊ ညာဘက်မှာ ပါဝါနဲ့အသံခလုတ်၊ 3.5mm headphone port တော့ မပါဝင်ပါဘူး။


ဒီတစ်ခေါက်မြင်ရတဲ့ပုံကတော့ Samsung Galaxy A91 လို့ပြောထားပေမယ့်လည်း Samsung Galaxy S10 Lite လို့ ယူဆနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ region အပေါ်မူတည်ပြီးတော့ နာမည်ကွဲနိုင်တာပဲလေ။
Samsung Galaxy S10 Lite မှာ Snapdragon 855 chipset, 8GB RAM, 128GB storage, 6.7-inch Full HD+ AMOLED screen, 4,500mAh battery တို့နဲ့ 48MP main lens ပါဝင်မယ်လို့ ပြောနေကြပါတယ်။ တကယ်လို့သာဒီအချက်အလက်တွေသာ မှန်ကန်ခဲ့မယ်ဆိုရင် ‘Lite’ လို့သာပြောပေမယ့်လည်း high-end အချက်အလက်တွေနဲ့နော။
Galaxy S10 Lite ကို ဒီဇင်ဘာထဲမှာ မြင်ရလိမ့်မယ်လို့လည်း ပြောနေကြပါတယ်။ ဒါပေမယ့် ဈေးနှုန်းကိုတော့ အခုအချိန်ထိ မသိရသေးတာ ထူးဆန်းနေပါတယ်။

[Zawgyi]

Samsung Galaxy S10 Lite အတြက္ ျဖစ္ႏုိင္တဲ့ဒီဇုိင္းေတြကို ကၽြန္ေတာ္တို႕ျမင္ေနရပါျပီ။ Samsung Galaxy S10 ထက္ Samsung Galaxy S11 ဘက္ကို ပိုသြားေနသလား ထင္မိတယ္။
91mobiles နဲ႕ @OnLeaks တို႕ရဲ႕ပံုေတြကိုၾကည့္လုိက္တဲ့အခါမွာ Samsung Galaxy S10 Lite ကို မ်က္ႏွာျပင္အလယ္တည့္တည့္မွာ punch-hole ကင္မရာတစ္လံုးနဲ႕ ေဘးေဘာင္ေတြပါးထားတာကို ေတြ႕ရမွာပါ။
ေက်ာဘက္ကိုလွည့္လိုက္တဲ့အခါမွာ glass နဲ႕ျပဳလုပ္ထားတဲ့ ေက်ာျပင္ထက္မွာ ကင္မရာအကြက္ၾကီးက ဘယ္ဘက္ထိပ္နားမွာ ၾကိဳဆိုေနပါတယ္။ lens သံုးလံုး၊ ေလးလံုး ဘယ္ဟာလဲမေသခ်ာေသးပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ zoom အေတာ္ေကာင္းတဲ့ periscope lens ေတာ့ ပါလိမ့္မယ္။
speaker grille ပါတဲ့ metal frame ၊ ေအာက္ဘက္မွာ USB-C port ၊ ညာဘက္မွာ ပါ၀ါနဲ႕အသံခလုတ္၊ 3.5mm headphone port ေတာ့ မပါ၀င္ပါဘူး။


ဒီတစ္ေခါက္ျမင္ရတဲ့ပံုကေတာ့ Samsung Galaxy A91 လို႕ေျပာထားေပမယ့္လည္း Samsung Galaxy S10 Lite လို႕ ယူဆေနၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ region အေပၚမူတည္ျပီးေတာ့ နာမည္ကြဲႏုိင္တာပဲေလ။
Samsung Galaxy S10 Lite မွာ Snapdragon 855 chipset, 8GB RAM, 128GB storage, 6.7-inch Full HD+ AMOLED screen, 4,500mAh battery တို႕နဲ႕ 48MP main lens ပါ၀င္မယ္လို႕ ေျပာေနၾကပါတယ္။ တကယ္လို႕သာဒီအခ်က္အလက္ေတြသာ မွန္ကန္ခဲ့မယ္ဆိုရင္ ‘Lite’ လို႕သာေျပာေပမယ့္လည္း high-end အခ်က္အလက္ေတြနဲ႕ေနာ။
Galaxy S10 Lite ကို ဒီဇင္ဘာထဲမွာ ျမင္ရလိမ့္မယ္လို႕လည္း ေျပာေနၾကပါတယ္။ ဒါေပမယ့္ ေစ်းႏႈန္းကိုေတာ့ အခုအခ်ိန္ထိ မသိရေသးတာ ထူးဆန္းေနပါတယ္။

Ref : techradar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.