Portable ဘတ်ထရီ်နဲ့ Echo ကို Amazon ပြသ

0
112

[Unicode]

Amazon က portable Echo device တွေကို မထုတ်တော့ပေမယ့်လည်း အခြေအနေက ပြောင်းလဲသွားပြန်ပါပြီ။ Echo Input (Portable Smart Speaker Edition) ကို အိန္ဒိယဈေးကွက်အတွက် exclusive ထုတ်ပေးလိုက်ပါပြီ။ သူဟာ 360-degree sound ရှိပြီးတော့ 4800mAh ဘတ်ထရီပါဝင်တဲ့အတွက်ကြောင့် music playback တွေကို ဆယ်နာရီဆက်တိုက်နားဆင်နိုင်သလို standby life ကတော့ ၁၁နာရီရရှိမှာပါ။
Dongle လိုမျိုး Echo Input တွေနဲ့မတူတာက အဲဒီမော်ဒယ်လ်ဟာ Alexa ကို အသုံးပြုခွင့်ရမှာမဟုတ်ပါဘူး။ Portability ဖြစ်ဖို့ဆိုတာက အိန္ဒိယဈေးကွက်အတွက် အတောင်းဆိုခံရဆုံး feature လေးဖြစ်တယ်လို့လည်း ပြောပါတယ်။ Alexa ကို အိမ်အတွင်းမှာ အခန်းတစ်ခုကနေ တစ်ခုကို ကူးပြောင်းဖို့ တတ်နိုင်တော့မှာပါ။
Tap ကတော့ Alexa ဖွင့်ဖို့အတွက် ခလုတ်နှိပ်နေရပါသေးတယ်။ လက်ရှိမှာ ဥရောပနဲ့ မြောက်အမေရိကအတွက် portable Echo device တွေ မထုတ်လုပ်ပေးသေးပါဘူး။ ဒါပေမယ့်လည်း မကြာခင်မှာ ပြောင်းလဲလာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီစပီကာအသစ်လေးတွေကို အခြားဈေးကွက်မှာလည်း ရနိုင်လိမ့်မယ်လို့ ပြောခဲ့တဲ့အတွက်ကြောင့်ပါ။ Echo Input Portable Smart Speaker Edition ကို ၄၉၉၉ရူပီး ဒေါ်လာ၇၀နဲ့ ဒီဇင်ဘာ ၁၈ရက်နေ့မှာ ရနိုင်တော့မှာပါ။

[Zawgyi]


Ref : engadget

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.