McDonald ရဲ့ သုံးစွဲပြီးကော်ဖီခွံတွေကို ကားအစိတ်အပိုင်းအဖြစ် ပြန်သုံးမယ့် Ford

0
172
coffee beans roasted in a sack with scoop on wooden table background

[Unicode]

Ford နဲ့ McDonald တို့က ပရောဂျက်လေးတစ်ခုအတွက် ပူးပေါင်းလိုက်ကြပါတယ်။ စိတ်မပူပါနဲ့။ ကားမှာ McDonald လိုဂိုကြီးတပ်ပြီး ထုတ်လုပ်မှာမဟုတ်ပါဘူး။ သူတို့နှစ်ယောက်ပေါင်းပြီးတော့ ပတ်ဝန်းကျင်ထိန်းသိမ်းကြမှာပါ။ ဒီလိုလုပ်လိုက်ခြင်းက အစိတ်အပိုင်းတွေကို ၂၀%ပေါ့ပါးသွားစေမှာပါ။
Ford အနေနဲ့ ပဲပုပ်တို့၊ သစ်ပင်ရဲ့ဆဲလူးလို့စ် တွေကိုအသုံးပြုပြီးတော့ သူ့ရဲ့ယာဉ်တွေမှာ ပြန်လည်အသုံးပြုနိုင်တဲ့ပလတ်စတစ်တွေကို အသုံးပြုနေပြီးသားပါ။ အခုလည်း ကော်ဖီကစွန့်ပစ်ပစ္စည်းတွေကို အပူချိန်မြင့်မြင့်အောက်မှာ အောက်ဆီဂျင်နဲ့ အရောအနှောတွေကိုပေါင်းစပ်လိုက်ခြင်းအားဖြင့် ကားအတွက်အစိတ်အပိုင်းတွေကို ထုတ်လုပ်နိုင်တယ်ဆိုတာ သုတေသနအဖွဲ့က တင်ပြထားပါတယ်။ အဲဒီပစ္စည်းလေးတွေက ပုံစံအမျိုးမျိုးသွင်းလို့ရပါတယ်။ စမ်းသပ်နေစဉ်အတွင်းမှာ စွန့်ပစ်ပစ္စည်းနဲ့ပြုလုပ်ထားတဲ့ပစ္စည်းတွေက လက်ရှိသုံးနေတဲ့ပစ္စည်းတွေထက် ပိုကောင်းကြောင်းကို သက်သေပြနိုင်ခဲ့ကြပါတယ်။ စွမ်းအင်ခြွေတာတဲ့နေရာမှာ ၂၅% အထိ အထောက်အကူပြုပေးနိုင်ပါတယ်။
McDonald ကတော့ မြောက်အမေရိကမှ ကော်ဖီကရတဲ့စွန့်ပစ်ပစ္စည်းတွေကို ဒီပရောဂျက်မှာအသုံးပြုဖို့အတွက် မှန်းထားပါတယ်။ McDonald ဟာ တစ်နှစ်ကို ၆၂မီလျံပေါင်ချိန်လောက် စွန့်ပစ်နေတာပါ။ အဲဒီပစ္စည်းတွေကို လက်ရှိမှာ ကျောက်မီးသွေးတို့၊ ဥယျာဉ်ခြံမြေတွေအတွက် ပြန်လည်အသုံးပြုနေတာပါ။

[Zawgyi]

Ford နဲ႕ McDonald တို႕က ပေရာဂ်က္ေလးတစ္ခုအတြက္ ပူးေပါင္းလုိက္ၾကပါတယ္။ စိတ္မပူပါနဲ႕။ ကားမွာ McDonald လိုဂိုၾကီးတပ္ျပီး ထုတ္လုပ္မွာမဟုတ္ပါဘူး။ သူတို႕ႏွစ္ေယာက္ေပါင္းျပီးေတာ့ ပတ္၀န္းက်င္ထိန္းသိမ္းၾကမွာပါ။ ဒီလိုလုပ္လုိက္ျခင္းက အစိတ္အပိုင္းေတြကို ၂၀%ေပါ့ပါးသြားေစမွာပါ။
Ford အေနနဲ႕ ပဲပုပ္တို႕၊ သစ္ပင္ရဲ႕ဆဲလူးလို႕စ္ ေတြကိုအသံုးျပဳျပီးေတာ့ သူ႕ရဲ႕ယာဥ္ေတြမွာ ျပန္လည္အသံုးျပဳႏုိင္တဲ့ပလတ္စတစ္ေတြကို အသံုးျပဳေနျပီးသားပါ။ အခုလည္း ေကာ္ဖီကစြန္႔ပစ္ပစၥည္းေတြကို အပူခ်ိန္ျမင့္ျမင့္ေအာက္မွာ ေအာက္ဆီဂ်င္နဲ႕ အေရာအေႏွာေတြကိုေပါင္းစပ္လိုက္ျခင္းအားျဖင့္ ကားအတြက္အစိတ္အပိုင္းေတြကို ထုတ္လုပ္ႏုိင္တယ္ဆိုတာ သုေတသနအဖြဲ႕က တင္ျပထားပါတယ္။ အဲဒီပစၥည္းေလးေတြက ပံုစံအမ်ိဳးမ်ိဳးသြင္းလို႕ရပါတယ္။ စမ္းသပ္ေနစဥ္အတြင္းမွာ စြန္႕ပစ္ပစၥည္းနဲ႕ျပဳလုပ္ထားတဲ့ပစၥည္းေတြက လက္ရွိသံုးေနတဲ့ပစၥည္းေတြထက္ ပိုေကာင္းေၾကာင္းကို သက္ေသျပႏုိင္ခဲ့ၾကပါတယ္။ စြမ္းအင္ေျခြတာတဲ့ေနရာမွာ ၂၅% အထိ အေထာက္အကူျပဳေပးႏုိင္ပါတယ္။
McDonald ကေတာ့ ေျမာက္အေမရိကမွ ေကာ္ဖီကရတဲ့စြန္႕ပစ္ပစၥည္းေတြကို ဒီပေရာဂ်က္မွာအသံုးျပဳဖို႕အတြက္ မွန္းထားပါတယ္။ McDonald ဟာ တစ္ႏွစ္ကို ၆၂မီလ်ံေပါင္ခ်ိန္ေလာက္ စြန္႕ပစ္ေနတာပါ။ အဲဒီပစၥည္းေတြကို လက္ရွိမွာ ေက်ာက္မီးေသြးတို႕၊ ဥယ်ာဥ္ျခံေျမေတြအတြက္ ျပန္လည္အသံုးျပဳေနတာပါ။

Ref : engadget

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.