တစ်ချိန်တည်းမှာပဲ လက်ဗွေနှစ်ခုဖတ်နိုင်လောက်အောင် ကြီးမားတဲ့ Qualcomm 3D Sonic Max fingerprint scanner

0
283

[Unicode]

Galaxy S10 နဲ့ Galaxy Note10 fingerprint scanner တွေမှာ အခက်အခဲတွေဖြစ်ခဲ့ပြီးနောက်မှာ Samsung က နောက်နှစ် flagship တွေမှာ Qualcomm နည်းပညာကို မသုံးတော့ဘူးလို့ သတင်းတွေထွက်လာခဲ့ပါတယ်။
ဒါပေမယ့်လည်း Qualcomm ကတော့ Snapdragon Tech Summit 2019 မှာ သူ့ရဲ့ မျိုးဆက်သစ် fingerprint scanner ဖြစ်တဲ့ 3D Sonic Max ကို ပြသခဲ့ပါတယ်။
ဒါဟာ ကမ္ဘာအကြီးဆုံး sensor ဖြစ်ပြီး အရင်မျိုးဆက်ထက် ၁၇ဆ ပိုကြီးမားကြောင်း ပြောပြခဲ့ပါတယ်။ အဲဒီအရွယ်အစားကြောင့် တစ်ချိန်တည်းမှာပဲ လက်နှစ်ချောင်းကိုဖတ်နိုင်ပါတယ်။
3D Sonic Max ဟာ 20mm x 30mm (600 square millimeter area) အတိုင်းအတာရှိပြီးတော့ အရင်မျိုးဆက်ကတော့ 4mm x 9mm သာ ရှိပါတယ်။


ဒီအတွက် လုံခြုံမှုတိုးလာခြင်း၊ မြန်ဆန်တဲ့ဖတ်ကြားနိုင်မှု၊ လက်ဗွေနှစ်ခုနဲ့အတည်ပြုခြင်းတွေ၊ ထပ်ကာထပ်ကာထိနေစရာမလိုတော့ဘဲ တစ်ချက်တည်းနဲ့ပွင့်အောင် လုပ်ဆောင်နိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိမှာပါ။
3D Sonic Max fingerprint scanner လေးကို နောက်နှစ်ရဲ့ flagship တွေမှာ မြင်ဖို့အတွက်မှန်းထားတယ်ဆိုပေမယ့်လည်း Samsung က သုံးဦးမလားဆိုတာကတော့ မပြောနိုင်သေးပါဘူး။

[Zawgyi]

Galaxy S10 နဲ႕ Galaxy Note10 fingerprint scanner ေတြမွာ အခက္အခဲေတြျဖစ္ခဲ့ျပီးေနာက္မွာ Samsung က ေနာက္ႏွစ္ flagship ေတြမွာ Qualcomm နည္းပညာကို မသံုးေတာ့ဘူးလို႕ သတင္းေတြထြက္လာခဲ့ပါတယ္။
ဒါေပမယ့္လည္း Qualcomm ကေတာ့ Snapdragon Tech Summit 2019 မွာ သူ႕ရဲ႕ မ်ိဳးဆက္သစ္ fingerprint scanner ျဖစ္တဲ့ 3D Sonic Max ကို ျပသခဲ့ပါတယ္။
ဒါဟာ ကမာၻအၾကီးဆံုး sensor ျဖစ္ျပီး အရင္မ်ိဳးဆက္ထက္ ၁၇ဆ ပိုၾကီးမားေၾကာင္း ေျပာျပခဲ့ပါတယ္။ အဲဒီအရြယ္အစားေၾကာင့္ တစ္ခ်ိန္တည္းမွာပဲ လက္ႏွစ္ေခ်ာင္းကိုဖတ္ႏုိင္ပါတယ္။
3D Sonic Max ဟာ 20mm x 30mm (600 square millimeter area) အတုိင္းအတာရွိျပီးေတာ့ အရင္မ်ိဳးဆက္ကေတာ့ 4mm x 9mm သာ ရွိပါတယ္။


ဒီအတြက္ လံုျခံဳမႈတိုးလာျခင္း၊ ျမန္ဆန္တဲ့ဖတ္ၾကားႏုိင္မႈ၊ လက္ေဗြႏွစ္ခုနဲ႕အတည္ျပဳျခင္းေတြ၊ ထပ္ကာထပ္ကာထိေနစရာမလုိေတာ့ဘဲ တစ္ခ်က္တည္းနဲ႕ပြင့္ေအာင္္ လုပ္ေဆာင္ႏုိင္ျခင္း စတဲ့အက်ိဳးေက်းဇူးေတြ ရရွိမွာပါ။
3D Sonic Max fingerprint scanner ေလးကို ေနာက္ႏွစ္ရဲ႕ flagship ေတြမွာ ျမင္ဖို႕အတြက္မွန္းထားတယ္ဆိုေပမယ့္လည္း Samsung က သံုးဦးမလားဆုိတာကေတာ့ မေျပာႏုိင္ေသးပါဘူး။

Ref : pocketnow

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.