R&D လုပ်ငန်းတွေကို ကနေဒါမှာပြောင်းလဲလုပ်ကိုင်တော့မယ့် Huawei

0
191

[Unicode]

ယူအက်စ်မှာရှိနေတဲ့ R&D စင်တာကို ကနေဒါဆီ ပြောင်းဖို့အတွက် Huawei က ဆုံးဖြတ်လိုက်ပါတယ်။ ဒါက ယူအက်စ်အပေါ် မှီခိုနေရမှုကို လျှော့ချချင်လို့ဆိုတာ ထင်ရှားနေပါတယ်။
လက်ရှိမှာ ယူအက်စ်ရဲ့အမည်ပျက်စာရင်းသွင်းခံထားရတဲ့အတွက်ကြောင့် ယူအက်စ်ကလုပ်ငန်းတွေနဲ့ တွဲဖက်လုပ်ကိုင်ခွင့် ပိတ်ပင်ခံထားရပါတယ်။ Huawei ဘက်က ငြင်းဆိုထားပေမယ့်လည်း နည်းပညာအများစုကို သုံးစွဲခွင့်မရအောင် စည်းမျဉ်းတွေက ပိတ်ပင်ထားပါတယ်။
ကနေဒါက Globe & Mail သတင်းစာနဲ့ အင်တာဗျူးတစ်ခုမှာ Huawei ဥက္ကဌ Ren Zhengfei က အခုလိုပြောပါတယ်။ Silicon Valley အခြေစိုက်ထားတဲ့လုပ်ငန်းတွေကို ဥရောပဘက်မှာ ပြောင်းလဲလုပ်ကိုင်တော့မှာပါ။
Huawei Canada
Huawei အနေနဲ့ development နဲ့ production ကို ဖြစ်နိုင်သမျှ ကိုယ်တိုင်လုပ်ဆောင်ပြီးတော့ ယူအက်စ်ထုတ်ပစ္စည်းတွေကို ရှောင်တော့မှာပါ။ ဒီလိုလုပ်ဖို့အတွက် Android အစားထိုး in-house operating system တစ်ခုကိုလည်း ဖန်တီးဖို့ အားထုတ်ရဦးမှာပါ။ Google services နဲ့ applications တွေ မပါဝင်ခြင်းကြောင့် အနောက်နိုင်ငံတွေကို ထိုးဖောက်ဖို့အတွက် ခက်ခဲနေတုန်းပါပဲ။
သူ့ရဲ့ 5G hardware တွေကို ယူအက်စ်ထုတ်ပစ္စည်းတွေ မပါဝင်ဘဲ ထုတ်လုပ်သွားဖို့ရှိနေပြီးတော့ Huawei Mate 30 စမတ်ဖုန်းကိုလည်း အဲဒီလိုထုတ်လုပ်မှာပါ။
Ren အနေနဲ့ သူ့သမီးနဲ့ စီအီးအို Meng Wanzhou တို့ အဖမ်းခံထားရမှုကိုလည်း ဖြေရှင်းနေရပါသေးတယ်။
Meng ကို ၂၀၁၈ ဒီဇင်ဘာ၁ရက်နေ့ ကနေဒါမှာ အဖမ်းခံလိုက်ရတာဖြစ်ပြီးတော့ အလွဲသုံးစားမှုနဲ့ပါ။ အီရန်နဲ့ စီးပွားရေးလုပ်ခွင့်ပိတ်ပင်ထားခြင်းကို ရှောင်လွှဲဖို့အတွက် ကူညီတယ်လို့ စွပ်စွဲထားတာပါ။ တကယ်လို့များ သက်သေတွေရသွားခဲ့မယ်ဆိုရင် ဒီဖြစ်ရပ်မှာချိုးဖောက်ခဲ့ကြတဲ့ ဘဏ်အဖွဲ့အစည်းတွေပါ ထိခိုက်ကုန်မှာပါ။
ကနေဒါမှာ ကြားနာမှုပြုလုပ်ဖို့အတွက် ဇန်နဝါရီအထိ စောင့်ဆိုင်းနေရတာပါ။ Ren ကတော့ ဒီဖြစ်ရပ်ဟာ ယူအက်ရဲ့နိုင်ငံရေးကြားဝင်နှောင့်ယှက်မှုကြောင့်လို့ ပြောထားပါတယ်။
အဖမ်းခံရတဲ့တစ်နှစ်ပြည့်အနေနဲ့ အိတ်ဖွင့်စာရေးပေးခဲ့ပြီးတော့ Huawei ဝန်ထမ်းတွေနဲ့ ကနေဒါပြည်သူတွေရဲ့ ထောက်ပံ့မှုကို ကျေးဇူးတင်ခဲ့ပါတယ်။
ဒီနေရာမှာ ဒီလောက်ကြာအောင် နေမယ်လို့ မတွေးထားခဲ့မိပါဘူး။ ပြီးခဲ့တဲ့နှစ်ဟာ ကြောက်လန့်မှု၊ နာကျင်မှု၊ မကျေနပ်မှု၊ အကူအညီကင်းမဲ့မှု၊ ညှင်းပန်းမှု၊ ရုန်းကန်မှုတွေကို မြင်တွေခဲ့ရတယ်။ ကျွန်မရဲ့အခြေအနေကိုလက်ခံပြီး ရင်ဆိုင်နိုင်ဖို့အတွက်လည်း သင်ယူခဲ့ရပါတယ်။ ဘာမှန်းမသိတဲ့အရာကြီးကို ကြောက်လန့်မနေတော့ပါဘူး။ အားလုံးရဲ့ထောက်ပံ့မှုတွေနဲ့ အားပေးမှုတွေကို ကြားနေရလို့ပါ။
Huawei က မိတ်ဆွေတွေကလည်း Xinsheng Community မှာ ကျွန်မအကြောင်း တင်ကြတယ်။ ဒါတွေကိုမြင်နေရပါတယ်။ ခက်ခဲတဲ့အချိန်တွေမှာ ကျွန်မတို့ရဲ့ customer တွေနဲ့ supplier တွေက ယုံကြည်ပေးခဲ့ကြတယ်။ ထောက်ပံ့ပေးခဲ့ကြတယ်။ စောင့်ဆိုင်းပေးခဲ့ကြတယ်။ ဒါတွေက အလုပ်ကြိုးစားဖို့အတွက် ခွန်အားတွေပေးခဲ့သလိုပါပဲ။ တရားရုံးသွားမယ့်အချိန်ဆိုရင်လည်း လူအုပ်ကြီးက အပြင်မှာစောင့်နေကြတယ်။ ဒီဖြစ်ရပ်လေးတွေက ကျွန်မနှလုံးသားကို နွေးထွေးစေခဲ့တာ။

[Zawgyi]

ယူအက္စ္မွာရွိေနတဲ့ R&D စင္တာကို ကေနဒါဆီ ေျပာင္းဖို႕အတြက္ Huawei က ဆံုးျဖတ္လိုက္ပါတယ္။ ဒါက ယူအက္စ္အေပၚ မွီခိုေနရမႈကို ေလွ်ာ့ခ်ခ်င္လို႕ဆိုတာ ထင္ရွားေနပါတယ္။
လက္ရွိမွာ ယူအက္စ္ရဲ႕အမည္ပ်က္စာရင္းသြင္းခံထားရတဲ့အတြက္ေၾကာင့္ ယူအက္စ္ကလုပ္ငန္းေတြနဲ႕ တြဲဖက္လုပ္ကိုင္ခြင့္ ပိတ္ပင္ခံထားရပါတယ္။ Huawei ဘက္က ျငင္းဆိုထားေပမယ့္လည္း နည္းပညာအမ်ားစုကို သံုးစြဲခြင့္မရေအာင္ စည္းမ်ဥ္းေတြက ပိတ္ပင္ထားပါတယ္။
ကေနဒါက Globe & Mail သတင္းစာနဲ႕ အင္တာဗ်ဴးတစ္ခုမွာ Huawei ဥကၠဌ Ren Zhengfei က အခုလိုေျပာပါတယ္။ Silicon Valley အေျခစိုက္ထားတဲ့လုပ္ငန္းေတြကို ဥေရာပဘက္မွာ ေျပာင္းလဲလုပ္ကိုင္ေတာ့မွာပါ။
Huawei Canada
Huawei အေနနဲ႕ development နဲ႕ production ကို ျဖစ္ႏုိင္သမွ် ကိုယ္တုိင္လုပ္ေဆာင္ျပီးေတာ့ ယူအက္စ္ထုတ္ပစၥည္းေတြကို ေရွာင္ေတာ့မွာပါ။ ဒီလိုလုပ္ဖို႕အတြက္ Android အစားထိုး in-house operating system တစ္ခုကိုလည္း ဖန္တီးဖို႕ အားထုတ္ရဦးမွာပါ။ Google services နဲ႕ applications ေတြ မပါ၀င္ျခင္းေၾကာင့္ အေနာက္ႏုိင္ငံေတြကို ထိုးေဖာက္ဖို႕အတြက္ ခက္ခဲေနတုန္းပါပဲ။
သူ႕ရဲ႕ 5G hardware ေတြကို ယူအက္စ္ထုတ္ပစၥည္းေတြ မပါ၀င္ဘဲ ထုတ္လုပ္သြားဖို႕ရွိေနျပီးေတာ့ Huawei Mate 30 စမတ္ဖုန္းကိုလည္း အဲဒီလိုထုတ္လုပ္မွာပါ။
Ren အေနနဲ႕ သူ႕သမီးနဲ႕ စီအီးအို Meng Wanzhou တို႕ အဖမ္းခံထားရမႈကိုလည္း ေျဖရွင္းေနရပါေသးတယ္။
Meng ကို ၂၀၁၈ ဒီဇင္ဘာ၁ရက္ေန႕ ကေနဒါမွာ အဖမ္းခံလိုက္ရတာျဖစ္ျပီးေတာ့ အလြဲသံုးစားမႈနဲ႕ပါ။ အီရန္နဲ႕ စီးပြားေရးလုပ္ခြင့္ပိတ္ပင္ထားျခင္းကို ေရွာင္လႊဲဖုိ႕အတြက္ ကူညီတယ္လို႕ စြပ္စြဲထားတာပါ။ တကယ္လို႕မ်ား သက္ေသေတြရသြားခဲ့မယ္ဆုုိရင္ ဒီျဖစ္ရပ္မွာခ်ိဳးေဖာက္ခဲ့ၾကတဲ့ ဘဏ္အဖြဲ႕အစည္းေတြပါ ထိခိုက္ကုန္မွာပါ။
ကေနဒါမွာ ၾကားနာမႈျပဳလုပ္ဖုိ႕အတြက္ ဇန္န၀ါရီအထိ ေစာင့္ဆုိင္းေနရတာပါ။ Ren ကေတာ့ ဒီျဖစ္ရပ္ဟာ ယူအက္ရဲ႕ႏုိင္ငံေရးၾကား၀င္ေႏွာင့္ယွက္မႈေၾကာင့္လို႕ ေျပာထားပါတယ္။
အဖမ္းခံရတဲ့တစ္ႏွစ္ျပည့္အေနနဲ႕ အိတ္ဖြင့္စာေရးေပးခဲ့ျပီးေတာ့ Huawei ၀န္ထမ္းေတြနဲ႕ ကေနဒါျပည္သူေတြရဲ႕ ေထာက္ပံ့မႈကို ေက်းဇူးတင္ခဲ့ပါတယ္။
ဒီေနရာမွာ ဒီေလာက္ၾကာေအာင္ ေနမယ္လို႕ မေတြးထားခဲ့မိပါဘူး။ ျပီးခဲ့တဲ့ႏွစ္ဟာ ေၾကာက္လန္႕မႈ၊ နာက်င္မႈ၊ မေက်နပ္မႈ၊ အကူအညီကင္းမဲ့မႈ၊ ညွင္းပန္းမႈ၊ ရုန္းကန္မႈေတြကို ျမင္ေတြခဲ့ရတယ္။ ကၽြန္မရဲ႕အေျခအေနကိုလက္ခံျပီး ရင္ဆုိင္ႏုိင္ဖို႕အတြက္လည္္း သင္ယူခဲ့ရပါတယ္။ ဘာမွန္းမသိတဲ့အရာၾကီးကို ေၾကာက္လန္႕မေနေတာ့ပါဘူး။ အားလံုးရဲ႕ေထာက္ပံ့မႈေတြနဲ႕ အားေပးမႈေတြကို ၾကားေနရလို႕ပါ။
Huawei က မိတ္ေဆြေတြကလည္း Xinsheng Community မွာ ကၽြန္မအေၾကာင္း တင္ၾကတယ္။ ဒါေတြကိုျမင္ေနရပါတယ္။ ခက္ခဲတဲ့အခ်ိန္ေတြမွာ ကၽြန္မတို႕ရဲ႕ customer ေတြနဲ႕ supplier ေတြက ယံုၾကည္ေပးခဲ့ၾကတယ္။ ေထာက္ပံ့ေပးခဲ့ၾကတယ္။ ေစာင့္ဆုိင္းေပးခဲ့ၾကတယ္။ ဒါေတြက အလုပ္ၾကိဳးစားဖို႕အတြက္ ခြန္အားေတြေပးခဲ့သလိုပါပဲ။ တရားရံုးသြားမယ့္အခ်ိန္ဆိုရင္လည္း လူအုပ္ၾကီးက အျပင္မွာေစာင့္ေနၾကတယ္။ ဒီျဖစ္ရပ္ေလးေတြက ကၽြန္မႏွလံုးသားကို ေႏြးေထြးေစခဲ့တာ။

Ref : techcrunch

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.