၂၀၂၁မှစ တစ်နှစ်ကို iPhone နှစ်လုံးထွက်ရှိလာနိုင်

0
378

[Unicode]

Apple က တစ်နှစ်ကို iPhone မော်ဒယ်လ်အသစ်တစ်မျိုးကိုသာ မိတ်ဆက်လေ့ရှိတာ အားလုံးအသိပါပဲ။ စက်တင်ဘာလတိုင်းမှာ ဟန်းဆက်အသစ်တွေကို မြင်တွေ့ရလေ့ရှိပါတယ်။ ဒါပေမယ့်လည်း အကြာခင်မှာ တစ်နှစ်ကို မော်ဒယ်လ် သုံးမျိုးကနေ လေးမျိုးအထိမြင်တွေ့ရနိုင်ပြီး မိတ်ဆက်ပွဲနှစ်ခါလုပ်မယ်လို့ သတင်းတွေထွက်လာနေပါတယ်။
Apple ဟာ ၂၀၂၁နှစ်ဝက်မှာ iPhone မော်ဒယ်လ်တစ်စုံကို မိတ်ဆက်ပြီးတော့ နောက်တဝက်မှာ နောက်တစ်စုံကြေညာမယ်လို့ ပြောနေပါတယ်။
ဒီလိုအချိန်သတ်မှတ်လိုက်ခြင်းက ပြိုင်ဘက်ဖုန်းတွေရဲ့မိတ်ဆက်မှုတွေကို အကောင်းဆုံးယှဉ်ပြိုင်လာစေနိုင်တဲ့အတွက်ကြောင့် ဒီနည်းလမ်းကို ရှေ့လျှောက်အသုံးပြုသွားနိုင်တယ်လို့ ကြားထားပါတယ်။ ဒါဟာ Apple အနေနဲ့ ဈေးကွက်ရဲ့တုံ့ပြန်မှုကိုမြန်မြန်ဆန်ဆန် တုံ့ပြန်ထုတ်လုပ်နိုင်စေဖို့အတွက်လည်း အထောက်အကူပြုပါတယ်။

[Zawgyi]


Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.