သီချင်းနားထောင်ရင်း Airplane mode ဖွင့်ပါက Bluetooth မပိတ်တော့မယ့် Android 11 R

0
534

[Unicode]

airplane mode ကို ဖွင့်လိုက်ခြင်းက ဖုန်းကိုကွန်ရက်တိုင်းကနေ ဖြုတ်လိုက်ဖို့အလွယ်ကူဆုံးနဲ့ အမြန်ဆန်ဆုံးလို့ ပြောလို့ရပါတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ Bluetooth ပါပိတ်ပစ်လိုက်တာပါ။ ဒီတော့ သီချင်းနားထောင်နေတယ်ဆိုရင် Bluetooth ပြန်ဖွင့်ပြီးတော့မှ headphone ဖြစ်ဖြစ်၊ စပီကာဖြစ်ဖြစ်နဲ့ ပြန်ချိတ်ရပါတယ်။ Google ကတော့ ဒီဖြစ်ရပ်ကို Android 11 R မှာ ပြန်လည်ပြင်ဆင်ပေးဖို့ စီစဉ်ထားပုံရပါတယ်။
XDA Developer တွေက “Context-aware Bluetooth airplane mode” ဆိုတဲ့ ရှင်းပြချက်လေးကို တွေ့ခဲ့ပါတယ်။ အဲဒီစာသားလေးတွေအရ airplane modeဖွင့်ချိန်မှာ headphone ဒါမှမဟုတ် နားကြားကိရိယာလေးကို ဖုန်းနဲ့တပ်ဆင်ချိတ်ဆက်ထားမယ်ဆိုရင် Bluetooth ကို ပိတ်ပစ်မှာမဟုတ်ပါဘူး။ mobile radio နဲ့ Wi-Fi ပဲ ပိတ်ပေးမှာပါ။
media device တွေကို A2DP ဒါမှမဟုတ် hearing aid profile နဲ့ ချိတ်ဆက်ထားဖို့လိုအပ်ကြောင်းကိုလည်း ရှင်းလင်းပြောကြားထားပါတယ်။ ဒါပေမယ့် smartwatche ၊ fitness band တွေက Bluetooth ကရော အလိုအလျောက်ပိတ်နေဦးမလားဆိုတာကတော့ မသိရသေးပါဘူး။
Bluetooth headphone တွေရဲ့ သုံးစွဲမှုမြင့်တက်လာမှုကြောင့် ဒီလို feature လေးကို ထည့်သွင်းပေးလိုက်ရတာလို့လည်း မြင်မိပါတယ်။ မကြာခဏခရီးသွားတဲ့သူတွေ၊ ကွန်ရက်တွေကနေ ခဏတာရှောင်ထွက်ချင်တဲ့သူတွေအတွက် အသုံးတည့်လာတော့မှာပါ။

[Zawgyi]

airplane mode ကို ဖြင့္လိုက္ျခင္းက ဖုန္းကိုကြန္ရက္တုိ္င္းကေန ျဖဳတ္လုိက္ဖို႕အလြယ္ကူဆံုးနဲ႕ အျမန္ဆန္ဆံုးလို႕ ေျပာလို႕ရပါတယ္။ စိတ္မေကာင္းစရာတစ္ခုကေတာ့ Bluetooth ပါပိတ္ပစ္လိုက္တာပါ။ ဒီေတာ့ သီခ်င္းနားေထာင္ေနတယ္ဆိုရင္ Bluetooth ျပန္ဖြင့္ျပီးေတာ့မွ headphone ျဖစ္ျဖစ္၊ စပီကာျဖစ္ျဖစ္နဲ႕ ျပန္ခ်ိတ္ရပါတယ္။ Google ကေတာ့ ဒီျဖစ္ရပ္ကို Android 11 R မွာ ျပန္လည္ျပင္ဆင္ေပးဖို႕ စီစဥ္ထားပံုရပါတယ္။
XDA Developer ေတြက “Context-aware Bluetooth airplane mode” ဆိုတဲ့ ရွင္းျပခ်က္ေလးကို ေတြ႕ခဲ့ပါတယ္။ အဲဒီစာသားေလးေတြအရ airplane modeဖြင့္ခ်ိန္မွာ headphone ဒါမွမဟုတ္ နားၾကားကိရိယာေလးကို ဖုန္းနဲ႕တပ္ဆင္ခ်ိတ္ဆက္ထားမယ္ဆိုရင္ Bluetooth ကို ပိတ္ပစ္မွာမဟုတ္ပါဘူး။ mobile radio နဲ႕ Wi-Fi ပဲ ပိတ္ေပးမွာပါ။
media device ေတြကို A2DP ဒါမွမဟုတ္ hearing aid profile နဲ႕ ခ်ိတ္ဆက္ထားဖို႕လိုအပ္ေၾကာင္းကိုလည္း ရွင္းလင္းေျပာၾကားထားပါတယ္။ ဒါေပမယ့္ smartwatche ၊ fitness band ေတြက Bluetooth ကေရာ အလုိအေလ်ာက္ပိတ္ေနဦးမလားဆိုတာကေတာ့ မသိရေသးပါဘူး။
Bluetooth headphone ေတြရဲ႕ သံုးစြဲမႈျမင့္တက္လာမႈေၾကာင့္ ဒီလို feature ေလးကို ထည့္သြင္းေပးလိုက္ရတာလို႕လည္း ျမင္မိပါတယ္။ မၾကာခဏခရီးသြားတဲ့သူေတြ၊ ကြန္ရက္ေတြကေန ခဏတာေရွာင္ထြက္ခ်င္တဲ့သူေတြအတြက္ အသံုးတည့္လာေတာ့မွာပါ။

Ref : androidpolice

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.