မျိုးဆက်သစ် screen နဲ့ chipset တို့ကိုအသုံးပြုထားနိုင်သည့် 2020 iPad Pro 12.9

0
164

[Unicode]

Apple ရဲ့ iPad Pro range ဟာ ၂၀၂၀မှာ တကယ့်ကို upgrade ဖြစ်လာမယ်လို့ ပြောနေပါတယ်။ iPad Pro အသစ်မှာ mini-LED screen နဲ့ A14X chipset သုံးထားမယ်လို့ ပြောနေကြပါပြီ။
ဒီအကြောင်းကိုတော့ Ming-Chi Kuo ကပြောခဲ့တာပါ။ screen ဟာ ၁၂.၉လက်မရှိနိုင်ပြီးတော့ ၂၀၂၀ တတိယကွာတားလောက်မှာ အဲဒီတက်ဘလက်လေးကို မြင်တွေ့ရနိုင်တယ်လို့ ပြောခဲ့ပါသေးတယ်။
ဒါက သတင်းအသစ်တော့မဟုတ်ပါဘူး။ အရင်တုန်းကလည်း iPad Pro ကို mini-LED screen နဲ့ တွေ့မြင်ရလိမ့်မယ်လို့ ပြောခဲ့ဖူးပါတယ်။ OLED ထက် ပိုမိုပါးလွှာ၊ ပေါ့ပါးတဲ့မျက်နှာပြင်တွေ မြင်တွေ့ရတော့မှာပါ။
နောက်ဆုံးရသတင်းတွေအရ mini-LED display လေးဟာ entertainment experience ကောင်းကောင်းပေးစွမ်းနိုင်လိမ့်မယ်လို့ ပြောထားပေမယ့်လည်း ဘယ်လိုပေးစွမ်းနိုင်မယ်ဆိုတာကိုတော့ ရှင်းလင်းမထားသေးပါဘူး။
ဒီမှာကြားရတဲ့သတင်းအသစ်ကတော့ ၂၀၂၀နှောင်းပိုင်း ဒါမှမဟုတ် ၂၀၂၁ အစောပိုင်းမှာ တွေ့မြင်ရတယ်ဆိုတာပါပဲ။ A14X chipset ကလည်း အသစ်စက်စက်ဖြစ်တာမို့ အံ့သြစရာတော့မကောင်းတော့ပါဘူး။
iPad Pro နှစ်မျိုး
နောက်ထပ်စိတ်ဝင်စားစရာကောင်းတာတစ်ခုက ပထမဆုံး iPad Pro မော်ဒယ်လ်အသစ်တစ်မျိုးကို ၂၀၂၀ ပထမကွာတားလောက်မှာ တွေ့မြင်ရလိမ့်မယ်လို့ ပြောတာပါ။
နောက်နှစ်မှာ iPad Pro နှစ်လုံးထွက်ရှိမယ်လို့ ယုံကြည်နေဆဲပါပဲ။ ပထမဆုံးတစ်လုံးကတော့ minor upgrade ဖြစ်တာမို့ ၁၁လက်မ iPad Pro 11 (2018) ဖြစ်နိုင်ပါတယ်။ နောက်မှ ၁၂.၉လက်မ mini-LED screen ကို မြင်တွေ့ရနိုင်လောက်ပါတယ်။
iPad Pro အသစ်ကို အရွယ်အစားမျိုးစုံနဲ့ ထုတ်လုပ်ပေမယ့်လည်း အတူတူကြေညာခဲ့ဖူးတာပါ။ နောက်ပိုင်းမှာတော့ တစ်နှစ်ကို iPhone နှစ်လုံးထွက်ရှိတော့မယ်လို့ ကြားထားတာမို့ iPad Pro လည်း နှစ်လုံးထွက်မယ်ဆိုတာ ဖြစ်နိုင်တဲ့သတင်းပါ။ တကယ်လို့များ ၂၀၂၀မှာ နှစ်လုံးထွက်ခဲ့ရင်တော့ ပုံမှန်မဟုတ်တော့ပါဘူး။

[Zawgyi]

iPad Pro နှစ်မျိုး

Ref : techradar

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.