HUAWEI Nova 6 5G ကို ကိုင်သုံးထားတဲ့ပုံရိပ်များ ထွက်ပေါ်လာ

0
334

[Unicode]

HUAWEI Nove 6 5G ရဲ့ ပေါက်ကြားလာတဲ့ လက်တွေ့ပုံရိပ်လေးတွေကို ကြည့်လိုက်ပါဦး။ တကယ့်ကိုပဲ အရှေ့ဘက်မှာ ကင်မရာနှစ်လုံး၊ အနောက်ဘက်မှာ ကင်မရာလေးလုံး မြင်ရလိမ့်မယ်။
HUAWEI Nova 6 5G ကို Nova 5T ကြေညာပြီး မကြာခင်မှာပဲ ပေါက်ကြားမှုတွေနဲ့အတူ တွေ့မြင်လာရပါတယ်။ တကယ်လို့များ ပေါက်ကြားလာတဲ့ပုံရိပ်တွေကသာ သေချာစစ်မှန်တယ်ဆိုရင်တော့ မကြာခင်ပဲ တွေ့မြင်ရတော့မှာပါ။ Weibo မှာ ပို့စ်တင်ထားတာကို တွေ့မြင်ခဲ့တာဖြစ်ပြီး Nova 6 လို့ ခန့်မှန်းထားကြပါတယ်။


ဒီဖုန်းလေးကို နိုဝင်ဘာမှာထွက်ရှိမယ်လို့သတင်းတွေထွက်ခဲ့ပေမယ့်လည်း မထွက်လာခဲ့ပါဘူး။ HUAWEI ကသာ ဒီနှစ်ထဲမှာ ထွက်ချင်တယ်ဆိုမှ ဒီဇင်ဘာကလည်း မျှော်လင့်လို့ရမှာပါ။
သတင်းတွေအရဆိုရင်တော့ 6.4-inch FHD+ display, Kirin 990 chip, 8GB of memory နဲ့ 256GB storage အထိလို့ ကြားထားပါတယ်။
ကင်မရာပိုင်းအရဆိုရင်တော့ 60MP+12MP+2MP+2MP လေးလုံး ၊ 32MP+8MP ကို အရှေ့ဘက်မှာ တွေ့မြင်နိုင်မှာပါ။ ပုံထဲမှာ အထင်းသားမြင်နိုင်ပါတယ်။
HUAWEI Nova 6 5G ကတော့ အောက်တိုဘာလကတည်းက သတင်းခေါင်းစီးကို နေရာယူထားပါတယ်။ အခုပုံလေးကတော့ အပြာရောင်လေးဖြစ်ပေမယ့်လည်း အနီရောင်ထပ်ပြီး မြင်တွေ့ရမယ်လို့ ခန့်မှန်းထားပါတယ်။

[Zawgyi]




Ref : pocketnow

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.