Facebook ရဲ့ ဓါတ်ပုံနဲ့ဗွီဒီယိုတွေကို Google Photos ပေါ်ပြောင်းပေးနိုင်သည့် tool အသစ်တစ်ခု

0
184
Attendees stick notes on a Facebook logo at F8, the Facebook's developer conference, Tuesday, April 30, 2019, in San Jose, Calif. (AP Photo/Tony Avelar )

[Unicode]

တစ်ခုချင်းစီကို ပြန်သိမ်းပြီးတင်နေရတာမဟုတ်တော့ဘဲ အစုလိုက်အပုံလိုက် ပြောင်းနိုင်ပြီဆိုတော့ Facebook သုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ဒေတာတွေကို ထိန်းချုပ်နိုင်စွမ်းပိုမိုရရှိတော့မှာပါ။
Feature အသစ်လေးကြောင့် Facebook ပေါ်ကဗွီဒီယိုနဲ့ဓါတ်ပုံတွေကို အခြားသော online service တွေဖြစ်တဲ့ Google Photos လိုမျိုးပေါ်ကို တင်နိုင်တော့မှာပါ။ Google, Microsoft, Facebook နဲ့ Twitter တို့ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ Data Transfer Project ရဲ့ အပိုင်းတစ်ခုသာ ဖြစ်ပါတယ်။ သူတို့ဝန်ဆောင်မှုအချင်းချင်း ဒေတာပြောင်းလဲရတာလွယ်ကူဖို့အတွက် လုပ်ဆောင်နေကြတာဖြစ်ပါတယ်။
ယူအက်စ်လွှတ်တော်အမတ်သုံးဦးက လူမှုကွန်ရက်လုပ်ငန်းတွေအနေနဲ့ သုံးစွဲသူတွေကို သူတို့ရဲ့ဒေတာတွေ platform တစ်ခုကနေတစ်ခုကို ကူးပြောင်းခွင့်ပေးသင့်တယ်လို့ အဆိုတင်သွင်းခဲ့ပါတယ်။ မနှစ်တုန်းက Instagram ကလည်း ဒီလိုလုပ်ရပ်ကို လုပ်ဆောင်ပေးမယ်လို့ အတည်ပြုထားခဲ့ပါတယ်။
ဒီလိုလုပ်ဆောင်ချက်အသစ်လေးကိုတော့ အိုင်ယာလန်ကသုံးစွဲသူတွေက အရင်ဆုံး ရရှိမှာဖြစ်ပါတတယ်။ ၂၀၂၀လောက်မှ ကမ္ဘာအနှံ့သုံးစွဲခွင့်ရရှိမှာဖြစ်ပါတယ်။ အသုံးပြုဖို့အတွက် Facebook settings ထဲက Your Facebook Information ကို သွားရောက်ရမှာပါ။

[Zawgyi]


Ref : engadget

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.