[Unicode]
Apple, Samsung နဲ့ အခြားသောနည်းပညာလုပ်ငန်းတွေအနေနဲ့911 ကို အလိုအလျောက်ခေါ်နိုင်တဲ့ feature မထည့်ခင်မှာ အရေးပေါ်ဝန်ဆောင်မှုတွေနဲ့ ဆွေးနွေးရတော့မှာပါ။ ဒါကတော့ နိုင်ငံပေါင်း ၈၀ကျော်က အရေးပေါ်ဝန်ဆောင်မှု ၁၅၀၀ လောက်ကို ကိုယ်စားပြုနေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ EENA က ပြောလိုက်တာပါ။
Apple Watch ပေါ်က Fall Detection ၊ iPhone ပေါ်က Auto-call လိုမျိုး feature တွေက တကယ့်ကိုကောင်းမွန်စွာ လုပ်ဆောင်ပေးမယ့်လည်း၊ အသက်တွေကို ကယ်ဆယ်ပေးနိုင်ပေမယ့်လည်း အသက်ပေးလိုက်ရတာတွေ ရှိနေပါသတဲ့။
EENA က သတင်းကောင်းလေးကို တွစ်တာပေါ်မှာ တင်ခဲ့ပါတယ်။
အသက်၈၀အရွယ်အမျိုးသမီးကြီးတစ်ဦးဟာ ဂျာမနီကသူမရဲ့အိမ်မှာ တစ်ယောက်တည်းရှိနေတုန်း ချော်လဲပါတယ်။ သူမရဲ့ watch လေးက ဒါကိုသိရှိတဲ့အပြင် အရေးပေါ်ဝန်ဆောင်မှုကိုလှမ်းခေါ်ပေးနိုင်ခဲ့လို့ သူမရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒီနည်းပညာရဲ့တစ်ဘက်မှာလည်း အားနည်းချက်တွေရှိလို့နေပါတယ်။
နိုဝင်ဘာလတုန်းက တည်နေရာအချို့နဲ့အတူ အလိုအလျောက်သတင်းပေးပို့မှုတစ်ခုကို အရေးပေါ်ဝန်ဆောင်မှုတစ်ခုက လက်ခံရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီနေရာကိုရောက်သွားချိန်မှာ ဘာမှမရှိပါဘူး။
သူတို့စိတ်တွေကို ဒုံးဒုံးမချနိုင်ခဲ့ကြသေးပါဘူး။ တကယ်လို့များ အဲဒီနေရာမှာ တစ်ခုခုသာဖြစ်ခဲ့မယ်ဆိုရင်ဆိုတဲ့စိတ်က လွှမ်းမိုးနေကြပါတယ်။ ဒါပေမယ့်လည်း သူတို့ရရှိခဲ့တဲ့အချက်အလက်က မတိကျတာလား။ ဒါမှမဟုတ် အပြည့်အစုံမပါတာများလား။ တကယ်လို့များ အကူအညီလိုနေတဲ့သူရှိပြီးတော့ မရောက်နိုင်ခဲ့ရင် ဘာတွေဖြစ်သွားမလဲ။
အဲဒီလို feature တွေနဲ့ပတ်သတ်လို့ အကြီးမားဆုံးပြစ်ချက်ကတော့ အများပြည်သူကို မိတ်မဆက်ခင်မှာ အရေးပေါ်ဝန်ဆောင်မှုတွေနဲ့ ဆွေးနွေးတိုင်ပင်ခြင်းမရှိတာပဲလို့ EENA က ပြောလိုက်ပါတယ်။ ဒါကြောင့် နှစ်ဖက်လုံးမှာ ဆိုးရွားတာတွေ ဖြစ်လာတာပါ။ သတင်းအမှားတွေဖြစ်စေတယ်။ တကယ်အကူအညီလိုနေတဲ့သူဆီကို မရောက်နိုင်တော့ဘူး။
Weable အတော်များများမှာ အရေးပေါ်ဝန်ဆောင်မှုတွေကို ချိတ်ဆက်ပေးနိုင်တဲ့ဝန်ဆောင်မှုတွေ ထည့်သွင်းလာကြပါတယ်။ ဒါပေမယ့်လည်း အဲဒီအရေးပေါ်ဝန်ဆောင်မှုတွေက ထုတ်လုပ်နေစဉ်မှာ ချိတ်ဆက်ထားခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ဆက်သွယ်တဲ့နေရာမှာ ချို့ယွင်းချက်တွေ ဖြစ်လာစေနိုင်တယ်။
တကယ်လို့များ စဉ်းစားကြည့်ရအောင် နိုင်ငံခြားဘာသာစကားနဲ့ မက်ဆေ့ချ်တွေဝင်လာခြင်းကလည်း စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပါတယ်။ မက်ဆေ့ချ်တွေက ဘယ်လိုနှောင့်နှေးနိုင်တယ်၊ ဘယ်လိုဘယ်ညာဆိုတာမျိုးကို ကြိုတင်တိုင်ပင်ထားခြင်း မရှိတော့ အခက်တွေ့ပါတယ်။ မြို့သူမြို့သားတွေက အန္တရာယ်ရှိနေချိန်မှာ ဘယ်လိုတုံ့ပြန်မရမလဲဆိုတာ သူတို့မသိကြတော့ပါဘူး။
ဒါကြောင့်မို့ ကြိုတင်တိုင်ပင်ထားဖို့ပြောတာပါ။
[Zawgyi]
Apple, Samsung နဲ႕ အျခားေသာနည္းပညာလုပ္ငန္းေတြအေနနဲ႕911 ကို အလိုအေလ်ာက္ေခၚႏုိင္တဲ့ feature မထည့္ခင္မွာ အေရးေပၚ၀န္ေဆာင္မႈေတြနဲ႕ ေဆြးေႏြးရေတာ့မွာပါ။ ဒါကေတာ့ ႏုိင္ငံေပါင္း ၈၀ေက်ာ္က အေရးေပၚ၀န္ေဆာင္မႈ ၁၅၀၀ ေလာက္ကို ကိုယ္္စားျပဳေနတဲ့အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ EENA က ေျပာလိုက္တာပါ။
Apple Watch ေပၚက Fall Detection ၊ iPhone ေပၚက Auto-call လိုမ်ိဳး feature ေတြက တကယ့္ကိုေကာင္းမြန္စြာ လုပ္ေဆာင္ေပးမယ့္လည္း၊ အသက္ေတြကို ကယ္ဆယ္ေပးႏုိင္ေပမယ့္လည္း အသက္ေပးလုိက္ရတာေတြ ရွိေနပါသတဲ့။
EENA က သတင္းေကာင္းေလးကို တြစ္တာေပၚမွာ တင္ခဲ့ပါတယ္။
အသက္၈၀အရြယ္အမ်ိဳးသမီးၾကီးတစ္ဦးဟာ ဂ်ာမနီကသူမရဲ႕အိမ္မွာ တစ္ေယာက္တည္းရွိေနတုန္း ေခ်ာ္လဲပါတယ္။ သူမရဲ႕ watch ေလးက ဒါကိုသိရွိတဲ့အျပင္ အေရးေပၚ၀န္ေဆာင္မႈကိုလွမ္းေခၚေပးႏုိင္ခဲ့လို႕ သူမရဲ႕အသက္ကိုကယ္တင္ႏုိင္ခဲ့ပါတယ္။
ဒါေပမယ့္လည္း ဒီနည္းပညာရဲ႕တစ္ဘက္မွာလည္း အားနည္းခ်က္ေတြရွိလို႕ေနပါတယ္။
ႏို၀င္ဘာလတုန္းက တည္ေနရာအခ်ိဳ႕နဲ႕အတူ အလုိအေလ်ာက္သတင္းေပးပို႕မႈတစ္ခုကို အေရးေပၚ၀န္ေဆာင္မႈတစ္ခုက လက္ခံရရွိခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲဒီေနရာကိုေရာက္သြားခ်ိန္မွာ ဘာမွမရွိပါဘူး။
သူတုိ႕စိတ္ေတြကို ဒံုးဒံုးမခ်ႏုိင္ခဲ့ၾကေသးပါဘူး။ တကယ္လို႕မ်ား အဲဒီေနရာမွာ တစ္ခုခုသာျဖစ္ခဲ့မယ္ဆိုရင္ဆိုတဲ့စိတ္က လႊမ္းမိုးေနၾကပါတယ္။ ဒါေပမယ့္လည္း သူတို႕ရရွိခဲ့တဲ့အခ်က္အလက္က မတိက်တာလား။ ဒါမွမဟုတ္ အျပည့္အစံုမပါတာမ်ားလား။ တကယ္လို႕မ်ား အကူအညီလိုေနတဲ့သူရွိျပီးေတာ့ မေရာက္နုိင္ခဲ့ရင္ ဘာေတြျဖစ္သြားမလဲ။
အဲဒီလို feature ေတြနဲ႕ပတ္သတ္လို႕ အၾကီးမားဆံုးျပစ္ခ်က္ကေတာ့ အမ်ားျပည္သူကို မိတ္မဆက္ခင္မွာ အေရးေပၚ၀န္ေဆာင္မႈေတြနဲ႕ ေဆြးေႏြးတုိင္ပင္ျခင္းမရွိတာပဲလို႕ EENA က ေျပာလိုက္ပါတယ္။ ဒါေၾကာင့္ ႏွစ္ဖက္လံုးမွာ ဆိုုးရြားတာေတြ ျဖစ္လာတာပါ။ သတင္းအမွားေတြျဖစ္ေစတယ္။ တကယ္အကူအညီလိုေနတဲ့သူဆီကို မေရာက္ႏုိင္ေတာ့ဘူး။
Weable အေတာ္မ်ားမ်ားမွာ အေရးေပၚ၀န္ေဆာင္မႈေတြကို ခ်ိတ္ဆက္ေပးႏုိင္တဲ့၀န္ေဆာင္မႈေတြ ထည့္သြင္းလာၾကပါတယ္။ ဒါေပမယ့္လည္း အဲဒီအေရးေပၚ၀န္ေဆာင္မႈေတြက ထုတ္လုပ္ေနစဥ္မွာ ခ်ိတ္ဆက္ထားျခင္း မရွိခဲ့ပါဘူး။ ဒါေၾကာင့္ ဆက္သြယ္တဲ့ေနရာမွာ ခ်ိဳ႕ယြင္းခ်က္ေတြ ျဖစ္လာေစႏုိင္တယ္။
တကယ္လို႕မ်ား စဥ္းစားၾကည့္ရေအာင္ ႏုိင္ငံျခားဘာသာစကားနဲ႕ မက္ေဆ့ခ်္ေတြ၀င္လာျခင္းကလည္း စိတ္အေႏွာင့္အယွက္ျဖစ္စရာေကာင္းပါတယ္။ မက္ေဆ့ခ်္ေတြက ဘယ္လိုေႏွာင့္ေႏွးႏုိင္တယ္၊ ဘယ္လိုဘယ္ညာဆိုတာမ်ိဳးကို ၾကိဳတင္တုိင္ပင္ထားျခင္း မရွိေတာ့ အခက္ေတြ႕ပါတယ္။ ျမိဳ႕သူျမိဳ႕သားေတြက အႏၱရာယ္ရွိေနခ်ိန္မွာ ဘယ္လိုတံု႕ျပန္မရမလဲဆိုတာ သူတို႕မသိၾကေတာ့ပါဘူး။
ဒါေၾကာင့္မို႕ ၾကိဳတင္တုိင္ပင္ထားဖို႕ေျပာတာပါ။
Ref : 9to5mac