သုံးလအတွင်း Redmi Note 8 အလုံးရေ ၁၀မီလျံ ရောင်းချရ

0
199

[Unicode]

Redmi Note 8 ကို သြဂုတ် ၂၉ရက်နေ့တုန်းက တရားဝင်မိတ်ဆက်ခဲ့တာပါ။ Redmi Note 8 နဲ့ Redmi Note 8 Pro ကိုတော့ ချက်ချင်းဆိုသလို ရောင်းချခဲ့ပြီး အခုဆို ၁၀မီလျံရောင်းချပြီးပါပြီ။
ဒီလိုရောင်းချရမှုကို ဆင်နွှဲတဲ့အနေနဲ့ Redmi Note 8 ကို ဈေးလျှော့ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း တရုတ်နိုင်ငံအတွက်သာဖြစ်ပြီးတော့ 6/128 GB တစ်မျိုးတည်းပါပဲ။
သူ့တစ်ခုတည်းကြည့်မယ်ဆိုရင်တောင် အထင်ကြီးစရာကောင်းနေပေမယ့်လည်း Redmi Note7 ရောင်းအားနဲ့ယှဉ်လိုက်တဲ့အခါမှာတော့ သူ့ထက် ရက်၃၀မြန်ဆန်စွာ ရောင်းချနိုင်ခဲ့တာကို တွေ့ရမှာပါ။ တစ်ရက်ကို အလုံးရေ ၁၁၀ ၀၀၀ ရောင်းချခဲ့ရတာလို့လည်း ကြေညာထားပါသေးတယ်။


ဒီလိုအောင်မြင်မှုစိုက်ထူနိုင်ခဲ့တဲ့အတွက်ကြောင့် Redmi K30 ကို အာရုံစိုက်နေကြပါပြီ။
Redmi K30 နဲ့ Redmi K30 Pro ကိုလည်း မကြာခင်မှာတွေ့မြင်ရတော့မှာဖြစ်ပြီး Redmi K30 Pro ဟာ 5G ရရှိသလို အားအမြန်သွင်းစနစ်လည်း ပိုမိုကောင်းမွန်လာမယ်လို့ ပြောနေကြပါတယ်။

[Zawgyi]




Ref : gsmarena

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.